444

571 79 0
                                    

Chapter 444: လွှမ်းမိုးခြင်းယန်ကျောက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။မယုံကြည်နိုင်သော မျက်နှာဖြင့် ရှီယန့်ကိုစိုက်ကြည့်နေရင်း"ယန်ကလေး...ဒါ ပျက်ရယ်ပြုစရာမဟုတ်ဘူးနော်"ယန်မူနှင့် ကျန်လူများအားလုံးသည်လည်း ရင်ထိတ်သွားကြသည်။ရှီယန်သည် ကောင်းကင်အဆင့်သို့ရောက်နေပြီဖြစ်ကြောင်း သူတို့ သတိပြုမိပြီး ရှီယန်ကလဲ ဝန်ခံခဲ့ပြီးဖြစ်သည်။ကောင်းကင်အဆင့် စွမ်းအင်ကျင့်ကြံမှုအဆင့်ကို မိစ္ဆာပိုးမွှားကြီးနှင့် ပေါင်းလိုက်လျှင် ကျူးလန်ရှင်းလို သိုင်းသမားမျိုးကို မှုစရာမလိုသော်လည်း ဒါက ပေါင်ဝမ်ဖြစ်၏။ကြည့်ရတာ ရှီယန်က သူ့ကိုယ်သူ အထင်ကြီးနေဟန်တူသည်။ကောင်းကင်အဆင့်နှင့် စိတ်ဝိညာဉ်အဆင့်သည် ဖော်ပြလို့ မရနိုင်အောင် ခြားနားချက်ကြီးမားပါသည်။ထိုနှစ်ဆင့်အကြားမှ အကွာအဝေးသည် တိုင်းတာလို့ပင်မရနိုင်ပါ။ကောင်းကင်အဆင့်သည် သိုင်းသမား အတော်များများတို့အတွက် တစ်သက်တာတွင်ရောက်ရှိနိုင်သော အမြင့်ဆုံးအဆင့်ဖြစ်ပြီး သိုင်းသမား အများစုကြီးသည် သူတို့တစ်သက်လုံး စိတ်ဝိညာဉ်အဆင့်သို့ ခြေမချသွားနိုင်ခဲ့ပါ။စိတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်သွားသူများသည် ဘ၀အသစ်တစ်ခုသို့ ရောက်ရှိသွားသလိုပင်ဖြစ်သည်။လူသားအဆင့်မှ နတ်ဘုရားအဆင့်သို့ ပြောင်းလဲသွားသောအဆင့်ဖြစ်သည်။ကောင်းကင်အဆင့် သိုင်းသမားတစ်ယောက်ကို ဖမ်းချုပ်ရန်သို့မဟုတ် သတ်ဖြတ်ရန်ဆိုသည်မှာ စိတ်ဝိညာဉ်အဆင့် သိုင်းသမားတစ်ယောက်အတွက် ခြင်ရိုက်သလိုပင် လွယ်ကူသောအရာဖြစ်သည်။စိတ်ဝိညာဉ်အဆင့်ကို ရင်ဆိုင်လိုသော် အနိမ့်ဆုံး ကောင်းကင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေမှသာ ဖြစ်နိုင်ချေအနည်းငယ်လေးရှိပါသည်။သို့သော်လည်း ကောင်းကင် ပထမအဆင့်တစ်ယောက်အနေနဲ့ကတော့ စိတ်ဝိညာဉ်အဆင့်သိုင်းသမားကို ရင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ပါ။ဒါက ယန်ကျောက်တို့တစ်တွေ ရှီယန့်အပေါ် ယုံကြည်မှုမရှိသောကြောင့်မဟုတ်ပဲ အဓိပ္ပါယ်မရှိသောကြောင့်ဖြစ်ပါသည်။သူတို့က ရှီယန်သည် လက်ရှိ စွမ်းအင်ကျင့်ကြံမှုအဆင့်နှင့် ပေါင်ဝမ်ကိုပင် ရင်ဆိုင်ရန် မဖြစ်နိုင်ဟု ယူဆပါသည်။ပင်လယ်ကင်းမြီးကောက်ကလန်၏ ခေါင်းဆောင်ကို ထည့်မပြောပါနှင့်ဦး။"ဒီကိစ္စမျိုးကို ပျက်ရယ်ပြုလို့ဘယ်ရမလဲ"ရှီယန်က ယန်ကျောက်တို့ကို အပြုံးဖြင့် အတည်ပြုလိုက်ပြန်သည်။"ဦးလေး...စိတ်မပူပါနဲ့...ကျုပ် ဒီလိုပြောကတည်းက ကျုပ်မှာ ထောက်အကူရှိလို့ပေါ့...ကျူးလန်ရှင်းက ဒီနေ့ သေကိုသေရမယ်...ပေါင်ဝမ် ဒီလို လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ဘာမှ မထူးခြားဘူး...ကျုပ်က သူ့ကိုသတ်မှာပဲ"ရှီယန်၏ စကား အဆုံးသတ်သွားသောအခါ လူအားလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်။အဆောက်အအုံမြင့်ကြီး၏အပေါ်တွင် ရှီယန်က တည်ငြိမ်သောအပြုံးဖြင့် သက်သောင့်သက်သာရပ်လို့နေသည်။သူသည် ပေါင်ဝမ်၏ ကျော်ကြားမှုကို လုံးဝ ဂရုမစိုက်သကဲ့သို့ပြုမူနေပြီး ကျူးလန်ရှင်းကိုသာ စောင့်ကြည့်လို့နေ၏။ရေအောက်မြို့ဟောင်းရှိ သိုင်းသမားများအားလုံး ကျူးလန်ရှင်းကို ဝိုင်းထားကြသည်။သို့သော်လည်း သူတို့က တုံ့ဆိုင်းနေကြပါသည်။ကျူးလန်ရှင်း၏ ခြိမ်းခြောက်မှု အောက်တွင် ဘယ်သူမှ အရင်ဆုံး မလှုပ်ရှားဝံ့ကြပါ။စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင် ပေါင်ဝမ်၏ ကျော်ကြားမှုသည် လူအားလုံးကို အကြောဆိုင်းသွားစေရန် လုံလောက်ပါသည်။ရှီယန်သည် အလျင်မလိုပါ။သို့သော်လည်း အတန်ကြာ စောင့်ကြည့်နေပြီးချိန်အထိ မည်သည့်သိုင်းသမားကမျှ စတင်မလှုပ်ရှားကြသောအခါ ရုတ်တရက် မိုးထစ်ခြုန်းသလို အော်ဟစ်ပစ်လိုက်သည်။"မြန်မြန်လုပ်...အချိန်က ကုန်တော့မယ်...ကျူးလန်ရှင်း မသေဘူးဆို မင်းတို့ အရင်သေမယ်မှတ်"လူတိုင်းပင် အသည်းထဲ အေးစိမ့်သွားကြသည်။"အချိန်ပေးထားတယ်နော်...မင်းတို့ တကယ်လှုပ်ရှားရင် ကျူးလန်ရှင်းက သေနေပြီးပြီ...မင်းတို့ ဘာဆက်လုပ်မလဲ ငါစောင့်ကြည့်နေတယ်"ရှီယန်က တစ်ချက်ပြုံးလိုက်ရင်း"ပေါင်ဝမ်က အင်အားကြီးတယ်ဆိုပေမဲ့ သူက ဒီနေရာမှာမရှိဘူး...မင်းတို့ သူ့ကို ကြောက်ရင် ကျူးလန်ရှင်းကို သတ်ပြီး ထွက်ပြေးကြ..မင်းတို့ အကုန်လုံးကို ပေါင်ဝမ်က အရှေ့ပင်လယ်အထိ လိုက်မရှာနိုင်ပါဘူး""လူယုတ်မာလေး...ငါ့ကို အနိုင်မကျင့်နဲ့"ကျူးလန်ရှင်းက အေးစက်သောမျက်နှာထားဖြင့် သူ့ကိုမော့ကြည့်သည်။"နင်ငါ့ကို တစ်ခုခုလုပ်ရဲလုပ်ကြည့် ပေါင်ဝမ်က နင့်ကို ခွင့်လွှတ်မယ်မထင်နဲ့...နင် နင့်ရဲ့ ယန်မိသားစုကို ဂရုစိုက်သေးတယ်ဆိုရင် နင်ငါ့ကို သွားခွင့်ပြုလိုက်တာပိုကောင်းမယ်...ဒီမှာ...ပေါင်ဝမ်က ရေအောက်မြို့ဟောင်းနားမှာနေတာပဲ...ငါ သတင်းပို့ထားပြီးပြီ...သူ မကြာခင်ရောက်လာလိမ့်မယ်...နင် စကားနားထောင်ရင်ကောင်းလိမ့်မယ်...မဟုတ်ရင် ဘယ်သူ့အသက်မှ အာမ မခံဘူးနော်"ယန်ကျောက်၏မျက်နှာက ပြောင်းလဲသွားသည်။ယန်မိသားစုဝင်များလည်း မျက်နှာပျက်သွားကြသည်။အလိုအလျောက်ပင် ရေအောက်မြို့ဟောင်းတစ်ဝိုက်ကို ဝေ့ဝဲကြည့်မိကြသည်။ပေါင်ဝမ်သည် လူအုပ်ထဲတွင်ရောက်ရှိနေပြီးဖြစ်ကာ အချိန်မရွေးထွက်ပေါ်လာလိမ့်မည်ဟု ထင်လာကြသည်။ပေါင်ဝမ်သည် ကောက်ကျစ်ပြီး ရက်စက်ကြောင်း သူတို့သိသည်။ပြီးတော့ သူ ဝင်ရောက်စက်ဖက်ပြီဆိုလျှင်လည်း အားလုံးကို သတ်ဖြတ်ရန် ဝန်လေးမည်မဟုတ်ချေ။ယန်မိသားစုအနေအထားက အရင်လိုမဟုတ်။အင်ပါယာ ယန်ခန်းဒီ ရှိနေလျှင် အကြောင်းမဟုတ်သော်လည်း ယခု ယန်ခန်းဒီ အဖမ်းခံထားရသောသတင်းက မသိသူမရှိသလောက်ဖြစ်နေပေပြီ။ရေနေမျိုးနွယ်စုအားလုံး သိရှိထားကြသည်။ပေါင်ဝမ်သာ ယန်မိသားစုကို ကြောက်စိတ်ရှိနေတုန်းဆိုလျှင် ကျူးလန်ရှင်းကို တိတ်တဆိတ် ထောက်ပံ့ခဲ့လိမ့်မည်မဟုတ်ပါ။ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်နိုင်သည်ဟုပင် တင်စားကြသော စိတ်ဝိညာဉ်အဆင့်တစ်ယောက်အတွက် ဒီ ရေအောက်မြို့ဟောင်းက ဘာမှမဟုတ်ပါ။"အိုး..."ရှီယန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောသည်။သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အသံကို မြှင့်တင်လိုက်ပြီး"ပေါင်ဝမ်...မင်းဘယ်မှာလဲ...မင်း ဒီမှာရှိနေရင် ထွက်ခဲ့လေကွာ..နောက်ကျလို့ကတော့ မင်းဆော် အလောင်းပဲရမယ်မှတ်"သူ၏ မောက်မာမှုကို လူအားလုံး အံ့ဩသွားရသည်။ဒီကောင်လေးသည် ကောင်းကင်အဆင့်သာဖြစ်သော်လည်း လူအများရှေ့တွင် ပေါင်ဝမ်ကို နာမည်တပ်ပြီးခေါ်သည်။မင်းနဲ့ငါနဲ့ တန်းတူပြောနေသည်။ပြီးတော့ ထိုကဲ့သို့ ထီမထင်သော စကားများကို ပြောထွက်ဝံ့သည်။သူ့အဆင့်က ပေါင်ဝမ်းလောက် အားမကောင်းသော်လည်း သူ၏ သတ္တိကိုတော့ လူအားလုံး လေးစားသွားကြသည်။"ရှီယန် ... မဆင်မခြင်မလုပ်နဲ့နော်...မင်းဒီလိုလုပ်နေရင် ပင်လယ်ကင်းမြီးကောက်ကလန်က အလွတ်ပေးမှာမဟုတ်ဘူး...သူတို့က သိပ် ရန်လိုပြီး ကလဲ့စားချေတတ်တယ်...မင်း ဒီလိုမျိုး အရမ်း ဆွပေးနေမယ်ဆိုရင် မင်းတို့ယန်မိသားစုအတွက် ဘာမှ ကောင်းလာမှာမဟုတ်ဘူး"ထိုအသံသည် လူအုပ်ကြီးနောက်မှ ကြည်လင်စွာထွက်ပေါ်လာခြင်းဖြစ်သည်။ဖေးယာ...နာဂါမျိုးနွယ်ငါးယောက်နှင့်အတူ ရှေ့သို့ လျှောက်လှမ်းလာသည်။ထို့နောက်တွင်တော့ ကလန်အသီးသီးမှ ရေနေမျိုးနွယ်စုများအားလုံး ဟိုမှ ဒီ အလျှို အလျှို ထွက်ပေါ်လာကြသည်။ရေအောက်မြို့ဟောင်းနှင့် အလုပ်လုပ်သော ရေနေမျိုးနွယ်စုအားလုံး ယနေ့ ယန်မိသားစုတွင် အပြောင်းအလဲကြီးဖြစ်လိမ့်မည်ကို သိရှိထားကြသည်။ပုံမှန်အားဖြင့် သူတို့သည် ဒီအရေးကိစ္စကို သိပ်အရေးမစိုက်ကြပါ။ယန်မိသားစု ဖယ်ရှားခံရပြီး အင်အားစုလေးစုက သိမ်းပိုက်စိုးမိုးသွားမည်ကို ကြိုတွေးထားကြပြီးဖြစ်သည်။သို့သော်လည်း ရှီယန်က ယန်မျိုးနွယ်စုတွင် သူ၏တည်ရှိမှုကို မောက်မာဝံ့ကြွားစွာ ကြေငြာခဲ့သည်။ထိုအခါ ရေနေမျိုးနွယ်စုများ အားလုံး အံ့အားသင့်သွားကြပြီး တိတ်တဆိတ်လာရောက်စုဝေးခြင်းကို ဖြစ်စေခဲ့လေသည်။သူတို့ တွေးထင်ထားသည့်အတိုင်း ဖြစ်မလာသောအခါ သိလိုစိတ်ပြင်းပြလာကြပြီး တိုက်ပွဲကွင်းပြင်အနီးအထိ တိုးကပ်လာကြခြင်းဖြစ်သည်။မင်းဟိုင်၊ဖူဟောင်နှင့် ရန်းဖန်တို့၏ အလောင်းများ မြေပေါ်လဲကျနေသည့်မြင်ကွင်းသည် လူအုပ်ကြီး၏အာရုံကို အဖမ်းစားနိုင်ဆုံးဖြစ်သည်။ရေနေမျိုးနွယ်စုခေါင်းဆောင်ကြီးများသည် မြင်ကွင်းကို တစ်ချက်ကြည့်ရုံနှင့် မျက်နှာအမူအယာများပြောင်းလဲသွားကြပြီဖြစ်သည်။သူတို့သည် အဆောက်အအုံမြင့်ကြီးပေါ်တွင် ရပ်နေသော ရှီယန့်ကို အလိုအလျောက်မော့ကြည့်မိကြသည်။"မင်းဟိုင်နဲ့ တခြားလူတွေကို ဒီကောင်လေး သတ်ပစ်တာလား...မဖြစ်နိုင်တာ...ဒီကလေးက ငယ်ငယ်လေးပဲရှိသေးတာ...သူတို့သုံးယောက်နဲ့ ဘယ်လို ဖက်ပြိုင်နိုင်မှာလဲ...ဘာတွေဖြစ်ကုန်တာလဲ"ရေနေမျိုးနွယ်စုများက ရောက်ရှိလာပြီးမှ ပိုမို စိတ်ရှုပ်ထွေးကုန်ကြသည်။အခြေအနေကို ဘယ်လိုမှ မသုံးသပ်တတ်တော့ပဲ သိချင်စိတ် ပြင်းပြစွာဖြစ်လာကြသည်။"ကျုပ်ကိစ္စမှာ နာဂါမျိုးနွယ် ပါဝင်ပတ်သက်ဖို့မလိုဘူး"ရှီယန်က တဟားဟားရယ်မောလိုက်ရင်း ထပ်မံ ကြေညာသည်။"ကျုပ် ဒီနေ့ ဒီကိုရောက်လာတာ ရေနေမျိုးနွယ်စုတွေရဲ့ ယန်မိသားစုအပေါ် အကောက်ကြံမှုကို ဖော်ထုတ်ချင်လို့ပဲ...ဒီဆိုးယုတ်တဲ့ အကြံအစည်တွေအားလုံးကို ကျုပ်က ချေဖျက်မယ်""မောက်မာလှချည်လား""ကောင်လေး...မင်းက ရေနေမျိုးနွယ်စုတွေကို ရန်စဝံ့သလား...မင်းကိုယ်မင်း ယန်ဘုရင်လို့ထင်နေတာလား...""ငါကတော့ မင်း အသက်မရှင်ချင်တော့ဘူးလို့ ထင်တယ်""ယန်ဘုရင် ရှိနေရင်တောင် ငါတို့ ရေနေမျိုးနွယ်စုတွေအပေါ် လေးစားမှုရှိတယ်...မင်းဘာလို့ ဒီလောက် မိုက်ရိုင်းနေတာလဲ""သေချင်နေပြီလား""ခွေးကောင်...မင်း ရေအောက်မြို့ဟောင်းက ထွက်သွားစမ်း...""ဒီမြို့မှာ မင်းအတွက်နေရာမရှိဘူး"အချိန်တိုအတွင်းမှာပင် ရေနေမျိုးနွယ်စုများအားလုံး ဒေါသထွက်လာကြသည်။သူတို့က ရှီယန့်ကို ကြိမ်းမောင်းကြသည်။ရှီယန်က နှာခေါင်းရှုံ့လိုက်ရင်း"မင်းတို့က ငါနဲ့ စကားပြောဖို့ အဆင့်ရှိလို့လား..."ယန်မိသားစု အင်အားကြီးစဉ်တုန်းက ယန်တို့သည် ရေနေမျိုးနွယ်များအတွက် ကိစ္စအမြောက်အများ ဆောင်ရွက်ပေးခဲ့သည်။ရေနေမျိုးနွယ်စုများတွင် ရှားပါးသောသယံဇာတများကို ယန်မျိုးနွယ်စုက ယူဆောင်ပေးခဲ့သည်။ယန်မိသားစု၏ တည်ရှိမှုသည် ထို ကုန်းနေရေနေ သတ္တဝါများအပေါ် အကျိုးရှိစေခဲ့သည်။ယခု ယန်မိသားစု ကျဆင်းချိန်တွင် ရေနေမျိုးနွယ်စုများသည် ကျေးဇူးမသိသည့်အပြင် ကျူးလန်ရှင်းတို့ကဲ့သို့သော လူစားမျိုးများကို သွေးထိုးမြှောက်ပင့်ကာ ယန်မိသားစု၏ ဘဏ္ဍာတော်များကို သိမ်းယူချင်နေသည်။ထို့ကြောင့် ရှီယန်က ထိုသူများကို မုန်းတီးသည်။သူ့အနေဖြင့် ရေနေမျိုးနွယ်စုများအပေါ် နွေးထွေးနေစရာအကြောင်း မရှိပါ။သူက ရေအောက်မြို့ဟောင်းမှ စွန့်ခွာရလျှင်လည်း အရေးမကြီးကြောင်း စဉ်းစားထားခဲ့ပြီးဖြစ်သည်။ဒီမှာရှိသည့် ယန်တွေကို သူက မြင့်မြတ်ခြင်းကုန်းမြေသို့ ခေါ်ဆောင်သွားပြီး အရှေကပင်လယ်၏ အရှုပ်ထွေးများမှ ရှောင်ခိုင်းထားလို့ရပါသည်။နောက်ဆုံး သူ တကယ်ဒေါသထွက်လာလျှင် မြို့ကိုပါ ဖျက်ဆီးပစ်ဦးမည်ဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ် ဒီ ရေနေမျိုးနွယ်စုများကို သူ နောက်ကျောပေးထားလျှင်ပင် မကြောက်ပါ။ထို့ကြောင့် သူ မောက်မာသည်။"ရှီယန်...နင် သိပ်မောက်မာတယ်...နင်လုပ်နေတာတွေက အခြေအနေကို ပိုဆိုးလာစေဖို့ပဲရှိတယ်"ဖေးယာက အေးစက်သောမျက်နှာဖြင့်ပြောသည်။သူမက ခေါင်းခါယမ်းလိုက်ပြီး နောက်ထပ် မတိုက်တွန်းတော့ပါ။"အချိန်မရှိတော့ဘူး...ကျူးလန်ရှင်းမသေရင် မင်းတို့ သေဖို့ပြင်ထား"ရှီယန်၏မျက်နှာက မည်းမှောင်နေပြီး အောက်ဘက်ရှိ သိုင်းသမားများကို ကြိမ်းမေားလိုက်သည်။"ပေါင်ဝမ့် မိန်းကလေးကို ဘယ်ကောင်ထိပါးရဲသလဲ"ရေအောက်မြို့ဟောင်း၏ တောင်ဘက်ဆီမှ အသံတစ်ခု လွင့်ပျံလာသည်။မီးခိုးရောင်ပုံရိပ်တစ်ခု လေဟုန်စီးကာ လွင့်မျောလာလေသည်။ထိုမီးခိုးရောင်ပုံရိပ် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် မြို့တော်ခေါင်မိုးအထက်ရှိ ရေထုက လှိုင်းလုံးကြီးများ ထကုန်သည်။ရေအောက်မြို့ဟောင်းတစ်ခုလုံး ကြမ်းတမ်းခက်ထရော်သော အော်ရာ လွှမ်းမိုးသွားသည်။လူတိုင်း၏ စိတ်ဝိညာဉ်ကို ရိုက်ခတ်သည်။ကင်းမြီးကောက်တစ်ကောင်၏ ချောင်းမြောင်းခြင်းကို ခံရသလိုမျိုး စိတ်မလုံမခြုံခံစားရစေသည်။ထိုအသံထွက်ပေါ်လာသည်နှင့် ကျူးလန်ရှင်းကို ဝန်းရံထားသော သိုင်းသမားများသည်မျက်စိပျက်မျက်နှာပျက်ဖြင့် ရှောင်ဖယ်ပြေးကြသည်။ထိတ်လန့်ခြောက်ခြားနေသော ကျူးလန်ရှင်းသည် ထိုအသံကြားပြီးနောက် ချက်ခြင်းပင် သက်သောင့်သက်သာဖြစ်သွားသည်။ကုတ်ချောင်းချောင်းဖြစ်နေရာမှ ခေါင်းမော့ရင်ကော့သွားပြီးနောက် တောက်ပစွာပြုံးလိုက်သည်။သူမ၏ ခန္ဓာကိုယ်ကို ချပ်ချပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်လိုက်ရင်း ချိုအီသောလေသံဖြင့်"ကျမ ဒီမှာပါရှင်""ဟားဟားဟား... ယန်မိသားစုမှာ ဒီလောက် မောက်မာတဲ့ ကလေး ရှိမယ်ထင်မထားဘူး...စိတ်ဝင်စားစရာပဲ"ထို မီးခိုးရောင်ပုံရိပ်သည် အေးစက်သော အရှိန်အဝါကို ဖော်ထုတ်သောအခါ ယန်များအားလုံးထံသို့ အားကောင်းသော ဝိညာဉ်ဖိနှိပ်မှု သက်ရောက်စေသည်။ယန်ကျောက်နှင့် ယန်မိသားစုသိုင်းသမားများ၏ အမူအယာများလည်းပြောင်းလဲသွားကြပြီဖြစ်သည်။ထိုအသံကြားစဉ်ကတည်းက အချို့က ခြောက်ခြားနေကြပြီးဖြစ်ပါသည်။"အစ်ကိုကြီး ပေါင်ဝမ်...ဒီကောင်လေးက စကားရိုင်းတယ်...သူက ရေနေမျိုးနွယ်စုတွေအပေါ် စော်ကားတယ်...သူက အကြိမ်တစ်ထောင်လောက်သေဖို့ထိုက်တန်တယ်...""ဒီကောင့်ကို သတ်ပစ်လိုက်..ဒါမှ ဒီမှာ ဘယ်သူက စကားပြောခွင့်ရှိသလဲဆိုတာသိသွားမှာ...""သတ်...သတ်...သတ်..."ပေါင်ဝမ်ရောက်လာသည်ကိုမြင်သည်နှင့် ရေနေမျိုးနွယ်စုများအားလုံး ဒေါသတကြီး အော်ဟစ်ကြသည်။"ဟားဟားဟား...ခင်ဗျားတို့ စိတ်ချနေပါ...ကျုပ်ရောက်လာပြီဆုမှတော့ ဒီကောင်လေးကို နင်းချေပစ်တော့မှာပါ"ပေါင်ဝမ်က ကျယ်လာင်စွာ အော်ဟစ်ရယ်မောသည်။သူက ရှီယန်အား အထင်သေးစွာကြည့်လိုက်ရင်း"ယန်မိသားစုမှာ ဒီလို ကောင်းမွန်တဲ့ မျိုးစေ့ရှိနေတာ မမျှော်လင့်တဲ့ကိစ္စပဲ...ကံဆိုးတာက ဒါဟာ ကျုပ်လက်ထဲမှာ ပျက်စီးသွားရတော့မယ်...ဟဲဟဲ...ယန်မိသားစုရဲ့ အနာဂါတ်မျှော်လင့်ချက်ကို ရိုက်ချိုးခွင့်ရတာကျုပ်အတွက် ဂုဏ်ယူစရာပါပဲ"ပေါင်ဝမ်းသည် နောက်ဆုံးတော့ ယန်မိသားစု အဆောက်အအုံစု၏ အထက်တွင်ပေါ်ထွက်လာပြီဖြစ်သည်။အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးနောက် ကျူးလန်ရှင်း၏ နံဘေးသို့ ဆင်းသက်လိုက်လေသည်။"ရှင်ရောက်လာပြီနော်..."----- ----- ----- ----- ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now