Your Lies in Ocean (Jensoo)

763 80 5
                                    

#Unicode

လိမ္မော်ရောင်ကနေ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားတဲ့ ကောင်းကင်ကြီးကို Jennie ငေးကြည့်နေမိသည်

ပင်လယ်လှိုင်းတွေက သူမရဲ့ခြေချောင်းလေးတွေကို လာထိတွေ့သလို လေပြေလေညှင်းကလည်း ပင်လယ်ရနံ့လေးကို သယ်ဆောင်လာသည်

ပင်လယ်ပြင်ကြီးကို Jennie ငေးကြည့်ရင်း အနားက ခရုခွံလေးကို Jennie ကောက်ယူကာ သူမရဲ့ နားနားလေးသို့ ကပ်လိုက်သည်

Jisoo ပြောတာမှန်သည် ခရုခွံလေးကနေ တစ်ဆင့် ပင်လယ်လှိုင်းသံတွေနဲ့ စင်ယော်ငှက်လေးတွေရဲ့ အသံ ရေလှိုင်းစီးသူတွေရဲ့ ရယ်သံ ငါးဖမ်းသမားတွေရဲ့ စကားပြောသံတွေကို ကြားရလေသည်

ထိုအသံတွေကို နားထောင်ရင်း Jennie သူမရဲ့ အရင်က ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေကို ပြန်ပြီး လွမ်းဆွတ်တမ်းတနေသည်

အကယ်၍ ဒီခရုခွံလေးကသာ Jennieကို အချိန်တွေ ပြန်လှည့်ခွင့်ရခဲ့ရင်....ဒါမှမဟုတ် အဝေးကိုရောက်နေတဲ့ တစ်စုံတစ်ယောက်ကို စာလေးပို့နိုင်ခဲ့ရင်.....ကောင်းမယ်လို့ Jennie တွေးတောနေမိသည်

လွန်ခဲ့တဲ့ လေးရက်က နေမဝင်ခင်အချိန်လေးမှာ Jisoo တစ်ယောက် သူမရဲ့ ကျောက်စရစ်ခဲလုံးလေးတွေနဲ့ Jennieရဲ့ ပြတင်းပေါက်ကို ကွဲလုနီးပါးဖြစ်အောင် လှမ်းထုခဲ့သည်

"ဟိတ်..... ရွှတ်.....ရွှတ်....Jendeukie "

Jisoo အပြင်ကနေ Jennie ကို လှမ်းခေါ်နေစဥ် Jennie မှာတော့ Jisoo ထပ်ပြီး သူမ ပြတင်းပေါက်ကို ခဲနဲ့မထုခင် ဂျင်းဘောင်းဘီကို အမြန်ဝတ်လေသည်

"Jisoo တံခါးခေါက်လေ ဘာလို့ ပြတင်းပေါက်ကို ခဲနဲ့ထုနေတာလည်း ကြာရင် ငါ့ပြတင်းပေါက်က ပျက်တော့မယ် "

Jennie ဘောင်းဘီဝတ်ပြီးနောက်  ပြတင်းပေါက်ကို ဖွင့်ပြီး Jisooကို ရန်လုပ်လိုက်သည်

"အဲ့တာ ငါ့စတိုင်မဟုတ်ဘူး ရိုမန်တစ်မဆန်ဘူး Jendeukရ....မြန်မြန်အောက်ကို ဆင်းခဲ့ နင့်အတွက် suprise တစ်ခုရှိတယ် "

"Okk "

Jennie လည်း အိမ်ထဲကထွက်လာရော Jisooမှာ Jennie ရဲ့ လက်ကို အမြန်ဆွဲပြီး လူသူသိပ်မသိတဲ့ သဘော်ကျင်းဘက်ကို ခေါ်သွားလေသည်

Blackpink One ShotWhere stories live. Discover now