480

598 82 2
                                    

Chapter 480: အရည်အသွေးကို ထုတ်ဖော်ခြင်း

ဘိုခွန်း၏ မျက်လုံးမှ မီးတောက်မီးလျှံများလို အလင်းများထွက်ပေါ်လာသည်။
သူက ဘယ်ဘက်လက်ကို ဝေ့ယမ်းလိုက်သောအခါ ကောင်းကင်ယံထက် မိစ္ဆာတိမ်ထုများကြားမှ အရိုးဖြူလက်သည်းကြီး ကျဆင်းလာ၏။
လက်ချောင်း တစ်ချောင်းချင်းစီ၏ ထိပ်တွင် တောင်ကြီးတစ်လုံးလို ဖိအားများဖြင့် ရှီယန့်အပေါ် ဖိနှိပ်ဆင်းသက်သည်။

“ဉာဏ်ကောင်းတယ်”
စန္ဒာနတ်မင်း အိုးရန်လုရှောင်း၏ ခန္ဓာကိုယ်မှ လရောင်ခြည်များ ဖြာထွက်လာသည်။
ချက်ခြင်းပင် လရောင်အောက်မှ ရေစက်တစ်ခုလို ကြည်လင်သိပ်သည်းသွားသည်။

မျက်စိတစ်မှိတ်အတွင်း သန့်စင်သော လရောင်ခြည် အကာအကွယ်တစ်ခုဖြစ်လာ၏။
သူမက လက်နှစ်ဖက်ကို မြှောက်ကာ ဘိုခွန်း၏ အရိုးဖြူလက်သည်းကုတ်ချက်ကို တိုက်ရိုက်ခုခံလိုက်လေသည်။

၀ုန်း…
ဖြူဖွေးသော အလင်းတန်းများ ဖြာထွက်သွားပြီးနောက် တောင်ပြိုသလို တော်လည်းသံကြီးနှင့်အတူ နေဝန်းကျွန်းတစ်ခုလုံး တုန်ခါသွားသည်။

“ခမ်းနားသော နေရောင်ခြည်အကာအကွယ်”

နေသူရိန်နတ်မင်း တန်းယာနန်ကလည်း ကျယ်လောင်စွာ ဟိန်းဟောက်သည်။
ပူပြင်းလောင်ကျွမ်းသော နေရောင်ခြည်သည် မီးတောက်မီးလျှံများသဖွယ် ဘိုခွန်းကို ပိတ်ဆို့ဝန်းရံသွားသည်။

“ဒါပဲလား”
ဘိုခွန်းက နှာခေါင်းရှုံ့သည်။
သူ့ လက်ကောက်ဝတ်မှ အစိမ်းရောင်ဝိညာဉ်မြွေတစ်ကောင် တိုးထွက်လာသည်။
ထိုမြွေ၏ ခန္ဓာကိုယ်မှ ရေခဲတမျှအေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။
ပါးစပ်ကြီးကို ဟကာ နေရောင်ခြည်အကာအကွယ်လွှာပေါ်သို့ ပေါက်ချသည်။
မည်းမှောင်သော မီးခိုးလုံးများ ထွက်ပေါ်လာပြီးနောက် တန်းယာနန်၏ နေရောင်ခြည်မီးလျှံများက မီးပွားများအဖြစ် လွင့်စင်ပြိုကွဲရသည်။

ရှီယန်က တည်ငြိမ်စွာပင် ရပ်နေတုန်းဖြစ်၏။
နေနတ်မင်းနှင့် လနတ်မင်းတို့ စတင်လှုပ်ရှားနေကြသည်ကို စောင့်ကြည့်နေသည်။
သူက အလျှင်မလိုသော်လည်း ဘိုခွန်း၏ လှုပ်ရှားမှုများကိုတော့ မျက်ခြေပြတ်မခံပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang