6

1.1K 160 6
                                    

Uni

The Throne(ရာဇာပုလ္လင်)
အပိုင်း-၆

လွန်ခဲ့သော 13 နှစ်ခန့်

ဝမ်အွန်း ၏ ခမည်းတော်မင်းကြီး လက်ထက်

အရင်မင်းကြီးဟောင်းတွင် မိဖုရားပေါင်းများစွာရှိသည်။

တိုင်းပြည်ရေးအရ ဆက်သထားသော မိဖုရားတွေအပြင် မင်းကြီးချစ်သော မိဖုရားနှစ်ယောက်လည်းရှိသည်။

သူတို့သည် သူငယ်ချင်းအရင်းဖြစ်သည့် ဝမ်အွန်း ရဲ့ မယ်တော် ဝမ်ဆော မိဖုရား နှင့် ဝမ်ယောလ် ရဲ့ မယ်တော် ဝမ်ယော မိဖုရား……

ဝမ်ယော မိဖုရားက ဘတ်ဂျယ်ဇာတိဖြစ်ပြီး ရှီလာကိုအလည်လာရင်း ဝမ်ဆော နှင့်ရင်းနှီးခဲ့ခြင်းဖြစ်သည်။

မင်းကြီးဟောင်းနှင့် ဝမ်ဆော က နန်းတက်ကတည်းကလက်ထပ်ဖြစ်ခဲ့ကြပြီး ဘတ်ဂျယ် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားရာမှ ဝမ်ယော နှင့်တွေ့ခဲ့ပြီး နန်းတော်သို့ ခေါ်လာခဲ့သည်။

မင်းကြီးဟောင်းသည် ပါရမီပြည့်လွန်းသည်။သမီးမိန်းကလေး လုံးဝမရှိခဲ့ဘဲ မွေးသမျှမိဖုရားတိုင်း၏ ကလေးတွေအားလုံးသည် သားယောက်ျားလေးသာဖြစ်ခဲ့သည်။

မင်းကြီးဟောင်းသည် သားအားလုံးထဲတွင် ဝမ်အွန်း နှင့် ဝမ်ယောလ် ကိုအချစ်ဆုံးဖြစ်သည်။

သို့သော် ဝမ်အွန်း က နန်းတက်မိဖုရားကြီးရဲ့ သားဖြစ်တာကြောင့် အိမ်ရှေ့စံနေရာကို ရခဲ့သည်။သူက ဝမ်အွန်း ကိုလည်း အချစ်ပိုသည်။နောက်ပိုင်း အလုပ်ကိစ္စတွေက ပိုများလာသောအခါ နန်းတက်မိဖုရားနှင့်သာ တိုင်ပင်စရာတွေက ပိုလာသည်။ထို့ကြောင့် ဝမ်ဆော နှင့် ဝမ်အွန်း ကိုသာ အလေးပေးဆက်ဆံလာခဲ့သည်။

ဒါကို သဝန်တိုနေသည့် ဝမ်ယော မိဖုရားလည်းရှိသည်။အစကသဝန်တိုရုံတင်ဆိုပေမဲ့ အိမ်ရှေ့စံအပ်နှင်းပွဲအပြီးတွင်တော့ ဝမ်အွန်း အပေါ် အငြိုးထားခဲ့သည်။

နောက်ပိုင်း ရှီလာ နှင့် ဘတ်ဂျယ် စီးပွားရေးပဋိပက္ခဖြစ်တော့ ပြည်သူတော်တော်များများက မိဖုရားယော အပေါ် မကျေမနပ်ဖြစ်ခဲ့သည်။ဘတ်ဂျယ် မင်းကြီးဟောင်းသည် ရှီလာပြည်သူတို့အပေါ် ခေါင်းပုံဖြတ်အမြတ်ကြီးစားခဲ့ကြသောကြောင့် လုံးဝမကျေနပ်ပေ။

The ThroneWhere stories live. Discover now