403

705 75 0
                                    

Chapter 403: စိန်ပွင့် သိုင်းဝိညာဉ်ရှီယန်၏ အကြည့်အောက်တွင် သူ၏ အသိစိတ်ပင်လယ်က မတည်မငြိမ်ဖြစ်သွားသည်။သူ့စိတ်နှလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ရုန်းကြွလာပြီး ရှိရှိသမျှ သတ္တ၀ါများအားလုံးကို သတ်ပစ်လိုသောစိတ်များ ဖြစ်ပေါ်လာသည်။မဟုတ်သေးဘူး...အတွင်းထဲမှ တုန်လှုပ်သွားရင်း သူ့မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားသည်။သူက စိတ်ခွန်အားကို စုစည်းကာ ရှီယန်၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ခုခံလိုက်ရသည်။မကောင်းဆိုးဝါးစိတ်ဆန္ဒအခြေအနေသို့ ကျရောက်နေသူသည် ကိုယ်ပိုင် အသိစိတ် မရှိသလောက်ပင်ဖြစ်သည်။သူက တစ်စုံတစ်ယောက်ကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီဆိုလျှင် စိတ်ရောကိုယ်ရော နှစ်မြှုပ်ကာ တိုက်ခိုက်တော့သည်။ထိုလူကို မသတ်ရမချင်း သို့မဟုတ် မကောင်းဆိုးဝါးစိတ်ဆန္ဒအခြေအနေ မလွန်မြောက်မချင်း ရပ်တန့်လိမ့်မည်မဟုတ်ချေ။ထိုသိုင်းသမား၏ စိတ်က ထက်မြက်လှသည်။ထို့ကြောင့် ရှီယန့်အခြေအနေကို အကဲခတ်မိသည်နှင့် သူက ဘာလုပ်ရမည်ဆိုတာကို ကောင်းကောင်း သဘောပေါက်သွားသည်။"ရပ်ကြ...ဒီကောင့်ကို အရင် ကိုင်တွယ်လိုက်ကြရအောင်...ဒီကောင်ရှိနေရင် အားလုံးအတွက် အနှောက်အယှက်ဖြစ်နေလိမ့်မယ်"ထိုသိုင်းသမားက အေးစက်စက်အော်ဟစ်လိုက်သည်။ရှေးဟောင်းအလောင်းကောင်များနှင့် တိုက်ခိုက်နေကြသော သူ့အဖွဲ့သားများကို ရပ်တန့်စေကာ ပစ်မှတ် ပြောင်းလဲစေလိုက်သည်။ထိုအဖွဲ့သည် မြင့်မြတ်ခြင်းကုန်းမြေဒေသရှိ သိုင်းဝိညာဉ်နန်းတော်မှဖြစ်သည်။မြင့်မြတ်ခြင်းကုန်းမြေဒေသ၏ သက်တမ်းရင့်အဖွဲ့အစည်းကြီးခုနှစ်ခုတွင် တစ်ခုအပါအ၀င်လည်းဖြစ်သည်။သိုင်းဝိညာဉ်နန်းတော်သည် အလွန်ရှေးကျသောကာလကတည်းက မြင့်မြတ်ခြင်းကုန်းမြေဒေသတွင် အခြေတည်ခဲ့ပြီးဖြစ်ကာ သူတို့၏လက်ထဲတွင် သိုင်းဝိညာဉ်အမျိုးအစား အားလုံးတို့သည် ၄င်းတို့၏ အမြင့်မားဆုံး စွမ်းရည် အခြေအနေတွင် တည်ရှိသည်။သိုင်းဝိညာဉ်နန်းတော်မှသိုင်းသမား အားလုံးလိုလိုပင် သီးသန့်ဆန်သော သိုင်းဝိညာဉ်အမျိုးအစားများကို ပိုင်ဆိုင်ထားကြသည်။ယခုစကားပြောနေသော အဖွဲ့ခေါင်းဆောင်သည် ရှောင်လင်းဖြစ်ပြီး သူက သိုင်းဝိညာဉ်နန်းတော် အပြင်စည်းအဖွဲ့၏ ကာကွယ်သူတစ်ယောက်လည်းဖြစ်သည်။အနာဂါတ် အကြီးအကဲတစ်ယောက်အဖြစ်လည်း အလားအလာရှိသူအဖြစ် သတ်မှတ်ခံထားရသည်။ရှောင်လင်း စိတ်ဝိညာဉ်အဆင့်သို့ ၀င်ရောက်ချိန်တွင် သိုင်းဝိညာဉ်နန်းတော်၏ စစ်ဆေးမှုကို ဖြတ်ကျော်ရမည်ဖြစ်ပြီး အောင်မြင်သွားပါက သူက သိုင်းဝိညာဉ်နန်းတော်၏ အကြီးအကဲတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။လက်ရှိ အပြင်စည်း ကာကွယ်သူ ရာထူးထက် အဆမတန် မြင့်မားသော ခံစားခွင့်များကို ရရှိလာမည်ဖြစ်သည်။သူက ဒီတစ်ခေါက် သံလိုက်မြူအမှောင်ထုအတွင်း ၀င်ရောက်ရခြင်း ရည်ရွယ်ချက်မှာ သိုင်းဝိညာဉ်နန်းတော်၏ စစ်ဆေးမှုအတွက် ပြင်ဆင်ရန် ထွတ်မြတ်ခြင်းအဆင့် မှော်ရတနာများ လာရောက်စုဆောင်းခြင်းဖြစ်သည်။မြင့်မြတ်ခြင်းကုန်းမြေဒေသရှိ သက်တမ်းရင့်အဖွဲ့အစည်းကြီး ခုနှစ်ခုသည် တကယ်တော့ အချင်းချင်း မတည့်ကြပါ။သူတို့က မကြာခန ပဋိပက္ခများရှိပါသည်။ရှောင်လင်းသည် သံလိုက်မြူအမှောင်ထု ခရီးစဉ်တွင် အခြားအဖွဲ့အစည်းများမှ သိုင်းသမား အတော်များများကို သတ်ဖြတ်ခဲ့သည်။ဘာအခက်အခဲမှ မကြုံရသလောက်ပင်ဖြစ်သည်။တကယ်တော့ ရှီယန်က သူ့ကို လာရန်မစလျှင်ပင် ရှောင်လင်းက အလွတ်ပေးလိမ့်မည်မဟုတ်ပါ။ရှီယန်တို့အုပ်စု ရရှိမည့် မှော်ရတနာများအတွက် သူက ရှီယန်တို့အုပ်စုကို နောက်ပိုင်းတွင် သုတ်သင်ရှင်းလင်းရပါဦးမည်။ကျောက်ဖန်းနှင့် လီယွီတို့သည် တုကဲ့တို့အုပ်စုနှင့် တိုက်ခိုက်နေသောအခါ ထိုအရာက သူဖြစ်စေချင်သောအရာဖြစ်သည်။သူတိုအချင်းချင်းတိုက်ခိုက်ကြပြီး ဒဏ်ရာအကြီးအကျယ် ရကုန်လျှင် သူ့အတွက် အကျိုးအမြတ်ရှိသည်။ထို့ကြောင့် အလင်းတော်ဂိုဏ်းနှင့် အဖြူရောင်နယ်မြေတို့ ချနေကြစဉ် သူက အခွင့်ကောင်းယူက ရှေးဟောင်းအလောင်းကောင်များကို သတ်ဖြတ်နေခြင်းဖြစ်သည်။မှော်ရတနာ များများရလေ ကောင်းလေပင်မဟုတ်လော။ရှောင်လင်းသည် ကျယ်ကျယ်ပြန့်ပြန့် တွက်ချက်ပြီး စီစဉ်ခဲ့ခြင်းဖြစ်သည်။ယခုတိုက်ပွဲတွင် အချိန်ကြာလာသည်နှင့်အမျှ တုကဲ့တို့ ကျောက်ဖန်းတို့အုပ်စုများ အားအင်ကုန်ခမ်းလာကြမည်ဖြစ်ပြီး ထိုအချိန်ကျမှ သူက နှစ်ဖွဲ့စလုံးကို ရှင်းလင်းကာ မှော်ရတနာများကို သိမ်းပိုက်လိုက်ရုံပဲဖြစ်သည်။ယခု ရှီယန်က သူ့ထံ ပြေးဝင်လာသောအခါ သူက အခြေအနေကို အမြန်ပြန်လေ့လာရသည်။တုကဲ့သေသွားပြီ...။ကျောက်ဖန်းတို့ လီယွီတို့အုပ်စုက ဆက်တိုက် အနိုင်ရရှိနေပြီဖြစ်သည်။ဒါက သူလိုချင်သောအခြေအနေမဟုတ်ပေ။သို့သော်လည်း ရှီယန်က သူ့ကိုမှ ဦးတည်ပစ်မှတ်ထားလာသောအခါ ရှောင်လင်းလိုချင်သည့်အကွက်ထဲ ၀င်သွားသည်။သူ့လူများကို အော်ဟစ် အမိန့်ပေးလိုက်သောအခါ သူ့လူများကလည်း ချက်ဆို နားခွက်က မီးတောက်ကြသည်။အားလုံးပင် ပစ်မှတ်ပြောင်းလဲလိုက်ကြပြီး ရှီယန့်ကို စောင့်ကြိုနေလိုက်ကြလေသည်။သိုင်းဝိညာဉ်နန်းတော်အုပ်စုတွင် သိုင်းသမားခုနှစ်ယောက်ပါဝင်သည်။ရှောင်လင်းနှင့် ရှောင်ဟိုင်းက ကောင်းကင် တတိယအဆင့်များဖြစ်ကြပြီး ကျန်ငါးယောက်ထဲမှ သုံးယောက်မှာလည်း ကောင်းကင် ဒုတိယအဆင့်များ ဖြစ်ကြလေသည်။ရေကန်ငယ်ထဲတွင် ရှိနေတုန်းကလည်း သူတို့အုပ်စုသည် အင်အားအတောင့်တင်းဆုံးဖြစ်သည်။သူတို့အုပ်စုသည် ယခု ရှီယန့်ကို ရင်ဆိုင်ကြမည်ဖြစ်ပြီး လုံးဝဥသုံ ယုံကြည်မှုလည်းရှိနေကြသည်။"မကောင်းတော့ဘူး"ဇူရှီက စိုးရိမ်ပူပန်စွာ အော်ဟစ်သည်။"ဖိုးဖိုး...ရှီယန် အန္တရာယ်ဖြစ်တော့မယ်...အဲ့ဒီ လူခုနှစ်ယောက်က အစွမ်းထက်လွန်းတယ်...ရှီယန် သူတို့ကို မနိုင်လောက်ဘူး"ဇူခွားသည်လည်း မျက်နှာပျက်သွားသည်။"ကောင်းကင် တတိယအဆင့် နှစ်ယောက်နဲ့ ကောင်းကင် ဒုတိယအဆင့်သုံးယောက်...ကျန်တဲ့နှစ်ယောက်ကလည်း ကောင်းကင်ပထမအဆင့်ပဲ...ဒီအုပ်စုက အလင်းတော်ဂိုဏ်းထက် အများကြီးသာနေပြီ...ရှီယန်တော့ ကိုယ့်အားကိုယ်ကိုးရတော့မယ်...ဒုက္ခတော့ရောက်ပြီထင်တယ်""ဘာလုပ်ကြမလဲ..ဖိုးဖိုး..."ဇူရှီက အလွန်စိတ်ပူနေသည်။ သူမက ကူကယ်ရာမဲ့စွာဖြင့်"သမီးအဆင့်နဲ့ ဘာမှမလုပ်နိုင်ဘူး....သူ့ကို မကူညီနိုင်ဘူး""သူ့အနားကပ်ဖို့ မစဉ်စားနဲ့"ဇူခွားက ငေါက်ငမ်းလိုက်သည်။"ညည်း အဲ့ဒီကို သွားရင် သေမှာပဲ...ငါသွားရင်တောင် ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး"ဇူရှီက ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပြီးနောက် ကျောက်ဖန်းတို့ လီယွီတို့ထံ အော်ပြောလိုက်သည်။"ရှီယန် အန္တရာယ်ရှိနေပြီ"ကျောက်ဖန်းနှင့် လီယွီတို့သည် အဖြူရောင်နယ်မြေ၏ လက်ကျန် နီဗားနားအဆင့်များကို နှိပ်ကွပ်နေကြခြင်းဖြစ်သည်။ဇူရှီ့အော်သံကြားသောအခါ နှစ်ယောက်စလုံးပင် လှည့်ကြည့်လိုက်မိကြသည်။ကျောက်ဖန်းက အလောတကြီးဖြင့်"ရှောင်လင်း...ကောက်ကျစ်တဲ့ကောင်..မင်းတို့ ဒီလောက် အရှက်မဲ့ရလား...ဒီကောင်လေးတစ်ယောက်တည်းကို မင်းတို့ လူအများကြီးနဲ့ ၀ိုင်းတိုက်မလို့လား...မရှက်ဘူးလား""သူကငါ့ကို တိုက်ခိုက်ချင်မှတော့ ငါ့ကို အပစ်မတင်နဲ့လေ"ရှောင်လင်းက အေးစက်စက်ရယ်မောလိုက်သည်။သူ့ဘယ်ဘက်လက်မောင်းက ရွှေအိုရောင်ဖျော့ဖျော့ လင်းလင်းလာသည်။သူသည် စိန်ပွင့် သိုင်းဝိညာဉ်ပိုင်ဆိုင်သူဖြစ်သည်။သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည် မည်သည့်အရာကမျှ ချိုးဖျက်မရနိုင်အောင် မာကျောသည်။သူ၏ ယခု ဘယ်ဘက်လက်တစ်ဖက်တည်းသည်ပင် လောကကြီးရှိ မည်သည့် အတားအဆီးကိုမဆို ဖျက်ဆီးပစ်တော့မည့်အလားဖြစ်သည်။မြင်မြတ်ခြင်းကုန်းမြေဒေသရှိ သိုင်းဝိညာဉ်နန်းတော်သည် ဓါတ်ကြီးငါးပါး သီးသန့်နယ်မြေများရှိပြီး သတ္တုဓါတ် သီးသန့်နယ်မြေလဲ ပါဝင်သည်။ရှောင်လင်းသည် သူ၏ စိန်ပွင့် သိုင်းဝိညာဉ်ကို အမြင့်ဆုံးရောက်အောင် ကျင့်ကြံထားသည်။သတ္ထုဓါတ်သီးသန့်နယ်မြေတွင်လည်း နှစ်ပေါင်းသုံးဆယ်ခန့် ပင်ပင်ပန်းပန်း လေ့ကျင့်ပြီးသောအခါ သူ၏ စိတ်ပွင့်သိုင်းဝိညာဉ်သည် မတူညီသော သတ္ထုဓါတ်စွမ်းအင် ဆယ်မျိုးအထိ စုပ်ယူပေါင်းစပ်ထားနိုင်ခဲ့သည်။သူ့ ကိုယ်ခန္ဓာတစ်ခုလုံးသည် သတ္ထုကိုယ်ထည်အဖြစ် ပြောင်းလဲနိုင်ပြီး သတ္ထုဓါတ်အမျိုးအစား အဆင့်မြင့် မှော်ရတနာတစ်ခုနှယ်ဖြစ်နေပြီဖြစ်သည်။စိန်ပွင့် သိုင်းဝိညာဉ်သည် ထွတ်မြတ်ခြင်းအဆင့် သိုင်းဝိညာဉ်အမျိုးအစားဖြစ်ပြီး နှစ်ပေါင်း သိန်းချီ သက်တမ်းရှိပြီဖြစ်သည်။ယခု ရှောင်လင်းက သူ၏ စိန်ပွင့်သိုင်းဝိညာဉ်ကို သတ္တုဓါတ်အမျိုးမျိုးနှင့်လည်း ပေါင်းစပ်ထားလေရာ သူက သိုင်းဝိညာဉ်ကို ထုတ်ဖောလိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး သတ္တုကိုယ်ထည်အဖြစ် ပြောင်းလည်းသွားမည်ဖြစ်သည်။စိန်တစ်ပွင့်လို မာကျောရုံသာမက သူ၏ ခြေလက်များသည်လည်း အလွန် အစွမ်းထက်သော လက်နက်များဖြစ်လာကြသည်။အလွန် ကြောက်စရာကောင်းပြီး ခြိမ်းခြောက်နိုင်စွမ်းကြီးမားသော သိုင်းဝိညာဉ်ပင်ဖြစ်သည်။ယခု ရှောင်လင်းက သူ့ ဘယ်လက်မောင်းကိုသာ သတ္ထုအဖြစ် ပြောင်းလဲထားသည်။သူက ရှီယန် ပြေးဝင်လာသည်ကို စိုက်ကည့်နေရင်း သူ၏ ဘယ်လက်မောင်းတွင် သထ္တုဓါတ် ဆယ်မျိုး၏ စွမ်းအင်များကို စုစည်းထားလိုက်သည်။ပြီးနောက် ဘာတိုက်ကွက်မှမပါပဲ ရိုးရိုး ဗလာလက်သီးတစ်လုံးသာ ပစ်သွင်းလိုက်လေသည်။ထူးဆန်းသော သတ္တအလင်းများ လင်းလက်သွားသည်။သူ၏ သတ္ထုလက်မောင်းသည် ရွှေအိုရောင် ဓါးတစ်စင်းကဲ့သို့ ရှီယန့်ရင်ဝကို ထိုးစိုက်သည်။"ထန်း...."သံကိုသံချင်းထိခိုက်သံလိုမျိုး အကျယ်ကြီး ထွက်ပေါ်လာသည်။ထိုလက်သီးချက်ကြောင့် အရှိန်အဟုန်နှင့် ပြေးဝင်လာသော ရှီယန့် ခန္ဓာကိုယ်က နောက်ပြန် ယိုင်ထွက်သွားသည်။ထိုလက်သီးချက်မှ သတ္ထုဓါတ်ဆယ်မျိုး၏ စွမ်းအင်များက သူ့ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။သူ့ ရင်ဘတ်ကြွက်သားများထဲတွင်လျှို့ဝှက်ဆန်းကြယ်သော ခွန်အားများ သိပ်သည်းသွားကြပြီး ခရမ်းရောင်အလင်းများက ထို သတ္ထုဓါတ်ဆယ်မျိုး သူ့ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်မလာစေရန် ကာကွယ်ထားလိုက်သည်။ထိခိုက်ဒဏ်ရာ မရရှိပါ။သူက ခတ္တမျှ မလှုပ်မရှား ရပ်တန့်နေပြီးနောက် ရုတ်တရက် ခေါင်းမော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။သူ့မျက်လုံးနှစ်လုံးမှ သွေးရောင်အလင်းတန်းနှစ်ခုက သွေးစီးကြောင်းနှစ်ကြောင်းသဖွယ် ပစ်လွင့်လာသည်။ထို သွေးအလင်းတန်းနှစ်ခုသည် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး ပျက်သုဉ်းခြင်းခံစားချက်များက ရှောင်လင်းထံ တိုးဝင်လာသည်။သူ၏ အားအနည်းဆုံး၏ ထင်ရသော လည်ပင်းကို ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားသည်။"ငါ...ိုးမ အရူး"ရှောင်လင်းက ကျိန်ဆဲလိုက်ရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေအိုရောင်အလင်းများ ဖြာထွက်လာသည်။တစ်စက္ကန့်၏ တစ်ဝက်အတွင်း ရှောင်လင်း၏ ခန္ဓာကိုယ်မှ သတ္ထုဓါတ်စွမ်းအင်များသည် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီဖြစ်သည်။သူက သတ္တုသွန်း ရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ရှီယန် ပစ်လွှတ်လိုက်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် သူ့လည်ပင်းမှ ၀င်ရောက်ကာ အာရုံကြောများမှတဆင့် ဦးခေါင်းဆီသို့ ဆန်တက်ရန်ကြိုးစားသည်။ရှောင်လင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။သူ့ မျက်လုံးများက ရွှေရောင်နှင့် ငွေရောင် သီးခြားစီ လင်းလက်နေပြီး မျက်နှာတစ်ခုလုံးသည်လည်း သတ္တုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။သူ၏ အသွင်အပြင်က လူသား၏ ဖြစ်တည်မှုထက် သာလွန်နေသော ခံစားချက်ကို ပေးစွမ်းသည်။ပျက်သုဉ်းခြင်းခံစားချက်များက ရှောင်လင်း၏ ဦးခေါင်းထဲသို့ ၀င်ရောက်ရာတွင် သတ္တုဓါတ်များ၏ တားဆီးခြင်းကိုခံရသည်။ရှီယန်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ရှောင်လင်း၏ ဦးခေါင်းထဲသို့ တိုးမပေါက်နိုင်တော့ပါ။"ဒီကောင်က လှည့်ကွက်တွေ သုံးတတ်တယ်ကွ...တုကဲ့ သူ့လက်ချက်နဲ့ သေသွားတာ မထူးဆန်းတော့ဘူး...ဒါပေမဲ့ တုကဲ့ကို သတ်နိုင်ရုံနဲ့ ငါ့ကိုလည်း သတ်နိုင်မယ်ထင်ရင်တော့ မှားသွားမှာပေါ့"ရှောင်လင်းက ၀ံ့ကြွားစွာဖြင့်"တုကဲ့က ငါ့ပြိုင်ဘက်မဟုတ်ဘူး...ငါ သတ္တုခန္ဓာအဖြစ် ပြောင်းပြီးတဲ့အခါအဆင့်တူထဲမှာတောင် ငါ့ကို ထိခိုက်အောင်လုပ်နိုင်တဲ့လူ မရှိတော့ဘူး"ရှောင်လင်းက အလွန်ပင် မောက်မာလှသည်။သူက ရှီယန့်ကို မျက်စိထဲပင် မထည့်ပါ။ရှီယန် ရှောင်လင်းကို ထိခိုက်အောင် မလုပ်နိုင်မှန်း တွေ့ရသောအခါ သိုင်းဝိညာဉ်နန်းတော်သိုင်းသမားခြောက်ယောက်က အလျှင်မလိုကြတော့ပါ။ရှီယန့်နောက်မှလိုက်ပါလာကြသော သိုင်းသမားအုပ်စုကို အေးအေးဆေးဆေး စောင့်နေလိုက်ကြသည်။ပျက်သုဉ်းခြင်းစွမ်းအင်များ၏ ပြုစားခြင်းခံထားရသော သိုင်းသမားများသည် ကောင်းကင်ပထမဆင့်များဖြစ်ကြသည်။သူတို့အားလုံးပင် ရဲရဲနီသော မျက်လုံးများရှိကြပြီး ရှီယန့်အပေါ် သစ္စာရှိကြသည်။ရှီယန် တခြားတစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို မြင်ရသောအခါ သူတို့က သူတို့ အသက်ကိုပင် ဂရုမစိုက်ပဲ တဟုန်ထိုး ပြေးဝင်လာကြသည်။သိုင်းဝိညာဉ်နန်းတော်မှ သိုင်းသမားခြောက်ယောက်သည် ထိုလူများ၏ အဆင့်သည် ကောင်းကင် ပထမဆင့်သာဖြစ်မှန်း တွေ့ရသောအခါ ပိုလို့ပင် သက်သောင့်သက်သာဖြစ်သွားကြသည်။တိုက်ကွက်များကိုပင် ရယ်ကာမောကာဖြင့်ပင် တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။သူတို့ခန္ဓာကိုယ်များမှ ရှားပါးသော သိုင်းဝိညာဉ်အမျိုးအစားများ ထွက်ပေါ်လာကြလေသည်။ပြင်ပ တိုက်ခိုက်ရေး သိုင်းဝိညာဉ်မျိုးဖြစ်စေ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး သိုင်းဝိညာဉ်မျိုးဖြစ်စေ ထို သိုင်းဝိညာဉ်နန်းတော်မှ သိုင်းသမားများက နက်နက်ရှိုင်းရှိုင်း နားလည်တတ်ကျွမ်းကြသည်။သူတို့က ကိုယ်ပိုင် သိုင်းဝိညာဉ်များကို ဖော်ထုတ်လိုက်လျှင် နောက်ထပ် အဆင့်တစ်ဆင့်သို့ တိုးမြင့်သွားသကဲ့သို့ပင်ဖြစ်သည်။သူတို့က ရှီယန့်နောက်မှ လိုက်ပါလာကြသော သိုင်းသမားများကို ရပ်တန့်သွားစေသည်။"နင် ဒီလူတွေကို ကြည့်ထားလိုက်ဦး ငါက ဟို လူညစ်ကလေးကို သွားကူလိုက်ဦးမယ်"ကျောက်ဖန်းက လီယွီကို ပြောလိုက်သည်။သူ့မျက်နှာက တည်ကြည်လေးနက်နေပြီး"ဒီကောင်လေးက ထူးခြားတယ်..ငါတို့ သူ့ကို ဂိုဏ်းချုပ်ကြီးဆီခေါ်သွားရင် မျက်နှာရမှာသေချာတယ်...ငါတို့ကိုလည်း ချီးမြင့်မြှောက်စားလိမ့်မယ်..ဒီကောင်လေးဟာ သာမန်မဟုတ်ဘူးဆိုတာ ငါခံစားနေရတယ်...ငါတို့ သူ့ကို ကူညီလိုက်ရင် သူက ငါတို့ဆီကို မျှော်မှန်းမရနိုင်တဲ့ အကျိုးအမြတ်တွေ သယ်ဆောင်လာလိမ့်မယ်"လီယွီ၏ မျက်လုံးများက တောက်ပသွားကြသည်။သူမက ချက်ခြင်းနားလည်သဘောပေါက်သွား၏။ ခေါင်းညိတ်ပြလိုက်ရင်း"မြန်မြန်သွား...ငါ ဒီကောင်တွေကို ကြည့်ရှင်းပြီး နင့်ကိုလာကူမယ်"အလင်းတော်ဂိုဏ်းသည် အပေးအကမ်း အလွန်ရက်ရောသည်။တစ်စုံတစ်ယောက်က ဂိုဏ်းအတွက် အကျိုးရှိမည့်ကိစ္စကို လုပ်ဆောင်နိုင်လျှင် ထိုလူ၏ ရာထူးသည်လည်း တိုးမြင့်ပေးခြင်းခံရသည်။ရှီယန်သည် နှီဗားနား တတိယအဆင့်သာဖြစ်သော်လည်း ကောင်းကင်တတိယအဆင့် တုကဲ့ကို သတ်နိုင်သည်။အခု သူတို့က ရှီယန့်ကို အလင်းတော်ဂိုဏ်းသို့ ခေါ်သွားနိုင်လျှင် အနာဂါတ်အတွက် ခွန်အားကြီးမားသော ဂိုဏ်းသားတစ်ယောက်ကို ရလိုက်ခြင်းပင်ဖြစ်သည်မဟုတ်လော။ကျောက်ဖန်းသည် သဘောကောင်းဟန်တူသော်လည်း သူက အလွန် တွက်ချက်တတ်သူဖြစ်သည်။ရှီယန့်ကိုသာ အလင်းတော်ဂိုဏ်းသို့ ခေါ်သွားနိုင်လျှင် သူက ရာထူး တိုးလာမည့်အပြင် ခံစားခွင့်များလဲ အမြောက်အများ ရရှိလာနိုင်သည်။အလင်းတော်ဂိုဏ်း၏ ရှေးဟောင်းလျှို့ဝှက် ကျမ်းစာများကိုပင် လေ့လာခွင့် ရလာနိုင်ပြီး စိတ်ဝိညာဉ်အဆင့်သို့ လျှင်မြန်စွာ တက်လှမ်းသွားနိုင်လောက်သည်။ထို့ကြောင့် ယခု ရှောင်းလင်က ရှီယန့်ကို ပျက်စီးစေရန် အားထုတ်နေသောအခါ သူက အလွန် စိုးရိမ်ပူပန်လာပြီဖြစ်သည်။ကိုယ့်ကိုယ်ကိုယ်ပင် ဂရုမစိုက်တော့ပဲ ရှီယန့်ထံ ပြေးဝင်သွားလေတော့သည်။"ရှောင်ဟိုင်း...ကျောက်ဖန်းကို ရင်ဆိုင်ထားလိုက်"ကျောက်ဖန်း ၀င်လာသည်ကို မြင်သောအခါ ရှောင်လင်းက သူ့လူကို လှမ်းပြောသည်။ရှောင်ဟိုင်းက ခေါင်းညိတ်လိုက်သည်။သူက လက်ရှိအခြေအနေကို နားလည်သည်။ ခနအတွင်းပင် သူ့ခန္ဓာကိုယ်သည် ၀ိုးတ၀ါးအရိပ်မည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ခန့်မှန်းမရနိုင်သော ပုံရိပ်တစ်ခုအဖြစ် ကျောက်ဖန်းထံ တိုးဝင်သွားလေသည်။ရှောင်ဟိုင်းသည် ကျောက်ဖန်း ရှီယန့်ထံမရောက်မီ လမ်းမှ ဖြတ်တားလိုက်ပြီဖြစ်သည်။နှစ်ယောက်စလုံးပင် ကောင်းကင်တတိယအဆင့်များဖြစ်ကြသောကြောင့် ကျောက်ဖန်းက ဂရုမစိုက်ပဲ မနေ၀ံ့တော့ပါ...သူက နေရောင်ခြည်စွမ်းအင်များကို စုစည်းကာ ရှောင်ဟိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရလေတော့သည်။
----- ----- ----- ----- ----- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora