9

1.7K 225 11
                                    

Zawgyi

"သက်သာသွားပြီးလား ဂျူဝန်း"

"ဟုတ်ကဲ့ ဆန်းဘေး တော်တော်သက်သာသွားပါပြီ"

"ကိုယ့်ဆီကနေအပြန်ဖြစ်သွားတာဆိုတော့ တော်တော်စိတ်ပူ
သွားတာ.....တော်ပါသေးတယ် သက်သာနေပြီဆိုလို့"

ပန်းစည်းရယ် အသီးခြင်းရယ်ကိုလက်ဆောင်အဖြစ်ယူလာပြီး
လူနာသတင်းလာမေးတဲ့သူကိုဂျူဝန်းသာမက ဂျူဝန်းအမေက
ပါလှိုက်လှိုက်လှဲလှဲကြိုဆိုပြီးစကားပြောကြသည်။

မကြိုဆိုသူတစ်ဦးကတော့အခန်းထောင့်ကနေလက်ပိုက်ရင်း
ဆူပုတ်ကာ မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတဲ့ဆော့ဂျင်ပါ
လေ။ဒါပေမဲ့ သားအမိနှစ်ယောက်လုံးကထယ်ယောင်းနဲ့ ရေ
ပက်မဝင်စကားပြောနေကြတာမို့ သူ့ကိုသတိမထားမိကြပေ။

"ဒါဆိုအေးဆေးစကားပြောကြဦးနော် မာမားသမီးစားဖို့တစ်
ခုခုသွားဝယ်လိုက်ဦးမယ်"

"ဟုတ်ကဲ့ အန်တီ ဂရုစိုက်ပြီးသွားပါ"

ထယ်ယောင်းကဂျူဝန်းရဲ့အမေဖြစ်သူကိုအရိုအသေးပေးရင်း
နှုတ်ဆက်သည်။မစ္စစ်ယူ စိတ်ထဲမှာလည်းဒီကောင်လေးဟာ
တော်လည်းတော် ယဉ်ကျေးပြီးဖော်ရွေတတ်တဲ့လူငယ်တစ်
ယောက်ဟုတွေးမိကာ သဘောခွေ့နေသည်။

မားထွက်သွားတာကိုကြည့်ရင်းအခန်းတံခါးနားမှာရပ်ကြည့်
နေတဲ့ဆော့ဂျင်ကိုသူမတွေ့သည်။ဘာရပ်လုပ်နေမှန်းမသိ
တကယ်ကိုသတိမထားမိခဲ့ဘူး။

"ဆော့ဂျင် ခဏလောက်အပြင်ထွက်ပေးလို့ရမလား ငါတို့
စကားပြောမလို့"

"မရဘူး...."

ဂျူဝန်းရဲ့စကားကိုတုံးတိဖြတ်ကာ ဆော့ဂျင်ငြင်းသည်။

"နင်ဧည့်သည့်ရှိနေတာကိုအားမနာတတ်ဘူးလား??"

"မနာတတ်ဘူး...မားကသူအပြင်သွားရင်နင့်ကိုသေချာကြည့်
ဖို့မှာထားတယ် နေလည်းသေချာပြန်မကောင်းသေးပဲနဲ့"

"ဒါတော့စိတ်မပူနဲ့ငါ့ညီ ကိုယ်ဂျူဝန်းကိုအစားကြည့်ပေးပါမယ်
မင်းသွားလို့ရတယ်"

ဒီတစ်ခါတော့ နှစ်ယောက်သားပြောသမျှကိုဘာမှဝင်မပြောပဲ
ကြည့်နေတဲ့ထယ်ယောင်းကဝင်ပြောလို့လာတော့သည်။သူမပါလို့မဖြစ်တော့ဘူးလေ။ဆော့ဂျင်ဆိုတဲ့တစ်ယောက်က
တစ်ဖက်သတ်ကြီးငြင်းနေသလိုပဲမို့။

Buddy [Completed]Where stories live. Discover now