39

1.7K 242 21
                                    

[Zawgyi]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၃၉

ယူဆောင်း ဝမ်အွန်း နေမကောင်းတာကြားပြီး ချက်ချင်းရောက်လာခဲ့သည်။ ကိုယ်တွေပူနေကာ ဘာစားစားပြန်အန်ထုတ်နေသောကြောင့် ဆေးပင်သောက်လို့မရပေ။

'အွန်းလေး'

ယူဆောင်း အသံကြောင့် ဝမ်အွန်း လှဲပြီးမှေးနေရာကနေ မျက်လုံးဖွင့်ကြည့်လာသည်။

ပြတင်းပေါက်ဖွင့်ထားသောကြောင့် လေတိုက်ရာကနေ ခန်းစည်းစတွေပါ လွင့်ဝဲနေသည်။

'ဘယ်လိုဖြစ်တာလဲ အွန်းလေး ရာ။ ငါ နန်းတော်သွားတာ တစ်ပတ်ပဲရှိသေးတာကို'

'မသိဘူး။ သမားတော်ကြီးကတော့ ကိုယ်ဝန်ဆိပ်တက်တာလို့ပြောတာပဲ'

'လေးလဆိုတော့ ဟုတ်လောက်မှာပါ။ စားချင်တာကောမရှိဘူးလား။ ငါ သွားဝယ်ပေးမယ်လေ'

ဝမ်အွန်း ခေါင်းခါပြလိုက်သည်။

'ဟိုးအရင်တစ်ခါတုန်းက လုပ်စားတဲ့မုန့်ကော။ ငါ လုပ်နည်းမှတ်ထားတယ်။ လုပ်ပေးရမလား'

'ဘာမှမစားချင်ဘူး'

'မစားချင်လို့မရဘူးလေ အွန်းလေး ရဲ့ ။ အွန်းလေး မစားရင် ကလေးဗိုက်ဆာနေမှာပေါ့'

ယူဆောင်း ပြောတော့ ဝမ်အွန်း မျက်နှာလွှဲသွားသည်။ ဝမ်အွန်း ပုံစံကိုကြည့်ပြီး ယူဆောင်း သက်ပြင်းချမိသည်။ အရင်ရက်တွေက အပြင်းဖျားပြီး ဝမ်အွန်း သတိပါလစ်သွားတာကိုကြားရပြီး ယူဆောင်း ချက်ချင်းပြန်လာခဲ့ပေမဲ့ ဘတ်ဂျယ်မင်းကြီးက အလောတကြီးပြန်ခေါ်သောကြောင့် နန်းတော်ကိုပြန်လိုက်ရသည်။ ထို့ကြောင့် ကျန့်ကြာသွားခြင်းပင်။

သတင်းတွေအရ ဝမ်အွန်း သတိလစ်ပြီးနိုးလာကတည်းက ဘာမှစားမရတော့တာ နှစ်ရက်သုံးရက်ရှိနေပြီဖြစ်သည်။ ရေတောင် သောက်ပြီး မကြာခင်မှာပဲ ပြန်အန်ထွက်နေတာကြောင့် မရှိတဲ့အားလေးပါ ကုန်သွားရသည်။

ပြန်ရောက်တော့လည်း တစ်ဝက်တောင်မရှိတော့သော ဖြူဖျော့နေသည့်မျက်နှာလေးမြင်ပြီး ယူဆောင်း ရင်ထဲဆို့သွားသည်။ သူ့ခမျာ အမောတောင်မပြေပေ။ ရောက်ရောက်ချင်းလာခဲ့ပေမဲ့ ဝမ်အွန်း က သူ့ကိုအဖက်တောင်မလုပ်။

The ThroneDonde viven las historias. Descúbrelo ahora