8

1K 162 2
                                    

Uni

The Throne(ရာဇာပုလ္လင်)
အပိုင်း-၈

မင်းမယ်တော်ကြီးအဖြစ် တင်မြှောက်ပွဲအပြင် မင်းကြီး ဝမ်ယောလ် နှင့် မိဖုရား ဝမ်ဆောနို တို့ရဲ့ လက်ဆက်ပွဲကြောင့် နန်းတော်ခန်းမအတွင်းစည်ကားနေသည်။

အိမ်နီးချင်းနိုင်ငံတွေ နဲ့ လက်အောက်ခံနိုင်ငံတွေက သံတမန်တွေစေလွှတ်ပြီး ဂုဏ်ပြုစေသည်။

ဒါပေမဲ့ ဘတ်ဂျယ်တော့မပါဝင်ခဲ့ပေ။သိပ်မကြာခင်က ဖြစ်ထားသော တိုက်ပွဲကြောင့် ဘတ်ဂျယ်က သူတို့ရဲ့ဆုံးရှုံးသွားသော ပြည်တွေကိုပြန်ယူမည်ဖို့ စီစဉ်နေလောက်ပြီ။

ထုံးတမ်းအစဉ်အလာအရ မင်းမယ်တော်ကြီး က သူနဲ့ဒီနေရာထိုက်တန်စေရန် ကျမ်းကျိန်ရသည်။နတ်တွေရဲ့ စောင့်ရှောက်ခြင်းခံရစေရန် နတ်နန်းခေါင်းဆောင်က ဂါထာတွေရွတ်ဖတ်ပေးသည်။

ဒါတွေပြီးမှ ဝမ်ယောလ် ရဲ့ လက်ဆက်ပွဲကိုဆက်ကျင်းပသည်။

မိဖုရားဖြစ်သော်လည်း ကြင်ယာတော်က ခန့်အပ်ဖို့ရွေးခဲ့တာကြောင့် သူ့ရဲ့အဆင့်ကို ဝမ်အွန်း ကသာ မြှင့်တင်ပေးသည်။

ထို့ကြောင့် မိဖုရားသည် ဝမ်အွန်း ယုံကြည်မှုရစေရန် သစ္စာရေသောက်ရသည်။ပြီးနောက် ဝမ်အွန်း က မိဖုရားအဖြစ်ခန့်အပ်ခံရသူတိုင်း ပိုင်ဆိုင်သင့်သည့် ဆံထိုးအား ချီးမြှင့်ခဲ့သည်။

ထို့နောက် စားသောက်ပွဲနှင့် ဖျော်ဖြေပွဲအား ဆက်လက်ကျင်းပစေသည်။

ဝမ်အွန်း ကတော့ လာသမျှသံတမန်တိုင်းသည် သူနဲ့ရင်းနှီးနေသောလူတွေဖြစ်တာကြောင့် သူတစ်ယောက်တည်းသာ ဒိုင်ခံ ဧည့်ခံဖြစ်သည်။အခုမှ လတ်လတ်ဆတ်ဆတ် မိဖုရားရာထူးရထားသူကတော့ သူ့ရဲ့ နေရာလေးမှာသာ အေးအေးဆေးဆေး ထိုင်နေသည်။ဘာမှဝင်မပြောပေ။

ဝမ်ယော ကတော့ ဝမ်အွန်း ရဲ့ ဟန်လုပ်အမူအရာတွေကြည့်ပြီး စိတ်တိုနေသည်။သူ့ရဲ့ နေ့ထူးနေ့မြတ်မှန်းလည်းသတိမရတော့။သံတမန်တွေကို သူနဲ့ရင်းနှီးအောင်လုပ်ပြီး နိုင်ငံရေးချဲ့ထွင်နေမှန်း သိသာလွန်းသည်။သူမှန်းထားသည်က မိဖုရားအား တစ်ပါးတိုင်းပြည်တွေက အသိအမှတ်ပြုလက်ခံပြီး သူမရဲ့အလိမ္မာနဲ့ နိုင်ငံရေးနှင့် စီးပွားရေးနယ်ချဲ့ရန် တွေးထားသောလည်း ဝမ်အွန်း က နေရာဦးသွားသောအခါ…………

The ThroneWhere stories live. Discover now