နန်းချလိုက်

6.9K 694 6
                                    

Zawgyi

"တော်စမ်း"

"အ..အရှင်မင်းကြီး…"

ရှင်းရှင်းအပါအဝင် အစေခံတွေရော ကြင်ယာတော်ကျင်းပါ ဒူးထောက်ချလိုက်သည်။

ကြင်ယာတော်ကျင်းကတော့ အမျက်ရှမှာကြောက်တော့ ကြောက်ဒူးတုန်နေတာပေါ့။ ကိုယ်တွေရဲ့ရှင်းရှင်းကတော့ အနှိမ်ခံရတယ်ဆိုတော့ ဝမ်းပန်းတနည်းနဲ့ အသံတိတ်မျက်ရည်တွေ ကျနေတာပေါ့။

"ကြင်ယာတော်ကျင်း မင်းစကားတွေက ဘယ်အတိုင်းအတာထိရောက်နေပြီလဲဆိုတာ သိသေးရဲ့လား"

"အရှင်မင်းကြီး ကြင်ယာတော်စုက ကျမရဲ့သခင်မကို အရင်မလေးမစားပြောခဲ့တာပါ အရှင်"

"ဘယ်လိုပြောခဲ့တာလဲ?"

ကျင်းယန်ရဲ့အစေခံက ဘုရင်က နောက်ဆုံးစကားတွေကိုပဲ ကြားလိုက်သည်ဟု ယုံကြည်လိုက်သည်။ ပြီးတော့ ဘုရင်က သူ့သခင်မရဲ့ငယ်သူငယ်ချင်းဆိုတော့ သူမကိုယုံကြည်မယ်လို့ပဲ ထင်လိုက်သည်။

"ကြင်ယာတော်စုက ကျမရဲ့သခင်မကို သူ့ထက်အဆင့်နိမ့်တယ်ဆိုပြီး ပြောပါတယ်။ ဒါ့အပြင် သူမက မင်းသမီးတစ်ပါးမို့လို့ ဒီတိုင်းပြည်ရဲ့အမတ်ချုပ်ကြီးတစ်ယောက်ရဲ့သမီးက သူမကို လုံးဝဦးညွှတ်ရမယ်လို့ ပြောပါတယ်"

"အဲဒါက အမှန်ပဲမဟုတ်လား"

ချင်ရှန်းရဲ့စကားကြောင့် ကြင်ယာတော်ကျင်းရဲ့အစေခံမမျက်လုံးပြူးသွားကာ ကြင်ယာတော်ကျင်းရဲ့မျက်နှာကတော့ ဖြူလျော့သွားလေသည်။

"အရှင်.အရှင်မင်းကြီး ကျ.ကျတော်မျိုးမ.."

"တော်ပြီ ကျင်းယန်။ မင်းကို ငါကိုယ်တော်ရဲ့ငယ်သူငယ်ချင်းမို့လို့ မျက်နှာသာပေးခဲ့တာ မင်းက ငါ့မိဖုရားဖြစ်ဖို့ အလိုကြီးနေမှန်းငါမသိခဲ့ဘူး"

ဇာတ်လိုက်မကျင်းယန်ရဲ့မျက်နှာကတော့ ဖြူသထက်ကိုဖြူလျော့လာတော့သည်။

သူ…သူက သူမရဲ့အကြံတွေကို သိနေသည်တဲ့လား။

"ဘာလဲ? ငါက အနောက်နန်းဆောင်ကို ဒီအတိုင်း လွှတ်ပေးထားမယ်လို့ထင်နေတာလား။ တိုင်းပြည်တစ်ပြည်ရဲ့ ပျက်စီးရာပျက်စီးကြောင်းက အနောက်နန်းဆောင်က မိန်းမတွေရဲ့ပရောဂမကင်းဘူး ဆိုတာ ငါကိုယ်တော်က မသိဘူးမှတ်နေလား? ပြီးတော့ မင်းရဲ့အဖေကို ပြောလိုက်ပါ။ မကြာခင်တွေ့ကြမယ်လို့။ လာကြစမ်း…ကြင်ယာတော်ကျင်းကို အခုချက်ချင်းနန်းချပြီး နန်းတော်အပြင်ကိုနှင်ထုတ်စေ"

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now