455

586 88 0
                                    

Chapter 455: သောက်ကြမ်းကြီး

စွမ်းအင်စုစည်းခြင်းလက်စွပ်ကို အောင်မြင်စွာ ဖန်တီးပြီးသွားသောအခါ ရှီယန်က သူ၏ ပထမဆုံး ပန်းပဲအတွေ့အကြုံကို ရရှိခဲ့လေပြီ။
သူက နောက်ထပ် စမ်းသပ်လိုသော ကုန်ကြမ်းအချို့ကို ရှာယူလိုက်ပြီးနောက် ဘဏ္ဍာတိုက်ထဲမှ ပြန်ထွက်လာခဲ့သည်။

ယန်မိသားစုဝင်များ အစည်းအဝေးလုပ်နေကြဟန်တူသည်။

သူ့ကိုမြင်တော့ ယန်ကျောက်နှင့် ကျန်လူများ ထလာကြသည်။
နှစ်လလုံးလုံး ဘာလုပ်နေခဲ့သလဲ ဝိုင်းမေးကြတော့သည်။

စွမ်းအင်အဆင့် တည်ငြိမ်အောင် ကျင့်ကြံနေခြင်းဖြစ်ကြောင်း ပြောပြလိုက်ပြီး ပန်းပဲပညာအကြောင်းတော့ လျှို့ဝှက်ထားလိုက်သည်။

နှစ်လခန့်ရှိလေပြီ။ရေအောက်မြို့ဟောင်းရှိ ခေါင်းမာသော သိုင်းသမားများပင် အပိုးကျိုးလာကြလေပြီ။
အခွန်အခ မှန်မှန်ပေးဆောင်ကြပြီး ယန်တို့ကို ကလန်ကဆန် မလုပ်ရဲကြတော့ပါ။
မင်းဟိုင်တို့အုပ်စု သတ်ဖြတ်ခြင်းခံရပြီးနောက် ရေအောက်မြို့ဟောင်းရှိ လူသားမျိုးနွယ်သိုင်းသမားများ ကောင်းကောင်းနားလည်သွားကြပြီဖြစ်သည်။
အင်ပါယာ ယန်ခန်းဒီ မရှိလျှင်လည်း ယန်မိသားစုသည် သူတို့အပေါ် သေခြင်းရှင်ခြင်း စီရင်နိုင်စွမ်းရှိနေပါသေး၏။
ရှီယန်၏ ရက်စက်ကြမ်းကြုတ်သော လွှမ်းမိုးမှုအောက်တွင် လူအများအနေဖြင့် ခေါင်းမာမနေဝံ့ကြတော့ပါ။
ရေအောက်မြို့ဟောင်းသည် အရင်တုန်းကလိုပဲ ယန်တွေလက်ထဲတွင် ငြိမ်ဝပ်စွာရှိနေပြီဖြစ်၏။

နဂါးနက်ကလန်ကတော့ ဘာမှ သတင်းစကား ပေးပို့ခြင်း အသိအမှတ်ပြုခြင်းမရှိပါ။
ယန်မိသားစု ဖန်တီးသော ကြီးမားသည့် အပြောင်းအလဲကို သူတို့က ဘာမှတ်ချက်မှမပေးပါ။
ရေနေမျိုးနွယ်စုများထဲတွင် အင်အားအကြီးဆုံးအဖွဲ့အစည်းကြီးတစ်ခုအနေဖြင့် သူတို့က ထိုကဲ့သို့ပင် မသိကျိုးကျွံပြုနေခဲ့ပါသည်။

သို့သော်လည်း ငါးမန်းဖြူကလန်၊နာဂါးမျိုးနွယ်စုနှင့် ပင်လယ်ကင်းမြီးကောက်ကလန်တို့၏ သဘောထားများကြောင့် ယန်မိသားစုက တည်ငြိမ်နိုင်ခဲ့ပါသည်။
ထို့ကြောင့် နဂါးနက်ကလန်၏ အသိအမှတ်ပြုမှုကို မလိုအပ်ပါ။
သူတို့က ဗိုလ်နေမြဲ ကျားနေမြဲပင် ရှိခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now