ဆောင်ကြာမြိုင်ကို ရောင်းစားလိုက်ရင်ရော?

6.4K 626 32
                                    

Zawgyi

[ဒီတစ်ပုဒ်ကလေ ဗီလိန်အသားပေးလေး ရေးဖြစ်သွားတယ်။ ပထမဆုံးလည်းဖြစ်တယ်ဆိုတော့ ဘယ်လိုရေးရမယ်ဆိုတာတော့ သိပ်မသိဘူး။ တစ်ခုခုလိုအပ်ရင်လည်း ဝေဖန်နိုင်ပါတယ်။ ဒီတစ်ပုဒ်မှာ ရှင်းရှင်းရဲ့အခန်းက shipပေးတာနဲ့ မြှားနတ်မယ် လုပ်တဲ့အခန်းတွေကပဲ များတယ်😁]

အဲဒီနေ့ကတည်းကစပြီး ချင်ရှန်း သူမလေးအနားမှာ အမြဲလိုလိုကပ်နေခဲ့သည်။ မိန်းမတွေနဲ့သိပ်မထိတွေ့ဖူးတော့ အချစ်ဆိုတာကို သိပ်မခံစားတတ်သေးဘူး။
(ဇာတ်လိုက်မနဲ့က ငယ်သူငယ်ချင်းအဆင့်ပဲရှိပါသေးတယ်။ ဇာတ်လိုက်မ လုပ်ကြံခံရတဲ့အချိန်မှ သူတို့ ချစ်မိသွားမှာပါ)

.ဒါကြောင့် သူမကို ရေကန်ထဲမှာတွေ့ရပြီးသည့်နောက်မှာတော့ သူ့စိတ်တွေက သူမဆီကိုပဲရောက်နေတယ်။ သူမကလွဲပြီး ဘယ်သူ့ကိုမှ ဂရုစိုက်ချင်တော့ဘူး။

အဲဒါကြောင့် သူမစိတ်တိုင်းကျ နန်းပြင်ထွက်ခွင့် ​ပေးခဲ့တယ်။ သူမကြိုက်တဲ့ ဆံထိုးလေးဝယ်ပေးပြီး သူမကိုစိတ်ဝင်စားကြောင်းပြသခဲ့တယ်။ သူမလက်ခံတော့ သူအတိုင်းမသိလောက်အောင်ကို ဝမ်းသာသွားတာ။

အဲဒီနေ့ပြီးသွားတာ သူ သူ့ကိုယ်သူတောင် မယုံနိုင်ဖြစ်နေသေးတာလေ။ ဘယ်လိုလုပ် ဒီလို ကိစ္စတွေကဖြစ်လာရတာလဲ?

သူမလေးမရှိတော့ဘူး ဆိုတဲ့အသိက သူ့ကိုပူလောင်စေတယ်။ ဒီတော်မှ သူမလေးမရှိရင် သူမနေတတ်ဘူးဆိုတာ သိလာတယ်လေ။

ဒါကြောင့် သူဆုံးဖြတ်လိုက်ပြီ။ နောက်ထပ် သူမလေးကို မနာကျင်စေရတော့ဘူးလို့...

>>>>>

"ရှင်းရှင်း ကိုယ်တို့နန်းတော်ပြန်ရအောင်နော်"

"အရှင်. ကျတော်မျိုးမ နန်းတော်မပြန်ချင်သေးဘူး။ နန်းတော်ထဲမှာက အရမ်းကျဉ်းကျပ်တယ်"

ချင်ရှန်း မျက်နှာပျက်သွားတယ်။ ဒါပေမဲ့ သူမလေး မြင်သွားမှာစိုးတာကြောင့် ချက်ချင်းပြန်ပြုံးလိုက်ပြီး

"ဒါဆို. ကိုယ်နန်းတော် ခဏပြန်လိုက်ဦးမယ်။ ရှင်းအာက ဘယ်မှလျှောက်မသွားပဲ ကိုယ့်ကိုစောင့်နော်. ကိုယ်ပြန်လာခဲ့မယ်"

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now