34

1.4K 213 30
                                    

[Zawgyi]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၃၄

ဝမ်အွန်း သူနေနေကျရေကန်လယ်က ဇရပ်လေးထဲထိုင်ပြီး ငါးစာကျွေးနေသည်။ သူ့အနားမှာတစ်ကယ်ရှိနေသော သက်ရှိဟူသည် ထိုငါးလေးတွေသာကျန်နေတော့သည်။ နန်းတော်ကြီးက နှိုင်းယှဉ်စရာမရှိလောက်အောင်ကြီးမားသော်လည်း ဝမ်အွန်း အတွက် စကားပြောဖေါ်၊ ရက်ဖွင့်ဖေါ် တစ်ယောက်တောင်မရှိခဲ့ပေ။ ဝမ်အွန်း အနားမှာရှိနေသည့်လူတိုင်း ဝမ်ယောလ် စောင့်ကြည့်ခိုင်းထားသော လူတွေသာ ဖြစ်သည်။

'ကြင်ယာတော်မင်းသားကို ဥယျာဉ်နန်းဆောင်ကိုခေါ်ခဲ့ဖို့ မင်းကြီး မှာလိုက်ပါတယ်'

'ဥယျာဉ်နန်းဆောင်?'

ဝမ်အွန်း ပြောပြီး တစ်ခုခုကို စဉ်းစားနေသည်။ ဥယျာဉ်နန်းဆောင်သည် တော်ဝင်မိသားစုအတွင်း ပျော်ရွှင်စရာကိစ္စရှိမှာသာ တော်ဝင်မျိုးနွယ်သီးသန့် စားသောက်ပွဲကျင်းပသောနေရာဖြစ်သည်။ ထို့ထက် အခု ဝမ်အွန်း က ပူဆွေးနေသလောက် ဝမ်ယောလ် တို့မှာ ဝမ်းသာစရာကိစ္စရှိနေတာလား။ ဒါမှမဟုတ် ဝမ်အွန်း သောကရောက်နေတာကိုပဲ သူတို့က ပျော်ရွှင်နေသည်လား မသိပေ။

'ဘယ်တော့လဲ'

ဝမ်အွန်း ပြောရင်း ကန်ထဲ ငါးစာလေးတွေပစ်ချလိုက်သည်။ ရွှေရောင်နှင့်အနီရောင် စပ်ထားသော ငါးလေးတွေသည် ဝမ်အွန်း ချပေးကျွေးသော အစာတွေကို အလုအယက်လာစားနေကြသည်။ လှုပ်ခတ်နေသော ကန်ရေပြင်တွင် ပေါ်
နေသော ဝမ်အွန်း ၏အရိပ်သည် ငြိမ်သက်နေခြင်းမရှိပေ။

'အခုလာခိုင်းတာပါ ကြင်ယာတော်မင်းသား'

'အခု?ငါ့ကို ဘာမှလည်းမပြောကြပါလား'

ဝမ်အွန်း ပြောလိုက်တော့ အထိန်းတော်တွေအားလုံး ခေါင်းငုံ့သွားကြသည်။ နန်းတော်ထဲက အထိန်းတော်တွေသည် ဝမ်ယောလ် ထက် စိတ်မြန်လက်မြန်ရှိသော ဝမ်အွန်း အားပိုကြောက်ကြသည်။

'နေတော့။ သွားမယ်'

ဝမ်အွန်း အပျိုတော်တစ်ယောက်ကို ငါးစာခွက်လေးပေးလိုက်ပြီး အရှေ့ကနေထွက်သွားသည်။ ဝမ်အွန်း ထွက်သွားမှ ကျန်နေခဲ့သူတွေ သက်ပြင်းချနိုင်တော့သည်။

The ThroneNơi câu chuyện tồn tại. Hãy khám phá bây giờ