မင်းကိုတောင့်တတယ်(မင်းကိုတောင့်တတယ်)

332 38 0
                                    

[Zawgyi]

"အစ်ကို့ရဲ့ ရိပေါ်...
ရိပေါ်မပါဘဲ ဖြတ်သန်းခဲ့ရတာခုနှစ်လတောင်ရှိသွားပြီ။ လူတွေကပြောကြတယ်။ အချိန်ကကုန်လွယ်တယ်တဲ့။ ဒါပေမယ့် အစ်ကို့အတွက်တော့
တစ်စက္ကန့်ကတစ်နာရီလိုပဲရှည်ကြာလွန်းတယ်။

အစ်ကို အဆင်ပြေအောင်နေနေတယ်။ရိပေါ်
အစ်ကို့ကိုပြောထားသလိုမျိုး ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူဖို့လည်း ကြိုးစားတယ်။ schedule တွေများတဲ့နေ့တွေဆိုရင်တော့ အနားယူဖို့ခက်တယ်။ အောင်မြင်နေတဲ့ကုန်ပစ္စည်းတွေရဲ့ spokesperson လည်းအစ်ကိုဖြစ်နေပြီ။ သူတို့တွေက အစ်ကို့ကိုတန်ဖိုးထားပြီး နားလည်ပေးတယ်။ ရိပေါ် သိလား...အစ်ကို ရိပေါ်တို့ဆီမှာ အေးအေးဆေးဆေးနဲ့ပျင်းပျင်းရိရိနေခဲ့တော့ ဒီမှာကျအရာအားလုံးကမလွယ်ကူတော့ဘူး။ နေ့တိုင်း ပွဲတွေ၊ အစည်းအဝေးတွေ၊ ရိုက်ကွင်းတွေသွားရတယ်။ ဓာတ်ပုံတွေလည်းရိုက်ရတယ်။ ရေထဲမှာရိုက်ရတော့ မျက်လုံးတွေပြန်နာလာတယ်။ ရိပေါ်တို့ရွာမှာတုန်းက မျက်လုံးနာတာပျောက်တော့မလို့ကို။ ရိပေါ်ရဲ့အန်တီက အစ်ကို့ကိုရုပ်ရှင်တစ်ခုရိုက်ဖို့ ကမ်းလှမ်းလာတယ်လို့ပြောတယ်။ အစ်ကိုမပျော်ဘူး...ဘာလို့လည်းဆိုရင် မိန်းကလေးတစ်ယောက်နဲ့နမ်းရမယ်တဲ့။ ဒေါသမထွက်နဲ့နော်
ဟုတ်ပြီလား။ ရိပေါ်ကနှုတ်ခမ်းစူပြီး စိတ်ထဲကနေအစ်ကို့ကိုဆူနေမယ်ဆိုတာ အစ်ကိုသိတယ်။
အစ်ကို ရိပေါ်ကိုလွမ်းတယ်...။

Music showတွေမှာ သီချင်းဆိုရတာကိုတော့  အစ်ကိုပျော်တယ်။ အဲ့မှာ အောင်မြင်တဲ့အစ်မ
တစ်ယောက်နဲ့သီချင်းဆိုခွင့်ရတယ်။ အဲ့အစ်မက သဘောကောင်းပြီး ချစ်ဖို့လည်းကောင်းတယ်။ အဲ့မှာရှိတဲ့လူတိုင်းက အစ်ကို့ကိုကလေးတစ်ယောက်လို သဘောထားပြီးအလေးပေးကြတယ်။
ရိပေါ် အစ်ကို့ကိုပြောတယ်လေ...အစ်ကိုက ကလေးကြီးဆို။
ရိပေါ်ပြောတာမှန်တယ်...အချစ်တွေနဲ့အလေးပေးမှုတွေကို အစ်ကိုလက်ခံရတော့ ဒီနေရာက
တကယ့်ကိုမိသားစုကြီးလို့အစ်ကိုခံစားရတယ်။
အစ်ကို သီချင်းဆိုတဲ့skillလည်းပိုပြီးကောင်းလာပြီ။ အရေးကြီးဆုံးကတော့ အစ်ကို့ရဲ့ခံစားချက်တွေကိုသီချင်းကနေဖော်ပြလို့ရတာကြောင့်မို့...။

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now