Inlove witb deaf girl (Jensoo final)

765 94 1
                                    

#unicode

ကျောင်းပိတ်ရက်မို့ Jisooကို တွေ့ရမလားဆိုပြီး Seulgiရဲ့ bakeryဆိုင်သို့ Jennie ထပ်ရောက်လာပြန်သည်

သို့သော်လည်း Jisooကိုရော Seulgiကိုပါ မတွေ့ရဘဲ တစ်ခြား အမျိုးသမီးတစ်ယောက်ကိုသာ Jennie တွေ့ရသည်

"ညီမလေး ဘာလိုချင်လို့လည်း..."

ဟိုဟိုဒီဒီ ကြည့်ပြီး Jisooကို ရှာနေတဲ့ Jennie ကို
ကောင်တာမှာ ထိုင်နေတဲ့ အမျိုးသမီးက မေးလိုက်သည်

"ဟို...."

ထိုအမျိုးသမီးမှာ Jennieကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး

"ကြည့်ရတာ ညီမလေးက Jennieဆိုတဲ့ တစ်ယောက်လား "

ထိုအမျိုးသမီးက သူမရဲ့ နာမည်ကို သိနေသောကြောင့် Jennie အံ့သြသွားသည်

"ဟုတ် ဟုတ်ပါတယ် အမ...."

"Jisooကတော့ Seulgiနဲ့ အပြင်သွားတယ်....တို့ Jennieကို တွေ့ချင်နေတာနဲ့ အတော်ဘဲ ဘာစားမလည်း ကော်ဖီလား.... "

"ဟုတ် ကော်ဖီ တစ်ခွက် အမ..."

"ကောင်းပြီ ခဏ ဟိုမှာ ထိုင်စောင့်နော် အမ လာခဲ့မယ် "

Jennieလည်း ခေါင်းညိတ်ပြပြီး စားပွဲဘက်သို့ သွားလိုက်သည်

ခဏကြာတော့ ကော်ဖီတစ်ခွက်နဲ့ အမျိုးသမီးမှာ ရောက်လာသည်

"တို့နာမည်က Irene... Seulgi ရဲ့ မိန်းမ Jisooရဲ့ အမပေါ့ "

Jennieမှာ ကော်ဖီသောက်ရင်း Ireneရဲ့ စကားကြောင့် သီးသွားသည်

"အဟွတ်..."

"အို.....သီးသွားတာလား ဂရုစိုက်သောက်မှပေါ့...'

"ဟီး ဟုတ်...ဒါဆို Seulgi နဲ့ အမက ယူထားတာပေါ့ "

"အင်း ဟုတ်တယ်.....Seulgiနဲ့ Jisooဆီက Jennieရဲ့ အကြောင်း တို့အကုန် ကြားထားတယ်...."

"ဟုတ်..."

"Jisooရဲ့ သူငယ်ချင်း ဖြစ်တဲ့အပြင် basketball ဆော့နည်းကိုပါ သင်ပေးတယ်ဆို '

"ဟုတ်တယ် အမ "

Jennie ကော်ဖီသောက်ပြီး ခေါင်းညိတ်ပြတော့ Irene မှာ ပြုံးလိုက်သည်

"ပင်ပန်းနေမှာပေါ့... ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်..."

"ဘာလို့လည်း အမ "

Blackpink One ShotWhere stories live. Discover now