မင်းကိုတွေ့ခွင့်ရတာ ကိုယ့်ရဲ့ကံကောင်းခြင်း(မင်းကိုတွေ့ခွင့်ရတာ ကိုယ့်ရဲ့ကံကောင်)

409 48 1
                                    

[Zawgyi]

"များများစားနော် သား။ မဟုတ်ရင် ရိပေါ်က စားစာရာတွေကိုအကုန်စားပစ်လိမ့်မယ်။"

Ms.Wangက ပြောလိုက်ရင်း သူ့ရဲ့သားကို
ကြည့်လိုက်သည်။
ရိပေါ်ရဲ့ပါးတွေက သူ့ပါးစပ်ထဲကအစားအသောက်တွေကြောင့် ဘောလုံးလေးလိုပဲဖောင်းကားနေသည်။

ရှောင်းကျန့် ထိန်းမထားနိုင်ဘဲ ရယ်လိုက်မိတယ်။ရိပေါ်က သူ့အမေရဲ့စကားကို ပြန်ပြောဖို့ရန် ကြိုးစားလိုက်ပေမယ့် အစားအသောက်တွေကို အရင်မြိုချနေရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်းကျန့် ထိန်းမထားနိုင်ဘဲ ရယ်လိုက်မိတယ်။
ရိပေါ်က သူ့အမေရဲ့စကားကို ပြန်ပြောဖို့ရန် ကြိုးစားလိုက်ပေမယ့် အစားအသောက်တွေကို အရင်မြိုချနေရသည်။

"ကျန့်လေး ဒီရောက်မှ ရိပေါ်က ထမင်းကောင်းကောင်း စားလာတာ။ ကျန့်လေးကို ကျေးဇူးတင်ရမယ်"

"မဟုတ်တာ...ကျွန်တော့်ကို ကျေးဇူးမတင်ပါနဲ့"

ရှောင်းကျန့် ရိပေါ်ရဲ့မျက်နှာက ခရမ်းချဉ်သီးလိုမျိုး နီရဲလာတာကို သတိထားမိလိုက်သည်။

"အန်တီက ရိပေါ်အတွက် ဂုဏ်ယူရမှာပါ။
ရိပေါ်က တကယ်တော်ပြီး အလုပ်လည်းကြိုးစားတယ်။ ရိပေါ်လိုသက်တူရွယ်တူကလေးတွေထဲမှာတောင် ရိပေါ်လိုသူမျိုးက ရှားတယ်"

"ကျွန်တော် စားပြီးပြီ"

ရိပေါ် ထမင်းစားပွဲက ထလိုက်ပြီး သူ့အခန်းထဲကို မြန်မြန်ဝင်သွားလေသည်။ ရှောင်းကျန့် ရိပေါ်ရဲ့
ရုတ်တရတ်လုပ်လိုက်တဲ့ အပြုအမူကြောင့် လန့်သွားလေသည်။ သူ ဘာအမှားလုပ်လိုက်မိလို့လည်းဆိုတာ နားမလည်နိုင်ဘူး။

"ကျန့်လေး... ရိပေါ်ရဲ့အပြုအမူတွေကြောင့် ဝမ်းမနည်းနဲ့နော်။ ရိပေါ်က နည်းနည်း...ထိခိုက်လွယ်တတ်လို့"

"ကျွန်တော် အဆင်ပြေပါတယ်။
ရိပေါ်နဲ့ ကျွန်တော် စကားသွားပြောလိုက်ဦးမယ်နော်"

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now