579

546 68 0
                                    

Chapter 579: လှုံ့ဆော်မှု

နတ်ဘုရားအဆင့် လက်နက်

မြင့်မြတ်ခြင်းကုန်းမြေဒေသတွင် အစွမ်းထက် မှော်ရတနာပေါင်း မြောက်မြားစွာရှိပါသည်။
သို့သော် နတ်ဘုရားအဆင့် မှော်ရတနာကတော့ အနည်းငယ်သာရှိသည်။
သက်တမ်းရင့် အဖွဲ့အစည်းကြီး ခုနှစ်ခုတွင်ပင် နတ်ဘုရားအဆင့် မှော်ရတနာ တစ်ခုစီသာ ပိုင်ဆိုင်သည်။
ထိုမှော်ရတနာများသည်လည်း နန်းစဉ်ရတနာများလို တန်ဖိုးထားခံရပြီး ဂိုဏ်း၏ အစွမ်းအထက်ဆုံး လက်နက်များပင်ဖြစ်သည်။

ကျူးယီနှင့် ယဲ့ရှောင်းတို့က ရှီယန့်ထံတွင် လျှို့ဝှက်ချက်များစွာ ရှိကြောင်း ခန့်မှန်းထားကြသော်လည်း နတ်ဘုရားအဆင့်လက်နက်တစ်ခုပိုင်ဆိုင်လိမ့်မည်ဟုတော့ မစဉ်းစားခဲ့ဖူးပါ။
ယခု ရှီယန်ကိုင်ဆောင်ထားသော ဓါးနီကြီးကို သူတို့ မြင်ဖူးခဲ့ပြီးဖြစ်သော်လည်း ယခုတစ်ခါ မြင်တွေ့ချိန်တွင်တော့ ပထမဆုံးအကြိမ် မြင်ဖူးသလိုမျိုး ငေးမောနေမိကြသည်။
နတ်ဘုရားအဆင့်လက်နက်ဆိုသည့် အတွေးက လူအားလုံးကို တုန်လှုပ်ခြောက်ခြားစေသည်။

ဒီတစ်ကြိမ် ကောင်းကင်ဖျက်ဆီးသူ ထွက်ပေါ်လာသည့်အခါ ကျူးယီတို့အုပ်စု အံ့သြတုန်လှုပ်သွားသည်သာမက တစ္ဆေအမှတ်အသားကလန်၏ သုခမိန်နှစ်ပါးကိုလဲ မျက်လုံးများ တောက်ပသွားစေခဲ့သည်။
အားလုံးသောသူများသည် ရှီယန်၏ ဓါးနီကြီးကိုသာ မျက်တောင်မခတ်ပဲ ကြည့်လျှက်ရှိကြသည်။

ယင်လက်ရေးကျမ်းစာအုပ်ကို သိမ်းဆည်းလိုက်သော သုခမိန်သည် ပါးစပ်ကို လျှာဖြင့်သပ်လိုက်ရင်း လက်ကိုဆန့်ထုတ်ကာ
“ငါ့ကိုပေး”

သူသည် နတ်ဘုရားအဆင့် လက်နက်ဖြစ်သော ကောင်းကင်ဖျက်ဆီးသူကို ကြည့်နေစဉ် သူ့မျက်နှာ၌ ဆိုးညစ်သောအမူအယာ ဖြစ်ပေါ်နေသည်။

ရှီယန်က အေးစက်စက်ပြုံးလိုက်ရင်း
“ဘာလို့ပေးရမှာလဲ”

“ငါမင်းကို အသက်ရှင်ခွင့်ပြုမယ်”
သုခမိန်က မဲ့ရွဲ့ကာပြုံးလိုက်ရင်း
“မင်း လိမ္မာမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ မင်းကို မထိခိုက်စေရဘူး…မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်မပြောနဲ့”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now