သူ ငါ့ကို မချစ်ဘူးလား

7.1K 754 22
                                    

Zawgyi

ရှင်းရှင်းတစ်ယောက်ညက တော်တော်ပင်ပန်းထားသည်မို့ အတော်နောက်ကျမှ အိပ်ရာကနိုးလေသည်။ သူမနိုးလာတော့ ဘေးနားမှာ ဘယ်သူမှမရှိ။

"အပြင်မှာ ဘယ်သူရှိလဲ"

"ရှိပါတယ် ကြင်ယာတော်"
ဟုဖြေကာ အစေခံတစ်ယောက်ပြေးဝင်လာသည်။

မျက်နှာကတော့ မျောက်အုန်းသီးရသလို ပြုံးဖြီးနေသည်။

"နင့်မျက်နှာက ဘာလို့စပ်ဖြီးဖြီးဖြစ်နေရတာလဲ"

"ဟို. ကြင်ယာတော်၊ အရှင်မင်းကြီးက ကြင်ယာတော်နဲ့အတူ အိပ်ဆောင်အတူဝင်ခဲ့တယ်လေ"

#အဲဒါနဲ့ နင်လေးရဲ့မျက်နှာစပ်ဖြီးဖြီးဖြစ်တာနဲ့ ဆိုင်လို့လားဟယ် #

"အဲတော့?"

"အဲတော့ ကြင်ယာတော်ကိုဘယ်သူကမှ အတင်းပြောလို့မရတော့ဘူးလေ"

"အတင်းပြောတယ်?"

"ကြင်ယာတော်ကသာ မသိတာပါ။ ကြင်ယာတော်ကျင်းရဲ့အစေခံတွေက မင်္ဂလာဦးညတုန်းက အရှင်က ကြင်ယာတော်ဆီမလာတာကို အတင်းပြောနေတာ ခဏခဏကိုကြားနေရတာပါ"

"ဘာ!!! သူတို့က ငါ့ကိုအဲဒီလိုပြောနေကြတယ်ပေါ့"

"ဟုတ်ပါတယ်. ကြင်ယာတော်"

#ကျင်းယန်မ ငါ့အကြောင်းတွေကို အစေခံတွေကို အတင်းပြောခွင့်ပေးထားတာပေါ့#

#ဆိုင်လို့လား hostရဲ့။ အစေခံတွေက သူတို့ဘာသာသူတို့ပြောကြတာလေ#

#နင်ဘာသိလို့လဲ။ နန်းတော်ဆိုတဲ့ ဒီနေရာကြီးမှာ သခင်ကခွင့်မပြုရင် စကားတောင်ပြောလို့မရဘူးဆိုတာ#

#host တောင် တော်တော်နားလည်နေပြီပဲ#

"တော်ပြီ။ ဒီအကြောင်းတွေမပြောချင်တော့ဘူး။ ရေချိုးဖို့ပြင်ဆင်တော့"

"ဟုတ်ကဲ့ပါ ကြင်ယာတော်"

ရေနွေးနွေးလေးနဲ့ရေချိုးလိုက်တော့ လူကလန်းဆန်းလာသည်။ အဝတ်လဲ မနက်စာစားပြီးသည်နဲ့ ဥယျာဉ်သို့ထွက်လာကာ ချင်ရှန်းကိုစောင့်ရင်း systemနဲ့ စကားထိုင်ပြောနေလိုက်သည်။

#system လေး…ငါ ဇာတ်လိုက်ရဲ့အချစ်စစ်ကိုရပြီလား#

#မရသေးပါဘူး#

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now