ဆံထိုးလေး

7.3K 788 33
                                    

Zawgyi

ရှင်းရှင်းတျောက်တော့ ဈေးထဲမှာ လျှောက်ပတ်ပြီးသည်နဲ့ စစ်သူကြီးအိမ်သို့ အလည်လိုက်ချင်သည်ဆို၍ စစ်သူကြီးအိမ်သို့ရောက်နေပြန်သည်။

စစ်သူကြီးအိမ်တွင်
ယဲ့ယဲ့အဖေ ပညာရေးဝန်အမတ်ကြီးရောက်နေသည်မို့ ချင်ရှန်းနဲ့ ယဲ့လန်က စကားပြောရန်ကျန်ခဲ့သည်။ အမျိုးသမီးနှစ်ယောက်ကတော့ ဥယျာဉ်တော်တွင် ထိုင်ကာ ပန်းအလှတွေကိုရှုစားရင် စကားပြောနေကြသည်။

"ရှင်းရှင်း ဘာလို့ဆံထိုးကို မဝယ်ခဲ့တာလဲ. ရှင်းရှင်းလဲ ကြိုက်တာပဲမဟုတ်လား"

"ယဲ့အာကလည်း တုံးတယ်ပြောရင် နာဦးမယ်😒. "

"ရှင်းရှင်းပြောတာ နားမလည်ဘူး"

"ဒီလိုလေ..တို့ကလိုချင်တာမှန်ပေမဲ့ ပိုက်ဆံမှမရှိတာ"

"ဒါများ ယဲ့ယဲ့ကဝယ်ပေးမှာပေါ့လို့"

"ယဲ့အာရယ်. ငါစကားပြောလို့မပြီးသေးဘူးလေ😒. ဇနီးမယားကလိုချင်ပေမဲ့ ပိုက်ဆံမရှိလို့ ထွက်လာတာကို ခင်ပွန်းကမြင်တာတောင် ဒီအတိုင်းလိုက်လာမယ်လို့ ထင်တာလား? သူတို့ဝယ်ပြီးပေးမှာပေါ့"

"တကယ်လား😳"

"Omm..ယဲ့ယဲ့စောင့်နေ. မကြာခင် စစ်သူကြီးက ယဲ့အာကို လိပ်ပြာပုံဆံထိုးလေး လာပေးလိမ့်မယ်"

"တကယ်"

"Inn"

ချင်းယဲ့စိတ်ထဲမှာတော့ ပြောပြလို့မရလောက်အောင် ပျော်ရွှင်သွားတော့တယ်။ ယဲ့လန်က သူမကိုညီမတျောက်လို သဘောထားတယ်ဆိုပေမဲ့ လက်ဆောင်တော့ မဝယ်ပေးဖူးဘူးလေ။

"ရှင်းအာ ကိုယ်တို့ပြန်ကြရအောင်"

"ဟင် ပြန်တော့မှာလား. မြန်လိုက်တာ"

"ရှင်းအာကလည်း မကြာခင်နေဝင်တော့မယ်လေ"

"အင်းပါ. ပြန်ပါမယ်။ ယဲ့အာ ရှင်းရှင်းပြန်တော့မယ်နော်. နောက်တစ်ပတ်ကျပြန်လာခဲ့မယ်နော်"

သူမနောက်တစ်ပတ်ကျရောက်အောင် ပြန်လာမည်။ သူမကိုတစ်ပတ်တစ်ခါ အပြင်ထွက်ခွင့်ပေးဖို့ ဇာတ်လိုက်ချင်ရှန်းကို ခွင့်တောင်းထားပြီးသားလေ။

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now