506

577 65 1
                                    

Chapter 506: ဝံပုလွေကို အိမ်ခေါ်မိခြင်း

ဖားပြုတ်ကြီးကို စီးနင်းလာသူ အဖိုးကြီးသည်လည်း သူ့သားရဲနှင့် ထပ်တူညီလုနီးပါးပင်ဖြစ်သည်။
သူ့မျက်နှာတွင် ဝက်ခြံလို အဖုအပိန့်များနှင့် ပြည့်နှက်နေပြီး အဆိပ်သားငံရည် တမြားမြားဖြင့် ရှိနေသည်။သူ၏ ရွံရှာဖွယ် အဆင်းသဏ္ဍန်ဖြင့်ပင် လူအများ သူ့အနီး မကပ်စေရန် လုံလောက်နေပြီဖြစ်သည်။

တောင်းဆိုမှုကို သဘောတူညီတော့မည့်ပုံစံနှင့် မေးခွန်းထုတ်နေသော ဟန်ကျူးသည် ထို အရူးကြီးကို မြင်ရသောအခါ မူးမေ့လဲကျသွားတော့မတတ်ပင်ဖြစ်သွားသည်။
သူမသည် ထိုအဖိုးကြီးထံ သူမခန္ဓာကိုယ်ကို တစ်ညတာ ပုံအပ်ရန်ထက် မိမိကိုယ် မိမိ သတ်သေရန်ပင် စိတ်အားထက်သန်ဦးမည်ဖြစ်သည်။

ငါဘာလုပ်လိုက်မိပြီလဲ။ဒီအဖိုးကြီးကို ပြုစုဖို့ထက် ဝက်တစ်ကောင်ကို ပြုစုတာကမှ ပိုအဓိပ္ပါယ်ရှိဦးမယ်။

ဟန်ကျူးနောင်တတွေ တစ်သီကြီးရသွားသည်။
အံတင်းတင်းကြိတ်ထားရင်း နဖူးတွင်ပျံလာသော ချွေးများကို သုတ်ကာ
“ထားလိုက်တော့…ငါ နင်တို့နဲ့ သဘောတူညီမှု မလုပ်တော့ဘူး..ငါတို့ သွားတော့မယ်”

“နင်က လက်ခံခဲ့ပြီးမှ အခု စကားကို ပြန်ရုပ်သိမ်းချင်တာလား”
ထိုအဖိုးကြီးက နှာခေါင်းတစ်ချက်ရှုံ့ရင်းပြောသည်။သူ့မျက်နှာက ပိုမို ခက်ထန်လာသည်။
“ငါ က အရုပ်ဆိုးလို့ပေါ့ ဟုတ်လား…ဟားဟား…မင်းတို့ လက်မခံချင်ရင်လဲ လက်ခံရမယ်ကွ…မင်း ဒါကို မလုပ်ချင်ရင် ဒီ အဆိပ်မိုးတိမ်ရွှံ့ညွှန်တောကနေ ထွက်သွားဖို့ မစဉ်းစားနဲ့…လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ မိန်းမမျိုးတွေကို ငါသိပ်မုန်းတာ”

ဟန်ကျူးနှင့် လင်းတန်ချင်းတို့ မျက်စိမျက်နှာ ပျက်သွားကြသည်။

“အဖိုးကြီး ယူက ကြည့်မကောင်းပေမဲ့ သူက လူကောင်းတစ်ယောက်ပါ…အကြီးအကဲ ဟန်…သူကိုလက်ခံလိုက်ပါ…အေးစိမ့်ရေခဲမီးလျှံဟာ မင်းအတွက် တကယ်ကောင်းမွန်တဲ့ အရာပါ…ဟုတ်ပြီနော်..သူ့ကို သဘောတူပေးလိုက်ပါ”
ကောင်းကင်မီးလျှံပိုင်ရှင် ကောင်လေးမျိုးနှင့်ဆိုလျှင် တစ်လအတူနေပေးရလဲ သူမ စိတ်မရှိပါ။
သို့သော် ဒီလို ညစ်ပတ်ပြီး ရွံရှာဖွယ်ရာ လူကြီးမျိုးနှင့်ကတော့…

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now