'ဇာတ်လိုက်နဲ့တွေ့ပြီ'

8.8K 930 71
                                    

Zawgyi

"အရှင်မင်းကြီးကို ဒီကကြင်ယာတော်က ဂါဝရပြုပါတယ်"

"ရတယ်။ ထပါ"

ကြင်ယာတော်စုလည်း ခေါင်းငုံ့ထားရာမှ မော်ကြည့်လိုက်တော့
#အာလာလား...ချောလိုက်တာဟယ်. နတ်ပြည်က နတ်သားလေး နတ်သက်ကြွေလားသလားမှတ်ရတယ်။ ဟိုကောင်နဲ့ ဘာမှမဆိုင်ဘူး#

#ဆိုင်စရာလား host မျက်လုံးမကောင်းလို့သာ အဲဒီကောင်ကို crushတာလေ#
#နင့်ပါးစပ်ပိတ်ထား😒#
#😐😐#

"အဟမ်း..ဟမ်း.. ကြင်ယာတော်စု. ငါကိုယ်တော်ကို ကြည့်လို့ဝပြီလား"

"မဝသေးဘူး. ရှင်ကအရမ်းချောလွန်းတယ်😍"

ဘုရင်-"...😳..."

ကျန်တဲ့သူများ-😦😦

ဇာတ်လိုက်ရဲ့မျက်နှာက ချက်ချင်းပင်နီရဲလာသည်။ သူချောတာသူသိပေမဲ့ ဒီလိုတဲ့တိုးပြောလိုက်တော့ နည်းနည်းတော့ ရှက်တာပေါ့နော။

"အဟမ်း..အားလုံးထွက်သွားတော့"

"ဟုတ်"

အစေခံတွေကို ထွက်ခိုင်းတာကို သူ့ကြင်ယာတော်ကပါ ထွက်သွားမလို့လုပ်နေတော့ မြန်မြန်ပင်ပြန်တားလိုက်ရသည်။

"ကြင်ယာတော်စုက ဘယ်သွားမလို့လဲ"

"ဟို..အရှင်က အားလုံးထွက်သွား ဆိုတော့"

"😦..အဲ..အဲဒါက ကြင်ယာတော်စုမပါဘူးလေ"

"ဩော်..မသိဘူးလေ။ အရှင်ပဲ အားလုံးထွက်သွားဆိုလို့.ဟဲ..ဟဲ😆😆"

ချင်ရှန်း ကြင်ယာတော်စုကိုကြည့်ကာ ခဏမျှကြောင်နေမိသည်။ သူကြားခဲ့သည်က ကြင်ယာတော်စုက ငယ်ငယ်ကတည်းက သိမ်သိမ်မွေ့မွေ့လေးတဲ့လေ။ အခုသူ့ရှေ့မှာ ရှက်ရမ်းရမ်းပြီး ရီနေတာက အဲ့ဂုဏ်ပုဒ်နဲ့မဆိုင်ပေ။

"အရှင်. ကျမချောလို့ကြည့်နေတာလား"

"ဟင်😳"

"ကျမ.အဲ ကျတော်မျိုးမ ချောမှန်းသိပါတယ်.ဟီး. အဲလောက်ထိကြည့်နေမှတော့ ကျတော်မျိုးမရှက်တာပေါ့လို့ ခ်ခ်😆😆"

ချင်ရှန်း စိတ်ထဲမှာ တစ်ခါမှမခံစားဖူးသော ခံစားချက်တစ်ချို့ဖြတ်သန်းသွားသည်။ ငိုချင်သလိုလို ရီချင်သလိုလို။ သူ့ဟာသူ ချီးကျူး၊ သူ့ဟာသူပြောပြီး သူ့ဟာသူရီနေတဲ့ ကောင်မလေးကို ကြည့်ကာ ပြောစရာစကားတွေ ပျောက်ရှနေသည်။

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now