31

1.2K 230 52
                                    

[Zawgyi]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၃၁

မဲမှောင်နေသောမြေအောက်အကျဉ်းထောင်သည် ပြင်ပအလင်းရောင်မဝင်နိုင်သောကြောင့် ထင်းမီးဖိုတွေကိုသာ အားကိုးနေရသည်။ ထို့အပြင် အကျဉ်းထောင်ဆိုသည့်အတိုင်း အကျဉ်းသားတို့၏ သွေးညှီနံ့နှင့် နှိပ်စက်နေစဉ်ထွက်ပေါ်လာသော အော်ညီးသံတို့က ဆူညံလျက်ရှိသည်။

ဝမ်အွန်း မြေအောက်အကျဉ်းထောင်ထဲ တစ်ယောက်တည်းဝင်လာခဲ့သည်။

'ကြင်ယာတော်မင်းသား '

ဝမ်အွန်း ဝင်လာတာကိုမြင်တော့ အစောင့်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အမြန်အရိုအသေပေးကြသည်။

'မင်းသားက ဒီကို ဘာကိစ္စရှိလို့လာတာပါလဲ'

'ငါ့ဘာသာ ဘာကြောင့်ပဲလာလာ မင်းကိစ္စမပါဘူး'

'ဒါပေမဲ့ မင်းကြီးက မင်းသားကို အထဲကိုဝင်ခွင့်မပေးဖို့ပြောထားပါတယ်'

'သူတားတိုင်း ငါကမဝင်ရဘူးလား။ ဖယ်စမ်း!!!ငါ့ရှေ့က'

'မင်းသား ကျွန်တော်တို့ကိုအခက်တွေ့အောင်မလုပ်ပါနဲ့။ မင်းကြီးအမိန့်ကိုလွန်ဆန်လို့မရလို့ပါ'

အစောင့်တွေကဒူးထောက်ပြီး တောင်းပန်နေတာကြောင့် ဝမ်အွန်း ခဏတော့ တွေဝေသွားပြီး

'ဒါဆို မင်တို့အမိန့်ကိုမလွန်ဆန်အောင်လုပ်ပေးမယ်'

ဝမ်အွန်း ရှေ့ဆုံးကတစ်ယောက်လက်ကို ဆွဲပြီး ကျောနောက်ကိုလိမ်ထားလိုက်သည်။ ပြီးနောက် နောက်ထပ်တစ်ယောက်၏ ရင်ဘက်ကို ကန်လိုက်ပြီး ရှေ့တစ်ယောက်ကိုလည်း နံရံဆီတွန်းထုတ်လိုက်သည်။

'ဒါဆို မင်းတို့က ဝင်ခွင့်ပေးတာမဟုတ်ဘဲ ငါကအတင်းဝင်တာဖြစ်သွားပြီ။ ယောလ်လေး သိသွားရင်လည်း ငါရှင်းလိုက်မယ်'

တာဝန်လဲချိန်ဖြစ်သောကြောင့် လူအများကြီးမရှိတာကိုပဲ ကျေးဇူးတင်ရမည်။ အစောင့်နှစ်ယောက်မှာ ဝမ်အွန်း ကိုပြန်လည်းမတိုက်ရဲသလို တားလို့လည်းမရ။ ဝမ်ယောလ် သိလျှင်လည်း သူတို့ခေါင်းပြုတ်မည့်အရေးတွေးပြီးသာ ကျန်နေခဲ့တော့သည်။

The ThroneWhere stories live. Discover now