အမှတ်တရညနေခင်း Chaelisa final

411 53 14
                                    

#unicode

Kakao!?

"Rosie. ..နင့်ဖုန်းထဲ message ရောက်လာတယ် "

"ဘယ်သူလည်း ကြည့်ပေးပါလား Alice ဒီမှာ ခေါင်းလျှော်ရင်း တန်းလန်းကြီးမို့လို့ "

Rosie ရေချိုးခန်းထဲကနေ အော်ပြောလို့ Alice လည်း Hankyနဲ့ ဆော့နေရာကနေ Rosie ဖုန်းတင်ထားတဲ့ စားပွဲခုံဘက်သို့ သွားလိုက်သည်

"နင့်ကို အရမ်းလွမ်းနေတာတဲ့ "

Alice အသံကြောင့် Rosie ခေါင်းလျှော်ရာက မျက်မှောင်ကြုတ်သွားတယ်

"ဘယ်သူကလည်း Unnie "

"ဟိုတစ်ခါ ပန်းခြံမှာ တွေ့ခဲ့တဲ့ ကောင်မလေးက "

Alice စကားကြောင့် Rosie ရေချိုးရင်း ပူလာသလိုခံစားရသည်

"တွေ့ချင်လို့တဲ့....."

Aliceကတော့ ဖုန်းထဲက စာတွေကိုဖတ်ပြီး ပြုံးစိစိနဲ့ သူ့ညီမကို စနောက်နေသည်

"ဟဲ့ Rosie. .....အသက်ရှိသေးရဲ့လား ဟဲ့ "

"အာ ရှိပါတယ် Unnieကလည်း သွားတိုက်နေလို့ကို "

"သြော်အေ မသိပါဘူး အပျော်လွန်ပြီး ရေချိုးခန်းထဲ မေ့လဲသွားတာလားလို့ အခုဘဲ ရေချိုးခန်းတံခါးကို ဖျက်ဝင်တော့မလို့ "

"Unnieကလည်း အိုဗာတွေ.. "

Rosie ရေချိုးအဝတ်အစားလဲပြီး အခန်းထဲကထွက်လာသည်

ထို့နောက် စားပွဲခုံပေါ်က သူ့ဖုန်းကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်သည်

"ဟာ Unnieကလည်း Loveက Hankyကို သတိရနေတာလို့ သူပို့တာကို ခုနက ဘာတွေလျှောက်ပြောနေတာလည်း "

"အေးလေ သူက နင့်ကို လွမ်းနေတာကို သူ့ခွေး Loveကို ဗန်းပြနေတာ အသိသာကြီး "

"ဟာ Unnieကလည်း Loveက Hanky ကို သတိရတာလည်း ဖြစ်နိုင်တာဘဲကို "

"အမလေး..... "

Rosie မှာ သူ့အမကို ဘာမှဆက်မပြောတော့ဘဲ ဖုန်းကိုယူကာ သူမအခန်းထဲသို့ ဝင်သွားလေသည်

"Rosie အလုပ်များနေတာလားဟင် "

Phoneထဲ Message ဝင်လာလို့ ကြည့်လိုက်တော့ Lisaက သူမကို စာဆက်ပို့လာသည်

Blackpink One ShotWhere stories live. Discover now