1

6K 339 30
                                    

Zawgyi

"ဂျင်ဂျင်!! ငါ့ဆံပင်တွေလွှတ်ပေးနော်!!"

"ဟွန့်အွန်း....ငါ့ပွားကိုဟွဲထားအရင်ဟွတ်ပေး!! အား!!"

ရန်ပွဲရဲ့အစကဘယ်ကစတယ်ဆိုတာသေချာမသိပေမယ့်
အတင်းဆွဲကုပ်ခံထားရတဲ့ပါးတွေကြောင့်စကားသံတွေလည်းမပီပြင်တော့ပါ။

အချိန်ကြာလာတာနဲ့အမျှပိုနာလာတာကြောင့် အော်ဟစ်ရင်း
လွှတ်ပေးဖို့ပြောပေမယ့် သူဆွဲထားတဲ့ဆံပင်အုံကိုတော့ကျစ်
ကျစ်ပါအောင်ဆုပ်ကိုင်လို့ထားသည်။

"အဟွန့်...ဂျင်ဂျင် အီးဟီးဟီး အင့် ဟင့် လွှတ်တော့!!!"

"ဟယ်...ကလေးတွေဘာဖြစ်နေကြတာတုန်း??!!"

ကလေးမလေးရဲ့အော်ငိုသံကျယ်ကျယ်ကြောင့် ခြံထဲကိုဝင်
လာတဲ့အမျိုးသမီးဟာခြေလှမ်းတို့ကိုအရှိန်တင်ကာ အိမ်ထဲ
ကိုအမြန်ဝင်လာတော့သည်။

"ဆော့ဂျင်!!! ဂျူဝန်းကိုလွှတ်လိုက်ပါဦး ကလေးနာနေပြီ!!"

ကလေးနှစ်ယောက်ဘယ်ကစပြီးဒီလိုတွေဖြစ်မှန်းမသိ​ပေမယ့်
ကိုယ့်သားကိုပဲအရင်လွှတ်ခိုင်းရတော့သည်။ဒါပေမဲ့ ဆော့ဂျင်
ကခေါင်းတွင်တွင်ခါပြီး သူဆွဲထားတဲ့ကလေးမရဲ့ဆံပင်တွေကိုပိုတင်းကြပ်လိုက်ပုံရသည်။

"အား!! မာမားကင်မ်ရေ "

"ဂျူဝန်းလည်းလွှတ်လိုက်တော့နော် နှစ်ယောက်လုံးနာကုန်
ပြီ...သူငယ်ချင်းတွေရန်မဖြစ်ပဲချစ်ချစ်ခင်ခင်ဆော့ဖို့ပြောထားတယ်လေ"

စကားနဲ့ပြောနေရင်နားမထောင်ကြသေးတာမို့ သူမကပဲနှစ်
ယောက်လုံးလက်တွေကိုဖယ်လိုက်ပြီး ကိုယ်ပေါ်ကိုဆွဲချီလိုက်
သည်။

"မာမားဈေးသွားဝယ်တုန်း ကောင်းကောင်းကျန်ခဲ့ဖို့မပြော
ထားဘူးလား ဟင်? ဂျင်ဂျင်? ဝန်ဝန်း? ဖြေဦးလေ"

ဒီလိုသုံးလေးနှစ်အရွယ်ကလေသံမာပြီးဆုံးမရင်လည်းနားဝင်
သေးမှာမဟုတ်တာကြောင့် ချော့မြူရင်းနဲ့ပဲနားလည်အောင်
ပြောဖို့ပဲလုပ်ရတော့သည်။

"ဂျင်ဂျင်အရင်လုပ်တာမာမားကင်မ်....."

အရင်ဆုံးခေါင်လေးထောင်လာပြီးပြောတဲ့သူက တော့သမီးအရင်းလေးလိုပဲချစ်ရတဲ့ဂျူဝန်းလေးပင်။ကျောင်းပိတ်ရက်မျိုးဆို
သူ့အမေဆိုင်ကိုလိုက်မသွားချင်တဲ့အခါမျိုးမှာ အခုလိုပဲဆော့ဂျင်နဲ့အိမ်မှာအတူတူလာဆော့ရင်းအချိန်ကုန်တတ်သည်။

Buddy [Completed]Where stories live. Discover now