463

583 81 0
                                    

Chapter 463: အေးအေးဆေးဆေး(A)

ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံ အကြီးအမှူးဝိညာဉ်နှင့် ပေါင်းစည်းသွားပြီးကတည်းက သူ့ အကြီးအမှူးဝိညာဉ်သည် အခြားသူများ၏ စွမ်းအင်အဆင့်အတန်းကို မြင်ရုံဖြင့် ခွဲခြားသိနိုင်လာသည်။
ပုန်းကွယ်မနေကြဘူးဆိုလျှင် နတ်ဘုရားအဆင့်များပင် ခြွင်းချက်မဟုတ်ခဲ့ပါ။

ကျူးယီဖန်းနှင့် စုကျဲတို့သည် ဝါးခမောက်၊ဝတ်ရုံရှည်များဖြင့် ဖုံးကွယ်နေကြချိန် အခြားသူများကလဲ ချောင်ကျီလန်းနှင့် ဖန်ကျိတို့လို လူငယ်များကိုသာ သတိပြုမိကြသည်။
ပြီးတော့ တကယ်လဲ ဂရုစိုက်ကြသည်မဟုတ်သောကြောင့်ဖြစ်ဟန်ရသည်။
ယခု သူတို့ ဝတ်ရုံများ ချွတ်လိုက်ကြသည့်အခါ ထိုလူနှစ်ယောက်၏အသွင်အပြင်သည်လည်း ထွက်ပေါ်လာသည်။
ရှီယန့်မြင်ကွင်းထဲရောက်လာသောအခါ ရှီယန်သည် သူတို့၏ စွမ်းအင်အဆင့်ကို တစ်ချက်တည်း တန်းသိလိုက်သည်။

ကျူယီဖန်းနှင့် စုကျဲတို့သည် အနည်းငယ် မှုန်တည်တည်ရှိကြပြီး လေးလံသောအရှိန်အဝါများပိုင်ဆိုင်သည်။

အထူးသဖြင့် စုကျဲဖြစ်၏။
ရှီယန်သည် အဘယ်ကြောင့်မှန်းမသိ ထိုလူကိုမြင်သောအခါ ရင်းနှီးနေသလိုထင်မိသည်။ထိုလူကို တစ်နေရာတွင် မြင်ဖူးသလိုလိုရှိသည်။သို့သော်လည်း သူနှင့် တစ်ခါမှ မဆုံခဲ့ဖူးကြောင်းလဲ သိနေပြန်သည်။သူ့မျက်နှာတွင်တော့ ဘာခံစားချက်မှ ထွက်ပေါ်မလာပါ။

ဖုန်းလိုင်နတ်ကျွန်းမှ ချန်းလန်ကတော့ ကောင်းကင်တတိယအဆင့်ဖြစ်ပါသည်။
ရှီယန်က ထိုလူကို ထည့်သွင်း၍ပင် မစဉ်းစားပါ။

ထိုအချက်ကိုထောက်လျှင် ချောင်မိသားစုနှင့် သိုင်းဝိညာဉ်နန်းတော်တို့သည် ဖုန်းလိုင်နတ်ကျွန်းထက် သာလွန်ကြောင်း သိသာစေသည်။
ချောင်မိသားစုနှင့် သိုင်းဝိညာဉ်နန်းတော်တို့က စိတ်ဝိညာဉ်အဆင့်တစ်ယောက်စီကို စေလွှတ်နိုင်သည့်အချိန်တွင် ဖုန်းလိုင်နတ်ကျွန်းက ကောင်းကင်အဆင့်တစ်ယောက်သာ စေလွှတ်နိုင်သည်။
သူတို့သည် ချောင်မိသားစုနှင့် သိုင်းဝိညာဉ်နန်းတော်တို့ထက် တစ်ဆင့်နိမ့်ကြောင်း ဝန်ခံနေသလိုပင်ဖြစ်၏။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora