Extra

2K 206 32
                                    

Zawgyi

"ဂျင် ငါတကယ်မအားဘူးလို့ပြောတယ်နော် testကတအား
ကပ်နေပြီလို့ တစ်ယောက်တည်းအရင်သွားကြည့်ထားလိုက်
နော်....ပြီးမှငါလာခဲ့မယ်နော်"

"မရဘူး...နင်မနက်တည်းကအဲ့စကားပဲပြောပြီး စားပွဲကနေမထတော့တာအခုထိပဲ ခဏလောက်နားပြီးတော့ပဲဖြစ်ဖြစ်ငါနဲ့
အောက်မှာ ရုပ်ရှင်ကြည့်ကြမယ်"

တကယ်လည်း ခဏနေရင်လာခဲ့မယ်ဆိုတဲ့စကားနဲ့ စာကြည့်
စားပွဲကနေ သူမ မထဖြစ်သေးပါ။နီးကပ်နေပြီဖြစ်တဲ့ test
အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသေးတာမို့အထပ်
တလဲလဲပြန်ပြီးလေ့ကျင့်နေရခြင်းဖြစ်သည်။

ဆော့ဂျင်ကလည်း တောက်လျောက်ဘာမှမပြောပဲ အနားမှာ
မုန့်စားလိုက် အိပ်စောင့်လိုက် ဂိမ်းဆော့လိုက်နဲ့ စောင့်နေပေ
မယ့် အချိန်အကြာကြီးဖြစ်လာတော့ သူ့ဘက်ကလည်းအသံ
ထွက်လာတော့သည်။

အချိန်ပေးစေချင်တာကို နားလည်ပေမယ့် တကယ်ဒီဘာသာ
ကိုချောချောမွေ့မွေ့ဖြေနိုင်ဖို့ ယုံကြည်ချက်မရှိသေးဘူး။

"အခုလာတော့ ပြီးမှပြန်လုပ်လည်းရတယ်လေ ဝန်းရယ် နင်
အရင်အပတ်ကလည်းတောက်လျှောက် ဟိုဆန်းဘေးနဲ့ဖုန်း
ဆက်မေးပြီး စာတွေလုပ်နေသေးတာပဲကို စိတ်ပူနေတာလေး
တွေလျော့လိုက် နင်စာရနေပြီ ဝန်းရဲ့"

သူ့ခေါင်းကိုခပ်ဖွဖွပွတ်ပေးရင်း အားပေးစကားတွေပြောရင်း
အနားယူဖို့နားချပေးတဲ့ဆော့ဂျင်ကြောင့် အားတက်ရပေမယ့်
အခု ကိုယ့်အခြေအနေကို ကိုယ်အသိဆုံးမို့ အလိုမလိုက်နိုင်
သေးတာပင်။

"နင်အရင်သွားပြင်ဆင်ထားလိုက်လေ ဒါလေးလက်စသတ်ပြီး
ရင် ငါလိုက်ခဲ့မယ် နော်"

မျက်နှာချိုသွေးပြီးပြောတဲ့စကားကို ဆော့ဂျင်သိပ်အလိုမကျ
ပေမဲ့ ခေါင်းငြိမ့်ပြပြီးတော့သာ အောက်ကိုအရင်ဆင်းခဲ့လိုက်
သည်။

တကယ်တမ်း စားဖို့မုန့်တွေပြင်ဆင်ပြီး ရုပ်ရှင်ကြည့်ဖို့အဆင်
သင့်ပြီးတဲ့အချိန်ဟာ ဂျူဝန်းပြောလိုက်တဲ့ခဏနေရင်ဆိုတဲ့အ
ချိန်ထက်အများကြီးပိုကြာပေမယ့် သူမကတော့ဆင်းမလာ
သေး။

Buddy [Completed]Where stories live. Discover now