Christmas with Jen (Jensoo)

1K 106 1
                                    

#Unicode

တီ တီ တီ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းဟမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိ

ဖုန်းထဲက အမျိုးသမီးရဲ့ စကားမဆုံးသေး Jennie ဖုန်းကို ချပစ်လိုက်မိသည်

မနက် သုံးနာရီကျော်နေပြီ Kim Jisooက အခုထိ Dorm ကို ပြန်မလာသလို ဖုန်းဆက်တော့လည်း မကိုင်ပေ

Christmasမှာ Jisooနဲ့ အတူရှိချင်လို့မှ မိဘတွေ အိမ်ကနေ Jennie Dormကို ပြန်လာနေပါတယ်ဆိုမှ Jisooက ပြန်ရောက်မလာသေး

Jennie Dormကို လာမယ်ဆိုတာလည်း တစ်နေ့က The Show အတွက် ရီဟာဆယ်လုပ်တုံးက ပြောပြထားပြီးသား သိရက်နဲ့ ဖုန်းမကိုင်စာမပို့ ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတဲ့ Jisooကို Jennie တော်တော်စိတ်တိုနေမိသည်

"Dalgom နင့် Mommy ပြန်ရောက်လာရင် ပြေးကိုက်စမ်း ဘာအချိုးတွေချိုးနေတယ် မသိဘူး စိတ်တိုလိုက်တာ "

Jisoo အိမ်ပြန်လာတဲ့အခါ ရန်လုပ်ဖို့ Jennie ရဲဆေးတင်ဖို့ ဆုံးဖြတ်လိုက်သည်

Jennie ဧည့်ခန်းထဲကနေ မီးဖိုချောင်ဘက် လျှောက်လာသည်

ရေခဲသေတ္တာထဲက ဝိုင်ပုလင်းကို ဖောက်ပြီး Chaeyoung ဝယ်ထားတဲ့ ဂင်ချီကို မြည်းကာ ဝိုင်သောက်လိုက်သည်

ဝိုင်တစ်ပုလင်း ကုန်သွားတဲ့အခါမှာတော့ Dorm တံခါးဖွင့်သံကြားလို့ Jisoo ပြန်လာမှန်း Jennie သိနေတယ်လေ

Jennie ရီဝေဝေ ဒယိမ်းဒယိုင်နဲ့ ဧည့်ခန်းထဲကို သွားလိုက်သည်

ဖိနပ်ချွတ်ပြီး ဖိနပ်စင်ပေါ် သေချာတင်နေတဲ့ Jisooကို Jennie ခါးထောက်ကာ ရပ်ကြည့်နေသည်

"Jen မအိပ်သေးဘူးလား နောက်ကျနေပြီကို "

"နောက်ကျနေမှန်းတော့ သိတယ်ပေါ့ Kim Jisoo "

Jennieဆီက ဝိုင်အနံ့တွေ ရနေလို့ သောက်ထားမှန်း Jisoo သိလိုက်သည်

"Jen သောက်ထားတာလား ...မအိပ်သေးဘူးလား နောက်ကျနေပြီကို "

"နောက်ကျနေမှန်း သိရင် ဘာလို့ အိမ်ပြန်နောက်ကျတာလည်း Kim Jisoo "

"အာ Chuuက Studio မှာလေ Drama ရိုက်တုံးက လွှတ်သွားတဲ့ အပိုင်းတွေ ပြန်လေ့ကျင့်နေတာ "

Blackpink One ShotWhere stories live. Discover now