You Belong With Me Part 1 (Chaennie)

466 57 0
                                    

Jennie Kimတစ်ယောက် ကုတင်ပေါ်တွင် စာအုပ်တွေ ဝန်းရံလျက်ရှိပြီး အိမ်စာလုပ်နေသ​ည်

Spotify ဖွင့်ပြီးနောက် ဓာတုဗေဒဆရာပေးထားတဲ့ အိမ်စာတွေကို Jennie လက်စသတ်နေသည်

Jennieရဲ့ အခန်းလေးက တော်တော်ကျယ်ပြီး အခန််းထဲမှာလည်း အဝေးကြည့်မှန်ပြောင်း တယ်လီစကုပ် အစရှိတဲ့ ပစ္စည်းတွေအပြင် ရူပဗေဒနဲ့ သက်ဆိုင်တဲ့ ပစ္စည်းလေးတွေလည်း အစီအရီရှိနေလေရဲ့

ပြတင်းပေါက် လိုက်ကာက ဖွင့်ထားတော့ သူတို့အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်ရဲ့ အခန်းလေးကို အရှင်းသား မြင်နေရသည်

Jennie စာလုပ်ရင်း မျက်နှာချင်းဆိုင်အိမ်လေးမှ အခန်းထဲရှိ လိုက်ကာက ပွင့်လာတာကို သတိထားမိသည်

Jennie စာလုပ်နေရာက ရပ်ပြီး ကြည့်လိုက်တော့ ဆံပင်ရွှေရောင်နဲ့ Chaeyoungဆိုတဲ့ ကောင်မလေးက ပြတင်းပေါက်နားတွင် ရပ်ပြီး ဖုန်းပြောနေတာကို တွေ့လိုက်ရသည်

ပြီးတော့ Chaeyoungရဲ့ ပါးစပ်လှုပ်ရှားမှုကို ကြည့်ပြီး Chaeyoung တစ်ယောက် သူ့ရဲ့ချစ်သူ Suzyနဲ့ထပ်ပြီး ရန်ဖြစ်နေမှန်း Jennie သိလိုက်ပြီ

ဒါပေမယ့် တစ်ဖက်လူကို spyလုပ်နေတယ်ဖြစ်မှာဆိုးလို့ Jennieလည်း ဆက်မကြည့်တော့ဘဲ ကုတင်ပေါ်က ဆင်းကာ လိုက်ကာကို ပိတ်ပစ်လိုက်သည်

နောက်တစ်နေ့မှာတော့ အမေဖြစ်သူက အလုပ်ကိစ္စကြောင့် အပြင်ထွက်သွားလို့ Jennie တစ်ယောက် လွတ်လပ်ရေးရနေတယ်လေ

Sound boxကို အကျယ်ကြီးဖွင့်ပြီး သီချင်းဆိုရင်း ကခုန်ကာ Mini concertလေးလုပ်နေသည်

Jennieမှာ စိတ်လွတ်လက်လွတ် သီချင်းဆိုကာ ကခုန်နေရင်း ပြတင်းပေါက်ဘက်လှည့်ကာ သီချင်းဆိုလိုက်တော့ သူ့ကိုပြုံးပြီး ကြည့်နေတဲ့ Chaeyoungကို တွေ့လိုက်ရတယ်

သေပြီ လိုက်ကာမပိတ်မိဘူး ရှက်လိုက်တာ

Jennie ပေါက်ကရ ကခုန်နေတာကို Chaeyoung တွေ့သွားလို့ ရှက်သွားတယ်

ရှက်လို့ ကုတင်ပေါ်ထိုင်ချပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်

Chaeyoungမှာ ပြတင်းပေါက်ဘေးနားတွင်ထိုင်ပြီး Jennie သူ့ကိုကြည့်လာမယ့် အချိန်ထိ Notebookတွင် တစ်ခုခုရေးရင်း စောင့်နေသည်

Blackpink One ShotWhere stories live. Discover now