Zawgyi
"ဝန်ဝန်း...သမီးလေး ဂျင့်ကိုနည်းနည်းလောက်အားပေးလိုက်
ပါဦး နောက်တစ်ပတ်သူ့tennisပြိုင်ပွဲအတွက်အများကြီးစိတ်လှုပ်ရှားနေတယ်ထင်တယ်....""ဟုတ်လား...ပြန်လာတုန်းကတော့သမီးကိုဘာမှမပြောဘူး
မာမားကင်မ်ရဲ့ အခုတွေ့ရင်ပြောလိုက်မယ်နော်""အင်းအင်း....စာကောင်းကောင်းလုပ်ကြ မာမားတို့လည်း
ဈေးတန်းဘက်ကိုခဏလမ်းလျှောက်ထွက်ဦးမယ်...""ဟုတ်ကဲ့မာမား..."
ဒီနေ့ကျောင်းအပြန်မှာတော့ထူးထူးခြားခြားဘာမှပြောတာ
လည်းမရှိတာကြောင့်ဂျူဝန်းအနည်းငယ်တော့အံသြနေမိ
သည်။ဆော့ဂျင်tennisဆော့တာကိုသူမ သိပေမယ့် final
မှာပြိုင်ဖို့အရွေးခံလိုက်ရတာကိုတော့ သူမကိုမပြောပေ။"ဂျင်ဂျင်....ငါဝင်လာပြီနော်"
သူမဝင်လာတာနဲ့အနောက်ကိုလှစ်ခနဲတစ်ခုခုကိုဖွက်လိုက်တဲ့
ဆော့ဂျင်ကြောင့်သူမ မထင်မှတ်ပဲလှစ်ခနဲပြုံးမိသွားသည်။
သူမရပ်တဲ့နေရာကလှမ်းကြည့်တာနဲ့တင်အနောက်မှာ
tennis racket ဖွက်ထားတာကအသိအသာကြီး။"ငါမမြင်ချင်ယောင်ဆောင်လိုက်ပြီနော်....ဖွက်မနေနဲ့" လို့
ပြောကာမှအရှေ့ကိုပြန်ထုတ်လို့အသည်းအသန်ဆင်ခြေပေး
တော့သည်။"ဖွက်တာမဟုတ်ပါဘူး...ရုတ်တရက်ဆိုတော့လန့်သွားတာပါ"
တဲ့လေ။"ဘာကိုအဲ့လောက်တောင်ဖုံးကွယ်စရာတွေများနေတာလဲ??"
"ဘာကိုလဲ??"
သူမမေးလိုက်တဲ့မေးခွန်းကိုပဲမေးခွန်းအစချီပြီးပြန်မေးလိုက်
တာကြောင့် ပြိုင်ပွဲကိစ္စကိုသူမကိုပဲတမင်ဖုံးကွယ်ထားတာ
လား ဒါမှမဟုတ်တကယ်ပဲမေ့သွားတာလားဆိုတာကိုတွေဝေ
နေမိသည်။"Finalအတွက်အရမ်းစိတ်လှုပ်ရှားနေတယ်လို့ မာမားက
ပြောတယ်""အာ...အဲ့ဒါလား ပြိုင်ပွဲအတွက်စိတ်လှုပ်ရှားတာလူတိုင်းဖြစ်
နေကျပဲဟာ မဟုတ်ဘူးလား""အင်း...ကိုယ့်သူငယ်ချင်းအရင်းကြီးကိုတော့ဘာမှမပြောပြဘူးဆိုတာကရောလူတိုင်းဖြစ်နေကျပဲလား??"