Jealous (Chaelisa) Zaw Gyi + Unicode

7.5K 302 6
                                    


#zawgyi

"​ကျောင်းသူအသစ်​ ​ပြောင်းလာတဲ့အ​ကြောင်း ကြားပြီးပြီလား....."
ကျောင်းထဲမှာ လမ်း​လျှောက်​ရင်း သူ့အဖွဲ့ကို Jisoo ​မေးလိုက်​သည်

"Yep....သူက အ​မေရိကကတဲ့ ငါတို့အတန်းကို လာမယ်​လို့ ကြားတယ်​....."

တစ်​​ကျောင်းလုံးရဲ့​ခေါင်း​ဆောင်​ဖြစ်​တဲ့ Chaeyoungက ပြန်​​ဖြေလိုက်​သည်​.....သူမဟာ အသစ်​​​ပြောင်းလာတဲ့ ​ကျောင်းသူ​တွေကို ဂရုစိုက်​​ပေး​နေကြဖြစ်​သည်

Lisa သက်​ပြင်းချလိုက်​ပြီး chaeyoungနဲ့တွဲထားတဲ့ သူ့လက်​ကို ကြည့်​လိုက်​သည်

"ဆိုလိုချင်​တဲ့ သ​ဘောက ​နောက်​​နေ့ကစပြီး ​နေ့လည်​စာကို ငါတို့ အတူစားလို့ မရ​တော့ဘူး​ပေါ့....."

ဒီအရာက ရိုးရာဓ​လေ့တစ်​ခုလို ဖြစ်​​နေ၏....​ကျောင်းသူအသစ်​ ​ပြောင်းလာတိုင်း Chaeyoungဟာ ​ကျောင်း​နေရာအနှံ့လိုက်​ပြ​ပေးရတယ်​.....

ဒါဟာ လုပ်​ထုံးလုပ်​ရိုးဆိုတာ Lisa သိ​ပေမယ့်​ သူ့ချစ်​သူကို သ၀န်​တိုပြီး စိတ်​မချနိုင်​ဘူး ဖြစ်​​နေတယ်​ ..... အချိန်​တိုင်း သူ့ချစ်​သူက တစ်​ခြားသူနဲ့အတူ ရှိ​နေ​တော့ သူ့ချစ်​သူကို တစ်​ခြားသူက စိတ်​၀င်​စားမှာကို စိတ်​ပူ​နေတယ်

"Come on Lisa.....English စကား ​ပြောတတ်​တဲ့သူနဲ့ ငါ မ​တွေ့ရတာကြာပြီ......အဲ့တာ ​ပျော်​ဖို့​ကောင်းမယ်​လို့ ငါထင်​တယ်​ ......ပြီး​တော့ ငါက နင့်​တစ်​​ယောက်​တည်းအတွက်​ဆိုတာ နင်​သိပါတယ်​ Lisaရယ်​....."

Lisaရဲ့ နဖူးကို Chaeyoung နမ်းလိုက်​​တော့ Lisa ရှက်​သွားတယ်

"Chaeyoung....နင့်​ရဲ့ ​ခေါင်း​ဆောင်​အလုပ်​ကို ​သေချာလုပ်​​နော်​.....တစ်​ခြား ဘာမှမဖြစ်​စေနဲ့အုံး.....ငါနဲ့ Jisoo ဘယ်​သူမှ သ၀န်တိုေ​နတဲ့ Lisa ကို မကယ်​နိုင်​ဘူး​နော်​...."
Jennie သတိ​ပေးသလိုနဲ့ စလိုက်​သည်

သူတို့ သုံး​ယောက်​လုံး chaeyoung တစ်​​ယောက်​ အင်္ဂလိပ်​စာနဲ့ သူ့အိမ်​ကို သတိရ​နေတယ်​ဆိုတာ သိလို့ Lisa ဘာမှထပ်​မ​ပြော​တော့ဘဲ ခွင့်​ပြု​ပေးလိုက်​သည်

Blackpink One ShotWhere stories live. Discover now