Dusk Till Dawn (Jensoo)

893 93 3
                                    

#unicode

Drama ရိုက်ပြီး ငါးမိနစ်နားခွင့်ရသော အချိန်တွင် Jisoo တစ်ယောက် ထိုင်ခုံတွင် ထိုင်လိုက်ပြီး Blinkတွေအတွက် Instagram တွင် ပုံတွေ တင်ပေးဖို့ ဖုန်းကို ဖွင့်လိုက်သည်

သို့သော်လည်း တက်လာတဲ့ သတင်းတွေ ကြည့်ပြီး Jisoo တစ်ယောက် မျက်မှောင်ကြုတ်သွားသည်

Dispatch မှ G dragon နဲ့ Jennieဟာ ချိန်းတွေ့နေကြောင်း.....

"ထပ်ပြီး Jekdeukieကို ထိုးကျွေးပြန်ပြီလား.....ထပ်ပြီး အပြစ်မရှိတဲ့ ဒီကလေးလေးက လူမုန်းခံရအုံးမယ်...."

Jisoo မှာ တက်လာတဲ့ သတင်းတွေကို ကြည့်ရင်း စိတ်ပျက်စွာ ညည်းညူမိသည်

"အခုချိန်က ပုံတင်ရမယ့် အချိန် မဟုတ်ဘူး Jendeukဆီကို ဖုန်းဆက်ရမယ်...."

Jisooမှာ အင်တာနက်လိုင်းပိတ်ပြီး Jennie ဆီ ဖုန်းခေါ်လိုက်ပေမယ့် Jennieမှာ ဖုန်းမကိုင်ပေ

ဖုန်းဝင်ပြီး မကိုင်ဘဲနေမှန်း Jisoo သိပေမယ့် ကိုးကြိမ်မြောက် Jennieဆီ ဖုန်းထပ်ခေါ်ပြန်သည်

"Jendeukie အဆင်ပြေရဲ့လား ငါ့ကို စာပြန်ပါအုံး...."

Jisoo message ပို့ပြီး Jennieဆီက Reply စောင့်နေပေမယ့် ငါးမိနစ်သာ ကျော်သွားသည်

Reply message က ရောက်မလာသောကြောင့် Jisoo ထိုင်ရာက ထလိုက်သည်

"မဖြစ်တော့ဘူး Jendeukဆီ သွားမှ ဖြစ်မယ် Lisaကလည်း Youth with you အစီအစဥ် ရိုက်နေရတာ မအားဘူး Chaeyoungကလည်း Soloအတွက် YG ရောက်နေတာဆိုတော့ Jekdeuk တစ်ယောက်တည်း ဖြစ်နေမှာ "

Jisoo သူ့အိတ်ကို ယူပြီး ဒါရိုက်တာ ကို လိုက်ရှာသည်

"ဒါရိုက်တာကြီး chaw နေသိပ်မကောင်းချင်သလို ဖြစ်လို့ နေ့တစ်ပိုင်း နားလို့ရမလားဟင်...."

အလုပ်လုပ်ရာမှ နောက်ကျတာမျိုး ပေါ့လျော့တာမျိုးမရှိတဲ့ Professional ကျတဲ့ Jisooက ယခုလို တောင်းဆိုနေတော့ ဒါရိုက်တာကြီးလည်း ခွင့်ပြုပေးလိုက်သည်

"ရပါတယ် Jisoo shii ဒီနေ့တော့ တစ်ခြားသူတွေ အပိုင်းဘဲ ရိုက်လိုက်ပါမယ် Jisoo shiiက အိမ်မှာဘဲ အေးဆေးနားနေလိုက်ပါ "

"ကျေးဇူးအများကြီးတင်ပါတယ် ဒါရိုက်တာကြီး...."

Jisooမှာ ဒါရိုက်တာကို ကျေးဇူးတင်စကားပြောပြီး မန်နေဂျာကို ခေါ်ကာ ကားပေါ်သို့ တက်သွားသည်

Blackpink One ShotWhere stories live. Discover now