Zawgyi
တဖြည်းဖြည်းနီးကပ်လာလေပြန်လှည့်ချင်စိတ်တွေကပိုတိုးလို့
လာသည်။ငြင်းလိုက်လို့ရတယ်ဆိုပေမဲ့ မာမားနဲ့သူမကြားက
ကျန်နေတဲ့သံယောဇဉ်ကြောင့် ဆော့ဂျင်ကိုလာကြည့်ဖို့သူမ
ဆုံးဖြတ်ခဲ့တာ။တကယ်တမ်းအချိန်ကြာကြာလျစ်လျူရှုထားခဲ့တာမို့ ခက်ခက်
ခဲခဲဖြတ်ထားရတဲ့ကြိုးတွေကိုသူမပြန်မကောက်ချင်ရုံသာ။အခန်းတံခါးရှေ့ရောက်နေပေမယ့် တံခါးခေါက်ဖို့ကိုပင်သူမ
မရဲဖြစ်နေသည်။တစ်ချိန်က တံခါးမရှိ ဓားမရှိဝင်ထွက်ခဲ့ဖူးပေ
မယ့်လို့ပေါ့။ဒေါက် ဒေါက် ဒေါက်
ဆက်တိုက်သုံးချက်ခေါက်ပြီးတဲ့နောက်မှာအထဲကပြန်လာမဲ့
အသံကိုသာနားစွင့်နေလိုက်သည်။ဒါပေမဲ့ ထင်ထားသလို
အထဲမှဘာပြန်ဖြေသံမှမကြားရပါ။ဒေါက် ဒေါက်
သူမဒီအတိုင်းဝင်သွားဖိုမဝံ့မရဲဖြစ်နေသည့်တိုင်တံခါးကိုသာ
နောက်တစ်ကြိမ်ခေါက်လိုက်သည်။"တံခါးဖွင့်ထားတယ်..."
အတော့်ကိုတိုးနေတဲ့အသံဆိုပေမယ့် ကောင်းကောင်းကြားရ
သေးတာမို့တံခါးလက်ကိုင်ဘုကိုဆွဲလှည့်ပြီးအခန်းထဲကိုနောက်တစ်ကြိမ်ခြေချမိသည်။ဒီသုံးနှစ်အတွင်းမှာဘာတွေပြောင်းလဲသွားသလဲ....
ဆေးသားကိုထပ်ပြီးအရောင်တင်ထားပုံရတဲ့နံရံတွေရယ်
စာအုပ်စင်အကြီးတစ်ခုထပ်ပြီးရောက်လာတာရယ် ပြီးတော့
စားကြည့်စားပွဲခုံပေါ်ကသူမတို့နှစ်ယောက်အထက်တန်းနောက်ဆုံးနေ့ကရိုက်ထားတဲ့ပုံလေး~အဲ့ဒါကိုဘာလို့စားပွဲပေါ်မှာတင်ထားတာလဲ....
ဝင်သွားတဲ့အချိန်မှာဆော့ဂျင်နဲ့မျက်နှာဆိုင်ရမှာကိုအနေခက်
သလိုဖြစ်နေပေမယ့် အခန်းထဲကိုဝင်ပြီးလူကိုမတွေ့လို့ရှာရာ
မှ သူမကိုကျောပေးရင်းကုတင်ပေါ်မှာစောင်ခြုံရင်းလှဲနေတဲ့
ဆော့ဂျင်ကိုတွေ့ရသည်။"အသည်းကွဲရုံနဲ့အမေကိုပါစိတ်ထိခိုက်အောင်လုပ်ရလား
မကောင်းတဲ့အကောင်...."