On The Ground (Chaelisa)

673 80 1
                                    

#Unicode

Chaeyoung တစ်ယောက် အိပ်ရာက နိုးနိုးချင်းကတည်းက စိတ်လှုပ်ရှားနေမိသည်

ဒီနေ့ဟာ သူမရဲ့ On The Ground သီချင်းကို တစ်ကမ္ဘာလုံးက လူတွေ Fanတွေ နားထောင်လို့ရအောင် ဖြန့်ဝေမယ့်နေ့လေ...

Mv မထွက်ခင် Vliveလွှင့်ဖို့ YGကို သွားရန်အတွက် Chaeyoung ရေချိုးခန်းထဲသို့ ထွက်လာသည်

Chaeyoung ရေချိုးရင်း သက်ပြင်းချလိုက်မိသည်

ဘာလို့လည်းဆို Lisaကို ဒီနေ့ သူမ ဘေးနားမှာ ရှိစေချင်တာလေ...

သူမ အရမ်းစိတ်လှုပ်ရှားနေတဲ့အချိန်မျိုးဆို Lisaက အမြဲ ဘေးနားမှာရှိပြီး လက်ကိုကိုင်ပြီး အားပေးခဲ့တာ အခုတော့ Lisa တစ်ယောက် Schedule ရှိလို့ မနက်အစောကတည်းက မန်နေဂျာနဲ့အတူ ထွက်သွားခဲ့တယ်လေ

"Lisa I miss you. .."

Chaeyoung နှုတ်ခမ်းလေးစူပြီး ညည်းညူကာ အပြင်မှာ စောင့်နေတဲ့ မန်နေဂျာဆီ ထွက်လာခဲ့သည်

"Good Morning Chaeyoung. ..Fighting..... "

သူမကို အားပေးစကားပြောတဲ့ မန်နေဂျာကို Chaeyoung ကျေးဇူးတင်စကားပြောပြီး ကားထဲကို ဝင်လိုက်သည်

ကားပေါ်တွင် ထိုင်ပြီး ခါးပတ်ပတ်နေစဉ် ဖုန်းမြည်လာလို့ Chaeyoung ဖုန်းကို ကြည့်လိုက်တော့ အရမ်း ပျော်သွားတယ်

"Happy release day to youuu Chaeyoung"

Chaeyoung ဖုန်းကိုင်ကိုင်ချင်း တစ်ဖက်က သီချင်းဆိုပြတဲ့ Lisa အသံကိုကြားလိုက်ရတော့ ပိုပြီး ကျေနပ်ပျော်မိသွားတယ်

"ငါ့ကောင်မလေးရေ...ဒီအတောအတွင်း soloကြောင့် အရမ်းပင်ပန်းခဲ့ပြီနော် အကောင်းဆုံးလုပ်ခဲ့တာမို့ ဒီ soloကို Fanတွေ အားလုံးက ကြိုက်ကြမယ်လို့ နှစ်သက်ကြမယ်လို့ ငါ ယုံကြည်တယ်ရယ်....ဒါကြောင့် Fighting....."

"ဟွန့် ဘာလို့ အစောကြီးထွက်သွားရတာလည်း "

Chaeyoung နှုတ်ခမ်းလေးစူပြီး ရန်လုပ်တော့ တစ်ဖက်က Lisaမှာ သဘောကျစွာရယ်လိုက်သည်

"Aigoo ငါလည်း နင့်ဘေးနားမှာ ရှိချင်တာပေါ့ အချစ်လေးရ....schedule တွေက စီစဉ်ပြီးသားဖြစ်နေလို့ ဖျက်မရလို့ရယ်....စိတ်မကောင်းမဖြစ်နဲ့နော် ငါက နင့်ဘေးနားမရှိပေမယ့် ငါ့စိတ်ကတော့ နင့်ဘေးနားအမြဲရှိတယ် "

Blackpink One ShotWhere stories live. Discover now