Zawgyi
"ဂျင်...ဖြည်းဖြည်းလုပ်လို့မရဘူးလား နာလိုက်တာ"
ဆော့ဂျင်ကုတင်ပေါ်မှာသူမကထိုင်ရင်း ခြေထောက်ကိုတော့
ဆော့ဂျင်ကကြမ်းပြင်မှာထိုင်ရင်းဆေးထည့်ပေးနေသည်။"နင့်ဟာကပွန်းတာရောဟုတ်လို့လား ဘာမှတောင်မလုပ်ရသေးဘူး နာနေတာ မှန်းစမ်း..."
"အ....ဖိစရာလား စောက်ကောင်ရဲ့"
"အား!!! တော်ပြီမလုပ်ပေးတော့ဘူး!!!"
အရိုးတွေဘာတွေထိသွားလားဆိုပြီးအနည်းငယ်ဖိကြည့်လိုက်
ပေမယ့် ဆော့ဂျင်ဆံပင်တွေဆတ်ခနဲအဆွဲခံလိုက်ရတာကြောင့်စိတ်ဆိုးပြီး ဆေးဘူးတွေပါပစ်ချကာအခန်းထဲကထွက်သွား
တော့သည်။"ဂိမ်းဆိုင်သွားတာတိုင်ပြောပစ်မယ် ကင်မ်ဆော့ဂျင်!!!"
နိုင်ကွက်ကိုကောင်းကောင်းသိတဲ့ဂျူဝန်းလှမ်းအော်လိုက်တဲ့
နောက်ဝုန်းဒိုင်းကြဲပီးအခန်းထဲကိုပြန်ပြေးဝင်လာတဲ့ဆော့ဂျင်။"ပြောရဲ့ပြောကြည့်နော် ယူဂျူဝန်း!!"
"ပြောရဲတယ် ငါပြောလိုက်ရင် နင်ဂိမ်းဆိုင်နဲ့တစ်သက်လုံး
ဘိုင့်ဘိုင်လုပ်လိုက်ရမယ်"ဂျူဝန်းကသူမ မနိုင်နိုင်အောင်အတင်းပြောနေတာဖြစ်သည်။
"အား!!အရှုပ်ထုပ်ပဲနင်က လာဆေးထည့်ပေးမယ် တစ်ဘူး
လုံးကိုလောင်းချပေးမယ် လာခဲ့လာ!!!"ခြေထောက်ကိုသူ့ဘက်လှမ်းဆွဲပြီးစိတ်ဆိုးဆိုးနဲ့ဆေးဘူးကို
လောင်းချလိုက်ပေမယ့် သူမထင်ထားကဖြစ်လို့လာတော့သည်။"အားးး ဂျင်!! အဟင့် အရမ်းစပ်တယ်!!"
ဂျူဝန်းငိုသံကြားကိုကြားမှ သူလုပ်ချင်ရာလုပ်မိသွားတာကိုသတိထားမိသွားသည်။
"ဆော့ဂျင်!! နင်ကလေးကိုဘာလုပ်လိုက်ပြန်ပြီလဲ??"
ထို့အတူအောက်ထပ်ကမာမားအော်သံကိုပါကြားလိုက်ရတာ
ကြောင်ခုနကပိတ်ဖို့မေ့သွားတဲ့တံခါးကိုအမြန်သွားပိတ်လိုက်
သည်။"ရှူးး...ဝန်း အကျယ်ကြီးမငိုနဲ့ မာမားတက်လာလိမ့်မယ်"
ဂိမ်းဆိုင်ပြေးတဲ့ကိစ္စကလုံးဝသိလို့မဖြစ်တာကြောင့် ဂျူဝန်းပါး
စပ်ကိုအမြန်ဖိပိတ်ရင်းငိုသံကိုရပ်အောင်လုပ်ရသည်။သူတကယ်အနာပေါ်ကိုဆေးရည်တွေအများကြီးလောင်းမိသွားတာ။