နန်းပြင်သို့ထွက်ခြင်း

7.3K 925 25
                                    

Zawgyi

ကြင်ယာတော် ကျင်းယန်၏နန်းဆောင်~~~

"ဘာ!!!"

"ဟုတ်ပါတယ် ကြင်ယာတော်. သူမက စစ်သူကြီးနဲ့ ချင်းယဲ့အမျိုးသမီးကိုပါ ခေါ်သွားပါတယ်"

"တောက်..သူမကများ ဘုရင်ကို ဖျားယောင်းရဲတယ်ပေါ့လေ"

"သူကလည်း ကြင်ယာတော်တစ်ပါး..ပါး.."

"ပါးစပ်ပိတ်ထားစမ်း!..အနောက်နန်းဆောင်မှာ မိန်းမဘယ်လောက်များများ ဘုရင်ကို ငါတစ်ယောက်ထဲပဲ ပိုင်တယ်။ ငါက သူ့ရဲ့မိဖုရားခေါင်ကြီးဖြစ်လာမဲ့သူပဲ"

"ဟုတ်..ဟုတ်ပါတယ် ကြင်ယာတော်"

"ငါ့ကိုကြင်ယာတော်လို့မခေါ်နဲ့. အခုကစပြီး မိဖုရားလို့ပဲခေါ်"

"ရှ..ရှင်"

"မကြားဘူးလား"

"ကြား..ကြားပါတယ်။ ကြင်..မိ.မိဖုရား"

"ဒီလိုမှပေါ့😏"

"ဒါနဲ့ အခုက သူတို့ကိုဒီအတိုင်းလွှတ်လိုက်မှာလားဟင်"

"အဟက်..လွှတ်စရာလား။ ငါ့မှာ အကြံရှိပါတယ်"

#အမတ်ချုပ်ကြီးသမီးဖြစ်တဲ့ငါနဲ့ လာပြိုင်ရဲတယ်ပေါ့။ စုရှင်းရှင်း တွေ့ကြသေးတာပေါ့#

~~~~~

ဈေးလမ်းမပေါ်တွင် ခပ်ချောချော အမျိုးသားနှစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့ အမျိုးသမီးနှစ်ယောက်။

အပြာရောင်ဝတ်ထားတဲ့ စုံတွဲတစ်တွဲနဲ့ အဖြူရောင်ဝတ်ထားတဲ့ စုံတွဲတစ်တွဲ။

အဖြူရောင်က ချင်ရှန်းနဲ့စုရှင်းရှင်း. အပြာရောင်က ယဲ့လန်နဲ့ချင်းယဲ့။

ဘယ်သူပဲကြည့်ကြည့် ဒီစုံတွဲနှစ်တွဲက လိုက်ဖက်ညီလွန်းလှသည်။ ရှင်းရှင်းက drama တွေထဲကလို ဈေးကို လိုက်ကြည့်နေပေမဲ့ ယဲ့ယဲ့ကတော့ သူမဘေးမှာ ပါလာတဲ့ ယဲ့လန်ကြောင့် ရင်တွေခုန်နေလေရဲ့။

သူတို့လက်ထပ်ပြီးကတည်းက ဒီတစ်ကြိမ်သာ အတူထွက်လာတာဖြစ်တယ်။ နန်းတွင်းကိုတောင် မယ်တော်ကြီး အခေါ်လွှတ်မှ ခေါ်သွားတတ်တယ်လေ။

"ဝါး...ဈေးက တော်တော်ကိုစည်ကားတာပဲ။ နန်းတွင်းထဲမှာနဲ့ ဘာမှမဆိုင်ဘူး"

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now