580

563 76 0
                                    

Chapter 580: တန်ပြန်တိုက်ခိုက်မှု

ကြယ်တာရာအလင်းဖြင့် ရွေ့လျားနေစဉ် ရှီယန်က မျဉ်းကွေးတစ်ခုအတိုင်း ပျံသန်းသွားသည်။
သူက စက္ကန့် အနည်းငယ်တိုင်း ဆယ်လီမျှ ဖြတ်ပျံနေသည်။

အရိပ်ပြာတောင်သည် ကျယ်၀န်းသော မြေအောက်ကမ္ဘာတစ်ခုသဖွယ်ဖြစ်၏။
နယ်မြေတစ်ခွင်တွင်လည်း အသက်၀င်နေသော အတားအဆီးများစွာ ရှိသေးသည်။အာကာခွင်းလွန်းပျံရှိနေခြင်းကြောင့် သူ ကံကောင်းနေခြင်းဖြစ်သည်။
အတားအဆီးတစ်ခုနှင့် ၀င်တိုးတိုင်း သူက အာကာခွင်းလွန်းပျံဖြင့် ထိုးဖောက်သည်။

အရိပ်ပြာတောင်၏ ဂူသင်္ချိုင်းများပေါ် ဖြတ်ပျံရင်း ရှီယန်က တိတ်ဆိတ်စွာပင် အာရုံစူးစိုက်ထားခဲ့သည်။
ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံက သူ့ကို လွှမ်းခြုံနေဆဲဖြစ်သော်လည်း အနားယူရန် မဝံ့ရဲသေးပါ။

မိစ္ဆာသံစဉ်ကလန်သည် ဝိညာဉ်ပညာရပ်တွင် ကျွမ်းကျင်သော်လည်း တစ္ဆေအမှတ်အသားကလန်၏ ပညာရပ်က များစွာ ပိုမိုနက်ရှိုင်းသည်။
ဒါကို သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ပြီးမဟုတ်ပါလော။

ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံသာမရှိပါက သူ၏ အသိစိတ်ပင်လယ်ပြိုကွဲသွားမည်ဖြစ်ပြီး သူ၏ အကြီးအမှူးဝိညာဉ်ပင် ပျောက်ကွယ်သွားရလိမ့်မည်ဖြစ်သည်။

တစ္ဆေအမှတ်အသား ကလန်တွင် ထိပ်သီးသိုင်းသမားများစွာရှိသည်။
သုခမိန် နှစ်ပါးအပြင် စိတ်ဝိညာဉ်အဆင့် ဆယ်ယောက်ခန့် ပါ၀င်သည်။သူတို့သည်လည်း ဝိညာဉ်နည်းစနစ်ကို အထူးပြုသည်။သို့သော် ပြီးခဲ့သည့် အတွေ့အကြုံအရ ရှီယန့်အပေါ်တွင်တော့ ဘယ်သူကမှ ဝိညာဉ်နည်းစနစ် အသုံးပြုရဲလိမ့်မည်မဟုတ်ချေ။

သူတို့ သုခမိန်နှစ်ပါး၏ ဝိညာဉ်တိုက်ခိုက်မှုပင် အသုံးမကျဖြစ်သွားခဲ့သည်ဟုတ်လော။
ပြီးတော့ သူက ဒဏ်ရာပင် ပြန်ပေးခဲ့သေးသည်။
သေချာပါသည်။ထို ကလန်လူများ စဉ်းစားတွေးခေါ်တတ်လျှင် သူ့ကို စိတ်ဝိညာဉ်စွမ်းအင်သုံး တိုက်ခိုက်လိမ့်မည်မဟုတ်ပါ။

အာကာခွင်းလွန်းပျံကို ကိုင်ထားရင်း ရှီယန်က သူ့စိတ်ကို တဖြည်းဖြည်း ရှင်းလင်းနေသည်။
နောက်ထပ် အတားအဆီးတစ်ခုကို ထွင်းဖောက်ရန် ကီစုစည်းမှုများ သွန်းလောင်းပေးလိုက်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now