6

1.7K 229 54
                                    

Zawgyi

ဂျူဝန်းသူ့အနားမှာမရှိတော့တာက သိသာတဲ့လစ်လပ်မှုတစ်
ခုဆိုတာသတိမထားမိလောက်အောက်ပင် ဆော့ဂျင်တစ်ယောက်ချစ်သူနဲ့ပျော်ရွှင်လို့နေခဲ့သည်။

အချစ်ဦးနဲ့အတူလက်တွဲခွင့်ရတာကြောင့်အပျော်ကြီးပျော်နေ
တဲ့ဆော့ဂျင်ကိုအပြစ်တင်လို့လည်းရသလို ဒါဟာသဘာဝပဲလို့ဖြည့်တွေးမယ်ဆိုရင်လည်းရသည်။

ဂျူဝန်းနဲ့ကျောင်းသွားနေကျစက်ဘီးလေးဟာ အခုဆိုမနက်
တိုင်းကျောင်းနဲ့ဦးတည်ရာမတူတဲ့ရပ်ကွက်ဖက်ကိုအရင်ရောက်သွားလေ့ရှိပြီး ဂျူဝန်းထိုင်နေကျနောက်ခုံလေးမှာဆိုအင်းကနေရာယူလို့လာခဲ့ပြီး တစ်ချိန်ကကျောင်းသွားတဲ့လမ်းမှာစ
နောက်ရယ်မောသံတွေပြည့်နှက်နေသလိုပဲ အတူရှိကြပြန်
သည်။

နေ့လည်ပိုင်းထမင်းစားချိန်တွေမှာဆို တစ်ယောက်ထမင်းဘူး
တစ်ယောက်အတူတူမျှစားကြပြီး ပျော်စရာကောင်းတဲ့အငွေ့
အသက်လေးမရှိတော့ပေမယ့် တစ်ယောက်မျက်နှာတစ်ယောက်ငေးရင်း ထမင်းစားချိန်မှာတောင်ရင်ခုန်စရာတွေပြည့်နှက်
နေတဲ့ ကြည်နူးဖွယ်အငွေ့အသက်လေးကနေရာယူနေပြန်သည်။

ညနေကျောင်းဆင်းချိန်တိုင်းမှာအိမ်မပြန်ခင်မုန့်တွေဝင်စားရင်းရယ်သံကျယ်ကျယ်တွေနေရာယူတဲ့လမ်းမကျယ်တွေအစား
မတူညီတဲ့လမ်းမတစ်ခုမှာ ချစ်ရသူကိုလိုက်ပို့ရင်းလက်ချင်းယှ
က်နေမဲ့ပုံရိပ်တို့ကရှိနေသည်။

ညဘက်အိမ်စာလုပ်ချိန်မှာတော့ အတူတူစာလုပ်တဲ့သူငယ်ချင်းမရှိတာဟာသိသာတယ်ဆိုပေမယ့် တနေကုန်ရရှိခဲ့တဲ့အပျော်တွေကြောင့် နေ့ရက်တိုင်းဟာဒီလိုဆိုရင်တောင်ဆော့ဂျင်
ဟာသူ့အတွက်ဝမ်းနည်းစရာမရှိပါဘူးလေဟု အထင်မှားနေခဲ့သည်။

တကယ်တမ်း ဆယ်ကျော်သက်အရွယ်အချစ်ရေးကြောင့်ဖြစ်
ပေါ်လာတဲ့ပြောင်းလဲမှုတွေအတွက် ဘယ်သူ့ဘယ်သူကိုမှအ
ပြစ်တင်လို့မရဘူးမလား။

ဒီပြောင်းလဲမှုတွေကိုထပ်တူခံစားရတဲ့ ယူဂျူဝန်းကရောအဆင်ပြေနေပါရဲ့လား.....

ကလင်ကလင်ဘဲလ်တီးရင်းအိမ်ရှေ့လာခေါ်နေကျပုံရိပ်လေး
မရှိတော့တဲ့အခါ သူမကျောင်းသွားလမ်းလေးဟာခြောက်ကပ်
လို့။

Buddy [Completed]Where stories live. Discover now