I don't know what are we (Jensoo)

904 83 7
                                    

#unicode

"အင်း နင်သိလား ..Jen. .....အမက နင့်အကြောင်းကို နင် အမအကြောင်းတွေကို သိသလောက်အများကြီး မသိသေးပေမယ့် နင့်ကိုတော့ အမကတကယ်ချစ်တာ ယုံ "

Jisoo ပြောရင်း လက်ညိုးနဲ့လက်မကြားက စီးကရက်လေးကို နှုတ်ခမ်းနားသို့ ယူပြီး တစ်ဖွာဖွာလိုက်သည်

Jisoo မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို Jennie လိုက်ကြည့်နေရင်း ပြုံးလိုက်မိသည်

"ဖွာအုံးမလား "

Jisoo ပေးတဲ့ စီးကရက်လေးကို Jennie   ယူဖွာလိုက်သည်

ခေါင်မိုးထပ်မှာ ဆေးလိပ်သောက်ရင်း Jennie သူမတို့အခြေအနေကို တွေးနေမိသည်

ရည်းစားလည်းမဟုတ် သူငယ်ချင်းလည်းမဟုတ်တဲ့ အခြေအနေမှာဆိုပေမယ့်....Jisoo ကတော့ ယခုအခြေအနေလေးမှာဘဲ နှစ်ယောက်လုံး ပျော်ရွှင်နေတာဘဲ ဘာလိုသေးလည်းလို့ပြောသည်

"ညီမ တောင်းပန်ပါတယ် အမ "

Jennie က တောင်းပန်စကားပြောတော့ Jisoo  စီးကရက်တိုကို မီးငြှိမ်းပြီး ရယ်လိုက်သည်

"တကယ်ဆို ညီမတို့ ကောင်းမွန်တဲ့ သူငယ်ချင်းဆက်ဆံရေးအနေနဲ့ဘဲ အစပျိုးခဲ့ရမှာတော့ ခုတော့ "

"တောင်းပန်စရာမလိုပါဘူး ..... အမပြောခဲ့သလိုဘဲ အခုအခြေအနေကလည်း အမတို့အတွက် ပျော်စရာကောင်းပြီး အဆင်ပြေနေတာဘဲလေ "

Jisooက ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး ပြောနေပေမယ့် Jennie စိတ်ထဲမှာတော့ Jisooကို အရမ်းအားနာမိသည်

သူမကဘဲ အေးဆေးတည်ငြိမ်နေတဲ့ Jisoo ဘဝထဲ ဇွတ်ဝင်လာပြီး သူမကဘဲ Jisoo ကို ချစ်လှပါတယ် ပြောပြီး အသည်းခွဲခဲ့တာလေ

အသည်းခွဲခဲ့တာရယ်လို့လည်း မဟုတ်ပါဘူး..... Jennieနဲ့ တွဲခဲ့ရတုံးက Jisoo တကယ်ပျော်ခဲ့ပါတယ် ပျော်ခဲ့ရပါတယ် Jennieက Jisoo ကို ချစ်မပြတတ်ပေမယ့် Jennieရဲ့ အချစ်တွေကို Jisoo ခံစားမိတယ်လေ....

အမကို သဘောကျနေတာ ကြာပြီ....

အမ စိတ်ညစ်တဲ့အခါ မအိပ်နဲ့တော့ ညီမရှိတယ် ညီမကို အကုန်လာပြောပြ.....

Jisoo တစ်ယောက် Jennieက သူမကို လာဖွင့်ပြောတဲ့နေ့က စကားလေးတွေ ပြန်တွေးမိပြီး ရယ်လိုက်သည်

Blackpink One ShotWhere stories live. Discover now