12

841 131 2
                                    

[Zawgyi]
The Throne (ရာဇာပုလ္လင်)
အပိုင်း-၁၂

အစည်းအဝေးပြီးတော့ ဝမ်အွန်း နားဖိုအတွက် ဝမ်ယောလ် စီစဉ်‌ပေးထားသော နေရာကို သွားတော့‌ တခြားတဲတစ်ခုမဟုတ်ဘဲ ဝမ်ယောလ် နေသည့် ယာယီတဲဖြစ်နေတာကြောင့်

'နေရာမှားပို့တာလား'

လိုက်ပို့ပေးသည့်ရဲမက်လေးက

'မင်းကြီးကို ဒီနေရာကိုပို့ခိုင်းခဲ့တာပါ'

'‌ဟုတ်လား...သွားလို့ရပြီ'

'ဟုတ်ကဲ့ ကြင်ယာတော်မင်းသား'

လိုက်ပို့ပေးသည့် ရဲမက်လေး ထွက်သွားတော့ ဝမ်အွန်း ကျောနောက်ရှိ ခြုံလွှာအား ချွတ်လိုက်ပြီး  ဂျောင်ဆူးကိုပေးလိုက်သည်။

'မင်းကြီး တဲထဲမှာနေလို့ ဖြစ်ပါ့မလား မင်းသား'

ဂျောင်ဆူး ဝမ်အွန်း ကမ်းပေးသည့် ခြုံလွှာအား ယူရင်း စိုးရိမ်စွာမေးလိုက်မိသည်။

'ရတယ်။ကိစ္စမရှိဘူး'

ယာယီတဲဆို‌သော်လည်း ပစ္စည်းအစုံအလင် ရှိနေသည့်အပြင် မင်းကြီးနေသော နေရာဖြစ်တာကြောင့် သာမန်ထက် ခမ်းနားလွန်းနေသည်။ဝမ်အွန်း သံချပ်ကာနဲ့ ဓားတွေ အပိုထားသော နေရာကိုသွားကြည့်ပြီး

'ရှီလာရဲ့  သံချပ်ကာ ကအရည်အသွေးညံ့တယ်နော်'

'သံချပ်ကာမှမဟုတ်ဘူး တခြားသံထည်တွေလည်း အရည်အသွေးညံ့လို့ ပြည်ပမှာဆိုရင် ရှီလာရဲ့  သံထည်တွေက ဈေးကောင်းမရပါဘူး'

'အဲ့ဒါကြောင့်လည်း ယောလ်လေး က ဒိုင်းမို ခံတပ်ကို မရမက လိုချင်နေတာဖြစ်မယ်'

'မိဖုရားရဲ့  အကြံပေးမှုက မင်းကြီးရဲ့  လိုအပ်ချက်ကိုထောက်ပြလိုက်သလိုဖြစ်သွားတဲ့ပုံပါပဲ'

ဝမ်အွန်း သံချပ်ကာတွေကို ကြည့်နေရင်းမှ ဂျောင်ဆူးစကားကြောင့် သူရှိရာဘက်ကိုလှည့်လိုက်ပြီး

'မင်းပြောကြည့် ငါ ယောလ်လေး ကို ကူညီလိုက်ရမလား'

'မင်းသားအတွက်အကျိုးရှိမယ်ဆိုရင် လုပ်လေ'

ဂျောင်ဆူး စကားကြောင့် ဝမ်အွန်း ဂျောင်ဆူးကို အတန်ကြာစိုက်ကြည့်နေပြီးမှ

The ThroneOn viuen les histories. Descobreix ara