389 36 0
[Zawgyi]
(Mature content မို့အင်နိုးဆန့်လေးတွေဆိုရင် ဒီအပိုင်းကိုကျော်သွားပါ)
ရှောင်းကျန့် သူ့ရဲ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ သူ့ရဲ့ခါးကတင်းတင်းကျပ်ကျပ်
ဆုပ်ကိုင်ထားခြင်းခံနေရတယ်။ ရှောင်းကျန့် သူ့ရဲ့ဘေးမှာထိုင်ပြီး စာအုပ်ဖတ်နေတဲ့ရိပေါ်ကိုကြည့်လိုက်တယ်။
"good morning အချစ်"
"တကယ်တော့ ကျန့်ကောက good afternoon လို့ပြောရမှာ"
ရိပေါ်ရယ်လိုက်ပြီး ရှောင်းကျန့်ကို ငုံ့နမ်းလိုက်တယ်။
"တကယ်လား?...အစ်ကို ဒီလောက်တောင်
အိပ်ပစ်လိုက်မိတာလား?"
ရှောင်းကျန့် သမ်းဝေလိုက်ပြီး အိပ်ရာကထလိုက်တယ်။ ဒါပေမယ့် ရိပေါ်ရဲ့လက်က သူ့ကို
ထခွင့်မပြုဘူး။
"ရိပေါ်...အစ်ကို ရေချိုးခန်းထဲသွားချင်လို့။
အစ်ကို့ကို လွှတ်ပေးဦး"
"ဘာလဲ? Oh...ကျွန်တော် တောင်းပန်ပါတယ်"
ရိပေါ်က ရှောင်းကျန့်ကို လွှတ်မပေးသေးဘဲ ပြောလိုက်တယ်။
"ဒါကအကျင့်ဖြစ်နေလို့နေမှာ။ ကျန့်ကော
ထွက်သွားမှာကို ကျွန်တော် ကြောက်နေတုန်းပဲ"
"အစ်ကို ဘယ်တော့မှ ထွက်မသွားတော့ဘူး"
ရှောင်းကျန့် အချိုသာဆုံးပြုံးပြလိုက်ပြီး ရိပေါ်ရဲ့ပါးကို ဖျစ်ညှစ်လိုက်တယ်။
"အစ်ကို ရိပေါ်ကို ချစ်တယ်".
ရေချိုးပြီးတဲ့နောက်မှာတော့ သူတို့တွေ ဆိုဖာပေါ်မှာထိုင်ပြီး အတူတူTV ကြည့်ရင်း စားသောက်ကြတယ်။
"လူတိုင်းက အစ်ကို့ရဲ့ကျန်းမာရေးအကြောင်းပြောနေကြတယ်။ အဲ့ဒါက စိတ်ရှုပ်စရာကောင်းတယ်။ အစ်ကို မက်တပ်ရပ်နိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ ကောလဟာလကိုပဲ စဉ်းစားကြည့်"
ရှောင်းကျန့် ဗလုံးဗထွေးပြောလိုက်တယ်။
"အထူးသဖြင့် ကျန့်ကောနဲ့ကျွန်တော် ဒီမှာတူတူနေတာကို မကြာခင် သူတို့တွေရှာတွေ့သွားမှာ"
"အဲ့အကြောင်းပြောတာ ရပ်လိုက်ရအောင်။ ဒီအချိန်လေးမှာ အစ်ကိုတို့ကလွဲပြီး အခြားသူတွေအကြောင်းကိုမပြောဘဲ အတူတူကုန်ဆုံးမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လေ"
💦COME WITH ME💦[ Completed ](Myanmar Translation)Место, где живут истории. Откройте их для себя