အမှတ်တရ ညနေခင်း Part 1 (Chaelisa)

555 63 7
                                    

#unicode

အလုပ်နားရက်ဖြစ်လို့ Lisa တစ်ယောက် သူမ မွေးစားထားတဲ့ Loveဆိုတဲ့ ခွေးလေးကို ကြိုးနဲ့ချည်ပြီး ပန်းခြံဘက်သို့ ခွေးကျောင်း လမ်းလျှောက်ထွက်လာသည်

စိမ်းစိမ်းစိုစို သစ်ပင်ကြီးတွေအောက် စုံတွဲတွေလက်ချင်းတွဲကာ ရယ်မောနေပုံ.... မိသားစုတွေ ဖျာလေးခင်းပြီး အနားယူနေကြပုံတွေကို Lisa ကြည့်ရင်း စိတ်ကြည်နူးမိသည်

"ဟိုဘက် သွားရအောင် Love. ..မကြာခင် နေဝင်တော့မှာဆိုတော့ အဲ့ဘက် ရေပြင်ကြီးဘက်က နေဝင်ဆည်းဆာအရမ်းလှတာတဲ့.....ကြားဖူးလို့ နေဝင်ချိန်ကို အတူသွားကြည့်ရအောင် "

Lisaကပြောတော့ Loveက ဝုတ်ဝုတ်လို့ဟောင်ကာ ကစုန်ပေါက်ခုန်ပေါက်ရင်း ထောက်ခံဟန်တူသည်

လည်ပင်းမှာဆွဲထားတဲ့ ကင်မရာကို ကိုင်ပြီး Lisa ညနေဆည်းဆာကို ဓာတ်ပုံရိုက်နေစဥ် သူမရှေ့ကို စကိတ်ဘုတ်နဲ့ ဖြတ်သွားတဲ့ ကောင်မလေး တစ်ယောက်ပုံကို ရိုက်မိသွားသည်

"ဟာ..."

Lisa ကောင်မလေးကို လိုက်ကြည့်ရင်း လက်ကလည်း ကင်မရာ ခလုတ်ကို ဆက်တိုက်နှိပ်နေမိသည်

Bennie အနက်ရောင်လေး ဝတ်ထားပေမယ့် ရွှေရောင်ဆံပင်လေးက ပေါ်လွင်နေသည်

အဖြူရောင်ဘောင်းဘီနဲ့အတူ အနွေးထည်အနက်ရောင်ဝတ်ထားပြီး ကောင်မလေးမှာ အနွေးထည်ကြား နစ်မြုပ်နေတဲ့ ရှဥ့်ပေါက်စလေးတစ်ကောင်လိုပင် အလွန်အမင်း ချစ်စရာကောင်းနေသည်

Lisa ပတ်ဝန်းကျင်ကိုပင် အာရုံမရ စကိတ်ဘုတ်နဲ့ ကောင်မလေးကိုဘဲ လိုက်ကြည့်နေမိတယ်

သစ်သားတံတားပေါ် စကိတ်ဘုတ်လေးနဲ့ တက်သွားပြီး စကိတ်ဘုတ်လေးကို ကိုင်ကာ လက်နှစ်ဖက်ဆန့်တန်းအသက်ရှုနေတဲ့ ကောင်မလေးကို ကြည့်ပြီး Lisa ပြုံးလိုက်မိသည်

"Love. ..မင်းတော့ သခင်မ အသစ်ရတော့မယ် ထင်တယ် "

"အာဝု..."

Loveကလည်း Lisaရဲ့ စကားကို ထောက်ခံဟန်တူသည်

သစ်သားတံတားပေါ်ထိုင်ရင်း ငေးနေတဲ့ ကောင်မလေးရဲ့ ပုံတွေကို Lisa မရေမတွက်နိုင်လောက်အောင် ခိုးရိုက်နေမိသည်

Blackpink One ShotWhere stories live. Discover now