ကိုယ်မင်းကို ချစ်တယ်

6.1K 533 41
                                    

ချင်ရှန်း ရှင်းအော်ကို ခေါ်လာတဲ့နေရာက ဂူတစ်ခုကိုပါပဲ။ ထိုနေရာကနေ မနက်ခင်းနေထွက်ချိန်ကို မြင်ကွင်းက တော်တော်ကိုလှပသည်။ အခုက ညပဲရှိသေးတာမို့ သူတို့အိပ်ဖို့ပြင်ကြသည်။

ဒါက သူ့ပိုင်နက်မို့ အန္တရာယ်ကျရောက်ဖို့ မရှိပေ။ ဒီတော့ ကိုယ်ရံတော်တွေကို မခေါ်ခဲ့ပေ။ ညကျတော့ သူတို့ ဂူထဲမှာ အိပ်ကြသည်။ အိပ်ရာနွေးနွေးထွေးထွေးလေးနဲ့ ပန်းရနံ့လေးတွေက စိတ်ကို ကြည့်လင်အေးမြစေသည်။

ရှင်းရှင်းကတော့ ချင်ရှန်ရင်ခွင်ထဲ ခေါင်းလေးသွင်းရင်း ကောင်းကင်က ကြယ်တွေကို ငေးကြည့်နေမိသည်။ ဒီလိုမျိုး ချစ်သူ့ရင်ခွင် နွေးနွေးလေးထဲမှာ ခိုလှုံရင်း ကောင်းကင်ကကြယ်တွေကို ကြည့်ရသည့်ခံစားချက်က တော်တော်ကို အရသာရှိသည်။

ရှင်းရှင်းကတော့ ချင်ရှန်ရင်ခွင်ထဲ ခေါင်းလေးသွင်းရင်း ကောင်းကင်က ကြယ်တွေကို ငေးကြည့်နေမိသည်။ ဒီလိုမျိုး ချစ်သူ့ရင်ခွင် နွေးနွေးလေးထဲမှာ ခိုလှုံရင်း ကောင်းကင်ကကြယ်တွေကို ကြည့်ရသည့်ခံစားချက်က တော်တော်ကို အရသာရှိသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သူမခေါင်းလေးကို ချင်ရှန်းရဲ့ရင်ခွင်ကျယ်ကြီးထဲ ပိုမိုတိုးဝင်လိုက်ကာ...

"အရှင်.. ဒီနေရာကို အမြဲလာတာလား"

"အမြဲတော့မဟုတ်ပါဘူး။ ဘာလို့လဲ"

"ဒီမှာ အိပ်ရာလည်းရှိတယ်။ အစေခံတွေလည်းရှိတယ် ဆိုတော့လေ"

"အင်း အရင်ဆို ကိုယ် အမြဲလာဖြစ်တယ်။ ဒီက မြင်ကွင်းတွေကို ကြည့်ပြီး စိတ်အပန်းဖြေလို့ရတယ်လေ။ အခုတော့ မင်းနဲ့အတူ ကြည့်ရတာကညပိုပြီး ကိုယ်တော့်စိတ်ကို ပျော်ရွှင်စေတယ်"

"အရှင်. ဘယ်အမျိုးသမီးကိုမှ မခ်ါလာဖူးဘူးလားဟင်"

"အင်း. မင်းလေးက ပထမဆုံးပဲ"

"ဒါဆို ယောကျာ်းလေးတွေရော ခေါ်လာဖူးလား"

ငင့်. ချင်ရှန်း သိလိုက်ပါပြီ။ အခုတလောအတွင်း သူမလေးရဲ့စိတ်ကို သူတော်တော်လေးကို နားလည်လာသည်မဟုတ်ပါလား။
"ကိုယ်တော် တစ်ယောက်တည်းပါ"

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now