452

571 80 0
                                    

Chapter 452: ကျေနပ်ဖွယ်ဘဏ္ဍာတိုက်ထဲတွင် ရှီယန်တစ်ယောက်ထဲ ကျန်ရစ်ခဲ့သည်။ကျယ်ဝန်းသော ဘဏ္ဍာတိုက်သည် စွမ်းအင်ကျင့်ကြံခြင်းဆိုင်ရာ သယံဇာတ အမျိုးအစား ထောင်ချီ သိုလှောင်ထားသည်။အရောင်အသွေးစုံလင်လှပြီး အချို့မှာ မျက်စိကျိန်းမတတ်ပင် တောက်ပသည်။အဝါရောင်စာရွက်လေးများဖြင့် အမျိုးအစား ခွဲခြားဖော်ပြထားပြီး နာမည်နှင့် အခြေခံအချက်အလက်များကို ရေးထိုးထားသည်။ပန်းပဲဆရာနှင့် မှော်ဆေးဆရာများ ရောက်လာမည်ဆိုလျှင် သူတို့က ထို မှတ်စုများကို ဖတ်ရုံသာဖြစ်ပြီး သူတို့လိုအပ်သော ပစ္စည်းများကို အလွယ်တကူ ရယူနိုင်ပါသည်။ယန်ကျောက်စကားအရ တစ်စုံတစ်ယောက်သည် ပန်းပဲဆရာဖြစ်လိုလျှင် အနိမ့်ဆုံး လူသားမီးလျှံ ပိုင်ဆိုင်ရမည်ဖြစ်သည်။မြေကမ္ဘာမီးလျှံရှိလျှင် အကောင်းဆုံးဖြစ်လာမည်ဖြစ်ပြီး ကောင်းကင်မီးလျှံသာ ပိုင်ဆိုင်လျှင်တော့ အဖျင်းဆုံး ပန်းပဲဆရာသည်ပင် ထိပ်တန်းလက်နက်များကို သွန်းလောင်းနိုင်ပေလိမ့်မည်။လူသား မီးလျှံသည် အနိမ့်ဆုံးလိုအပ်ချက်ဖြစ်ပြီး မြေကမ္ဘာမီးလျှံရှိလျှင် အကောင်းဆုံးဖြစ်သည်။ကောင်းကင်မီးလျှံဆိုသည်မှာကတော့ ကံကြမ္မာနှင့်သာ သက်ဆိုင်ပေသည်။ကောင်းကင်မီးလျှံသည် ပန်းပဲဆရာတို့၏ လက်ထဲတွင် နတ်ဘုရား ကိရိယာတန်ဆာပလာပင်ဖြစ်သည်။ရှားပါးသတ္တုရိုင်းများ ထားရှိသော အတန်းတွင် ရှီယန် ရပ်နေ၏။သူ့ထံတွင် ကောင်းကင်မီးလျှံသုံးမျိုးရှိသည်။အေးစိမ့်ရေခဲမီးလျှံ မြေကမ္ဘာမီးလျှံနှင့် ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံတို့ဖြစ်သည်။ထိုအထဲတွင် မြေကမ္ဘာမီးလျှံသည် အသင့်တော်ဆုံးဖြစ်သည်။သူ့ သိုလှောင်လက်စွပ်ထဲတွင် ပန်းပဲဆရာ၏ လျှို့ဝှက်ချက် ရှိနေသည်။ဒါက စိတ်ဝိညာဉ်အဆင့် ပန်းပဲပညာရှင် ပြုစုခဲ့သော ကျမ်းဖြစ်သည်။မီးလျှံ၊ကုန်ကြမ်းနှင့် နည်းစနစ်...ဒါက ပန်းပဲဆရာတစ်ယောက်လိုအပ်သော အခြေခံများဖြစ်သည်။သူ့ထံတွင် အားလုံးရှိနေသည်။သူ အာရုံစူးစိုက်လိုက်လျှင် ပန်းပဲပညာရှင်တစ်ယောက် မဖြစ်လာနိုင်သလော။ရှီယန် အတွေးနက်နေသည်။ထိုအချိန်တွင် သူ့ မရီဒျန်များထဲတွင် ပြည့်နှက်နေသော ပျက်သုဉ်းခြင်းစွမ်းအင်များက ရုန်းကြွလာကြသည်။ဆိုးဝါးသော အတွေးများက သူ့စိတ်သို့ လာရောက်ရိုက်ခတ်ကြပြီဖြစ်သောကြောင့် ကောင်းကောင်း စဉ်းစားတွေးခေါ်လို့ မရတော့အောင်ဖြစ်လာသည်။သူက မင်းဟိုင်တို့အုပ်စုကို သတ်ဖြတ်ခဲ့စဉ်တွင် ပျက်သုဉ်းခြင်း အော်ရာအများအပြား စုပ်ယူခဲ့မိပါသည်။ယခု သူ့ ခုနှစ်ရာ့နှစ်ဆယ်သော သွေးကြောကွက်များမှ သိသာသောနာကျင်မှုကို ခံစားနေရပြီဖြစ်သည်။ပျက်သုဉ်းခြင်းစွမ်းအင်များ ပြည့်လျှံနေပြီဖြစ်သောကြောင့် သူက သန့်စင်မှုကို အရင်ပြုမှရပေလိမ့်မည်။မဟုတ်လျှင် သူ့စိတ်ကို လွှမ်းမိုးသွားနိုင်ပါသည်။သူက ထိုအရေးကို တွေးမိပြီးဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲတွင် တစ်ယောက်ထဲ နေခဲ့ခြင်းဖြစ်သည်။ဒါတွေကို သူတစ်ယောက်တည်း ချေဖျက်ရပါမည်။သူက သွေးနွယ်ရှင်လက်စွပ်ထဲမှ အေးစိမ့်ရေခဲမီးလျှံကို ခေါ်ထုတ်လိုက်သည်။"ငါ့ကို ခဲထားပေးပါ...ငါ့စိတ်တွေ အခြေကျသွားမှ ပြန်ဆက်သွယ်လိုက်မယ်"အေးစိမ့်ရေခဲမီးလျှံက သူ့ရှေ့တွင် ရစ်ဝဲနေရင်း သူ့ကို ဂရုတစိုက်ကြည့်သည်။ဒီနှစ်များအတွင်း အေးစိမ့်ရေခဲမီးလျှံသည် ရှီယန်နှင့်အတူ ရှိနေခဲ့သောကြောင့် ရှီယန်၏ ထူးဆန်းမှုများအကြောင်း အတော်အတန် သိပါသည်။အေးစိမ့်ရေခဲမီးလျှံက အလွန်အမင်းအေးစက်သောလေထုကို ထုတ်လွှတ်သောအခါ ရှီယန့်တစ်ကိုယ်လုံး စတင်အေးခဲလာသည်။ချပ်...ချပ်...ချပ်..သူ့တစ်ကိုယ်လုံးကို ငါးမီတာခန့်ထူထဲသော ရေခဲထုက ဖုံးအုပ်သွားသည်။နေရာတွင်ပင် ထိုင်နေရင်း ရှီယန်က ရေခဲရုပ်တုတစ်ခုဖြစ်သွားသည်။အေးစိမ့်ရေခဲမီးလျှံသည် လောကတွင် အအေးဆုံး သက်ရှိတစ်မျိုးဖြစ်ပြီး ကျွန်းတစ်ခုလုံးကိုပင် အေးခဲစေနိုင်သောစွမ်းရည်ပိုင်ဆိုင်သည်။သူ၏ ရေခဲဓါတ်ဖြင့် ရှီယန့်ကို မလှုပ်နိုင်အောင် ချုပ်လှောင်ပေးရန်မှာ သူ့အတွက် ခက်ခဲသောအရာမဟုတ်ပါ။ရေခဲတုံးထဲတွင် ရှီယန်က ပျက်သုဉ်းခြင်းစွမ်းအင်များကို ပြန်လည်သန့်စင်ခြင်းဖြစ်စဉ်တွင် နစ်မြုပ်လျှက်ရှိသည်။ရေခဲဖြစ်နေသောကြောင့် သူ့စိတ်သည် မကောင်းသော အတွေးများ သိမ်းပိုက်ခံရလျှင်ပင် သူက ဘာမှ လုပ်နိုင်တော့မည်မဟုတ်ပါ။သန့်စင်ခြင်းမှ ထွက်ပေါ်လာသော ပျက်သုဉ်းခြင်း ခံစားချက်များသည် သူ့စိတ်ကို လာရောက်ရိုက်ခတ်သည်။သို့သော်လည်း အေးစိမ့်ရေခဲမီးလျှံ၏ အအေးဓါတ်အောက်တွင် သူ့အတွေးများသည်ပင် အေးခဲဟန်တူ၏။ထို့ကြောင့် သူက သန့်စင်ခြင်းဖြစ်စဉ်အတွင်း အသိစိတ်ပျောက်ကာ အရာရာကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်စရာမလိုတော့ပါ။အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် တစ်ရက်ကြာသွားသည်။ပျက်သုဉ်းခြင်းစွမ်းအင်များအားလုံး သန့်စင်သွားပြီးနောက် သူ၏ မရီဒျန်ထဲမှ ထူးဆန်းသော စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာသည်။ခုနှစ်ရာ့နှစ်ဆယ်သော သွေးကြောကွက်များမှတဆင့် သူ၏ ကြွက်သားများ အရိုးများထဲအထိ စိမ့်ဝင်ပျံ့နှံ့သည်။အင်မော်တယ်သိုင်းဝိညာဉ်...အင်မော်တယ်သိုင်းဝိညာဉ်ကို ထူးဆန်းသော စွမ်းအင်များက အားဖြည့်ပေးသောအခါ အဖိုးတန် အင်မော်တယ်သွေးစက် လေးစက် ထပ်မံထွက်ပေါ်လာပြီး သူ့လက်ဖဝါးတွင် လာရောက်စုဝေးသည်။နောက်ထပ် စီးကြောင်းတစ်ခုကတော့ သူ၏ နှလုံးသားထဲသို့ စီးဝင်သွားသည်။ကြယ်တာရာသိုင်းဝိညာဉ်။ကြယ်တာရာစွမ်းအင်များကို စုပ်ယူနိုင်စွမ်းအား တိုးမြှင့်ပေးပြီး ပိုမိုများပြားသော ကြယ်တာရာအလင်းစက်များ ဖြစ်ပေါ်လာစေသည်။ရှီယန် ဖြည်းညင်းစွာ ပြန်လည်နိုးထလာသည်။သူ ရုတ်တရက် ခံစားလိုက်ရသည်က အလွန်အမင်း အေးစက်နေခြင်းဖြစ်၏။ကမန်းကတန်းပင် အေးစိမ့်ရေခဲမီးလျှံကို ဆက်သွယ်ရသည်။အအေးဓါတ်ကို စုပ်ယူသိမ်းဆည်းနိုင်သော စုပ်ဝဲတစ်ခုဖြစ်ပေါ်လာပြီးနောက်တွင်တော့ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေခဲများအပြင် အခန်းထဲမှာ ဘယ်တုန်းကမှ မအေးဖူးခဲ့သည့်အလား အအေးဓါတ်များ ပျောက်ကွယ်သွားပြီဖြစ်သည်။ရှီယန်က အသက်၀၀ ရှူလိုက်ပြီးနောက် ကြယ်တာရာသိုင်းဝိညာဉ်၏ အပြောင်းအလဲကို အာရုံခံကြည့်သည်။သူက အဖိုးတန် အင်မော်တယ်သွေးလေးစက်ကိုလဲ ရရှိခဲ့ပြီဖြစ်သည်။သူက ကျေနပ်စွာပြုံးလိုက်ရင်း အေးစိမ့်ရေခဲမီးလျှံကို ခေါင်းညိတ်ပြသည်။"အားလုံး အဆင်ပြေတယ်""ငါ ပြန်ဝင်ရတော့မလား"အေးစိမ့်ရေခဲမီးလျှံက မေးသည်။"ခနလေး..."ရှီယန်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်တူ၏။"ပြော""ငါ နီဗားနားအဆင့်ရောက်တဲ့အခါ မင်းကို လွှတ်ပေးမယ်လို့ ကတိထားခဲ့တယ်နော်"ရှီယန့်အမူအယာက အနည်းငယ် စိတ်မကောင်းဖြစ်နေဟန်တူသည်။"ဒါပေမဲ့ ငါ နီဗားနား အဆင့်ကို ရောက်ချိန်မှာ ထူးဆန်းတဲ့ အခြေအနေက ရှုပ်ထွေးနေတယ်...မင်းကလဲ တိတ်ဆိတ်နေတော့ ငါ ဘာမှ မမေးခဲ့ဘူး...ဒါပေမဲ့ အခု...""အခုအချိန်မှာတော့ ငါ ထွက်မသွားချင်သေးပါဘူး"အေးစိမ့်ရေခဲမီးလျှံက သူ စကားမဆုံးမီမှာပင် ပြန်ပြောလာသည်။"ငါ ထွက်သွားမယ်လို့ ပြောခဲ့တာက ငါ့ရဲ့ အရင်ပိုင်ရှင်လိုပဲ ငါ့ကို အတင်းအကြပ် ပေါင်းစည်းပြီး ကျွန်ပြုမှာလားလို့ပါ...ဒါပေမဲ့ အချိန်တစ်ခုကြာပြီးတဲ့အခါ ငါက မင်းအကြောင်း သိလာပါပြီ...မင်းက တခြားလူတွေနဲ့ မတူဘူး""ဘယ်လို..."ရှီယန်က အံ့အားသင့်သွားသည်။"ဒါဆို မင်းက ငါ့ကိုထားမသွားဘူးပေါ့""ငါ အဲ့ဒီလိုအတွေးမျိုးမရှိသေးပါဘူး"အေးစိမ့်ရေခဲမီးလျှံက ဆက်ပြောသည်။"ငါဖွံ့ဖြိုးတိုးတက်ဖို့ အသင့်တော်ဆုံး နေရာတစ်ခု မတွေ့မချင်းပေါ့...ငါပြောပါ့မယ်...အဲ့ဒီအချိန်ကျ မင်းငါ့ကို သွားခွင့်ပြုဖို့မျှော်လင့်ပါတယ်...အခု ငါမင်းနဲ့ အတူနေပြီး အဖော်ပြုပေးမယ်...မင်းကို ကာကွယ်ပေးရင်းနဲ့ရော တခြား နတ်ဘုရားအဆင့်တွေရဲ့ ဖမ်းဆီးခြင်းခံရမယ့်အရေးကနေ ရှောင်ဖယ်ရင်းရောပေါ့"ရှီယန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။သူက တစ်ချက်တွေးလိုက်ပြီးနောက် သွေးနွယ်ရှင်လက်စွပ်ထဲမှ မြေကမ္ဘာမီးလျှံ သိဒ္ဓိဝိညာဉ်နတ်ဘုရား၊မိစ္ဆာပိုးမွှားဘုရင်ကြီးနှင့် ရွှေပိတုံး။ထူးခြားသော သက်ရှိ သုံးမျိုးနှင့် သားရဲနှစ်ကောင်...အပြင်ဘက်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ရှီယန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ရင်း"ကံကြမ္မာကြောင့် ငါတို့ဟာ အတူတကွရှိနေကြတယ်...အခု ငါ မင်းတို့ကို တစ်ခုရှင်းအောင်ပြောချင်တယ်..."သက်ရှိ သုံးမျိုးနှင့် သားရဲနှစ်ကောင်စလုံး တိတ်ဆိတ်စွာ နားထောင်နေကြသည်။သူက မိစ္ဆာပိုးမွှားဘုရင်နှင့် ရွှေပိတုံးကိုကြည့်ကာ"ငါ့သွေးက မင်းတို့လို သားရဲတွေအတွက် အဖိုးတန်မှန်း ငါသိပါတယ်...အခု ငါကတိတစ်ခုပြုမယ်...ငါအသက်ရှင်နေသ၍ တစ်လကို တစ်စက်စီပေးမယ်...အဆင့်တက်အောင်ကြိုးစားကျင့်ကြံကြပါ"သူက မိစ္ဆာပိုးမွှားဘုရင်ကို ကြည့်လိုက်ရင်း"မူလအသက်နို့ရည် ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မင်းငါနဲ့နေသ၍ ငါ့ကတိကို ငါတည်မယ်...ငါ့ဆီကနေ ထွက်ခွာသွားမယ်ဆိုရင်တော့ မူလအသက်နို့ရည် အကုန် ထားခဲ့ပါ"ပြီးနောက် သူက အဖိုးတန် အင်မော်တယ်သွေးစက် နှစ်စက်ကို ညှစ်ထုတ်လိုက်ပြီးနောက် သားရဲနှစ်ကောင်ကို တိုက်ကြွေးလိုက်သည်။သူတို့၏ အကြည့်များက ပိုမို ရင်းနှီးကျွမ်းဝင်လာကြ၏။ရှီယန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။သူက အေးစိမ့်ရေခဲမီးလျှံ မြေကမ္ဘာမီးလျှံနှင့် သိဒ္ဓိဝိညာဉ်နတ်ဘုရားတို့ထံ လှည့်ကြည့်လိုက်ပြီးနောက်"မင်းတို့ စွမ်းအင်အဆင့်တက်ဖို့ကျတော့ ဘာတွေလိုအပ်မှန်းငါမသိဘူး...ဒါပေမဲ့ တစ်နေ့ မင်းတို့အတွက် အကျိုးရှိမယ့်တစ်စုံတစ်ရာတွေ့လို့ မင်းတို့ ထွက်ခွာသွားချင်တယ်ဆိုရင် ငါက မင်းတို့ကို လုံးဝ တားမြစ်မှာမဟုတ်တဲ့အကြောင်း ကတိပေးချင်တယ်..."အေးစိမ့်ရေခဲမီးလျှံ၊မြေကမ္ဘာမီးလျှံနှင့် သိဒ္ဓိဝိညာဉ်နတ်ဘုရားတို့သည် ကိုယ်ထည်မရှိသော သက်ရှိများဖြစ်သောကြောင့် သူတို့၏ ကျေနပ်ဝမ်းမြောက်မှုကို အတွေးများဖြင့် ဖော်ပြကြသည်။"အခု ဒီဘဏ္ဍာတိုက်ထဲမှာ စွမ်းအင်ကျင့်ကြံခြင်းဆိုင်ရာ ပစ္စည်းတွေ အများကြီးရှိတယ်...အများစုကတော့ လူသားတွေအတွက်ချည်းထင်တယ် ဒါပေမဲ့ မင်းတို့နဲ့ ကိုက်ညီတာရှိရင် ကြိုက်တာယူခွင့်ရှိတယ်"အေးစိမ့်ရေခဲမီးလျှံ၊မြေကမ္ဘာမီးလျှံနှင့် သိဒ္ဓိဝိညာဉ်နတ်ဘုရားတို့သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားကြလေသည်။----- ----- ----- ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora