33

1.3K 208 26
                                    

[Zawgyi]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၃၃

ဝမ်အွန်း အထိန်းတော်ယန်း နှင့် တခြားသူတွေရဲ့အလောင်းကိုပစ်ထားသောနေရာကို ရောက်သွားခဲ့သည်။ ပုန်ကန်သူတွေမို့လို့ မြေမြုပ်သဂြိုလ်ခွင့်တောင်မရကြဘဲ တောထဲတွင် ပစ်ထားခံရသည်။

ဆောင်းလယ်ရောက်နေပြီဖြစ်လို့ နှင်းတွေအရမ်းကျနေချိန်ဖြစ်သည်။ နေ့ခင်းဘက်တောင်နေရောင်မမြင်နိုင်အောင် မြူနှင်းတွေအုပ်စိုင်းနေသည်။ ထိုအချိန်တွင် မအေးနိုင်ဘဲရှိနေသည်က ဝမ်အွန်း ဖြစ်သည်။

ဝမ်အွန်း ပေါက်တူးတစ်လက်ဖြင့် အထိန်းတော်ယန်း နှင့်တခြားသူတွေကို မြေမြှုပ်ရန် နှင်းခဲတွေထဲကမြေကြီးကို တူးဆွနေသည်။ အားလုံးကို တစ်ကျင်ထဲလည်းထည့်မမြှုပ်နိုင်ပေ။ ဘယ်လောက်တောင် သူ့ကို သစ္စာရှိခဲ့သည့်သူတွေလဲ။

'အားလုံးပဲ ကောင်းရာမွန်ရာကို အေးအေးဆေးဆေးသွားကြပါ။ ငါ ဝမ်အွန်း ကျိန်းသေပေါက် သူတို့သွေးတွေနဲ့ လက်စားချေပေးမယ်။ အဲ့လိုမဖြစ်ရင်တောင် ဝမ်ယောလ် ကို အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်အောင် ငါလုပ်မယ်'

ဝမ်အွန်း ပေါက်တူးအား အားဖြင့် မြေကြီးဆီခုတ်ချလိုက်သည်။ တစ်ယောက်တည်းလုပ်နေသည့်အပြင် မြှုပ်ရမည့်သူများတာကြောင့် ဝမ်အွန်း လက်လေးတွေပေါက်ပြဲနေလေပြီ။ နိုးလာကတည်းက ဒီနေရာကိုရောက်နေကာ အစာမစားရေမသောက်ဖြင့် အားလုံး၏အုတ်ဂူကို ပြုလုပ်ပေးနေသည်။

ဂျောင်ဆူး ဘေးနားကနေ ဝမ်အွန်း ကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်မိသည်။ အစကတည်းက မပျိုးခဲ့သင့်သော အမုန်းတရားတွေကို အတ္တတွေကျွေးလိုက်တော့ ဆိုးရွားသော နာကျင်မှုတွေဖြစ်လာခဲ့လေပြီ။ ဝမ်အွန်း က သူ့ကိုမကူစေဘဲ ဘေးနားမှာသာ နေစေခဲ့သည်။ အမှန်တော့ နေခိုင်းသည်မဟုတ်ပေ။ မောင်းထုတ်ခံခဲ့ရသည့်တိုင် ပေကပ်နေနေသောကြောင့်သာ ဤနေရာတွင်ရှိနေခြင်းဖြစ်သည်။

ညနေပိုင်းရောက်တော့ ဝမ်အွန်း ပေါက်တူးပင်မကိုင်နိုင်တော့ပေ။ နူးညံ့သော ဝမ်အွန်း လက်လေးတွေက အရမ်းကိုနာကျင်နေခဲ့ပြီ။ ဝမ်အွန်း နောက်ဆုံးအုတ်ဂူအတွက် မြေကြီးတွေကို ပြန်ဖို့လိုက်သည်။ ပြီးနောက် အားလုံး၏ရှေ့တွင် ဒူးထောက်နေသည်။ 

The ThroneWhere stories live. Discover now