Extra

3.2K 284 43
                                    

[Zawgyi]
The Throne(ရာဇာပုလ္လင်)
Extra(include adult sence)

ဝမ်အွန်း နဲ့ ဝမ်ယောလ် တောင်တန်းတွေကြားထဲ နေဝင်သွားတာကို ကြည့်ရင်း စိတ်အေးချမ်းနေသည်။ သူတို့နှစ်ယောက်ရဲ့ မာန ၊ အတ္တ နဲ့ အာဏာလုရေးကိစ္စတွေသည် ဒီနေမင်းကြီးနှင့်အတူပျောက်ဆုံးသွားပြီး မနက်ဖြန် ပြန်လည်ထွက်ပေါ်လာသော နေမင်းသည် နွေးထွေးမှုအသစ်နှင့် လျှို့ဝှက်ထားခဲ့သော အချစ်တွေနှင့် ပြန်လည်ပေါက်ဖွားလာမည်ဖြစ်သည်။

အချိန်အတော်ကြာ သစ်ပင်အောက်တွင်ရပ်ပြီးနောက် ဝမ်အွန်း တစ်ခုခုကိုသတိရသွားပြီး ဝမ်ယောလ် လက်ကို ဆွဲကာ အိမ်ထဲ ခေါ်သွားသည်။

'ဘာဖြစ်လို့လဲ အွန်းလေး'

ဝမ်အွန်း က ဘာမှမပြော။ သူကိုင်လာသော ဓားကို ဧည့်ခန်းက စားပွဲပေါ်တင်ပြီး ဝမ်ယောလ် ကိုတော့ အခန်းထဲခေါ်သွင်းသွားသည်။ ဝမ်ယောလ် ကတော့ ကြောင်တောင်တောင်ဖြစ်သာ ဝမ်အွန်း နောက်ပါသွားသည်။

ထိုအဖြစ်အပျက်ကို ဂျွန်မြောင် မြင်လိုက်ပြီး

'ဘာဖြစ်တာလဲ အသည်းအသန်'

ခဏလောက်စဉ်းစားလိုက်ပြီးမှ ဂျွန်မြောင် လရောင်ပေးရမည့်ဆေးတွေကို သတိရသွားပြီး အမြန်ဂိုဒေါင်ထဲက သွားယူထုတ်လိုက်ပြီး အိမ်ရှေ့က ကွပ်ပျစ်ပေါ်တွင် ဖြန့်ခင်းထားလိုက်သည်။ အထဲကနှစ်ယောက်ကိုတော့ သူတစ်ကယ်မေ့သွားသည်။

အခန်းထဲတွင် ဝမ်အွန်း ဝမ်ယောလ် အဝတ်တွေကို ဆွဲချွတ်နေသည်။ ဝမ်အွန်း ၏ ဘာမပြောညာမပြောအပြုအမူကထူးဆန်းနေသောကြောင့် ဝမ်ယောလ် မှာ မျက်လုံးအပြူးသားနှင့် သူ့ကိုယ်ပေါ်ရောက်နေသော ဝမ်အွန်း လက်တွေကို ဖမ်းချုပ်နေသည်။

'ဘာ..ဘာလုပ်မလို့လဲ အွန်းလေး။ အခုမှပြန်တွေ့ရုံပဲရှိသေးတာလေ။ စိတ်မထိန်းနိုင်တော့ဘူးလား'

'ကျစ်'

ဝမ်အွန်း စုတ်တစ်ချက်သတ်လိုက်ပြီး

'ဘာတွေတွေးနေတာလဲ။ ငြိမ်ငြိမ်သာနေစမ်းပါ'

'အွန်းလေး နော် အနိုင်မကျင့်နဲ့'

ဝမ်အွန်း ဝမ်ယောလ် ဝတ်ထားသော အဝတ်တွေအားလုံး၏ကြိုးတွေကို ဖြည်ချပြီးသည့်တိုင် ဝမ်ယောလ် မှာ လှည့်ပတ်ပြီး ရှောင်နေတာကြောင့်

The ThroneWhere stories live. Discover now