အဆုံးမရှိတဲ့ ခံစားချက်(အဆုံးမရှိတဲ့ ခံစားခကျြ)

415 60 1
                                    

ရှောင်းကျန့် မျက်လုံးကိုဖြည်းဖြည်းချင်း ဖွင့်လိုက်ချိန်မှာ ရိပေါ်ရဲ့မျက်နှာက သူနဲ့တစ်လက်မတောင်မဝေးတဲ့အနေအထားမှာရှိနေသည်ကို မြင်လိုက်ရ၍ မြန်မြန်နောက်သို့ ခေါင်းကိုဆုတ်လိုက်ရသည်။

ရှောင်းကျန့် မျက်လုံးကိုဖြည်းဖြည်းချင်း ဖွင့်လိုက်ချိန်မှာ ရိပေါ်ရဲ့မျက်နှာက သူနဲ့တစ်လက်မတောင်မဝေးတဲ့အနေအထားမှာရှိနေသည်ကို မြင်လိုက်ရ၍ မြန်မြန်နောက်သို့ ခေါင်းကိုဆုတ်လိုက်ရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဘာလုပ်နေတာလဲ ရိပေါ်?။ အစ်ကို့ကို လန့်သေအောင်လုပ်နေတာလား?"

"ခင်ဗျား အသက်ရှုနေသေးလားလို့ စစ်ဆေးနေတာ"

"အစ်ကိုက ဘာလို့အသက်မရှုရမှာလဲ?။ ပြီးတော့ လူတစ်ယောက်အိပ်နေချိန် စိုက်ကြည့်နေတာ ကောင်းတဲ့အကျင့်မဟုတ်ဘူးနော်"

"တကယ်လား...?"

ရိပေါ် လှောင်ပြုံးပြုံးလိုက်ရင်း...

"အဲ့ဒါဆို မနေ့ညက ခင်ဗျားဘာလို့ ဒီလိုလုပ်ခဲ့လဲ?"

ရှောင်းကျန့် မျက်နှာ အနီရောင်ပြောင်းသွားပြီး...

"မင်း အိပ်ပျော်နေတယ်ထင်တာ"

"ကျွန်တော် ဘာပြောနေလို့လဲ?"

ရိပေါ်က သူ့ရဲ့အိတ်ကိုကောက်ကိုင်လိုက်ကာ ရှောင်းကျန့်ကို ကြည့်ပြီးပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ခင်ဗျား ဒီနေ့ဘာလုပ်မယ်လို့ စီစဉ်ထားလဲ?"

"အစ်ကို ကမ်းခြေမှာ လမ်းလျှောက်ချင်တယ်။ အန်တီပြောတာတော့ ကမ်းခြေက အရမ်းလှတယ်တဲ့"

"ဟုတ်တယ်၊ ဒါပေမယ့် ကျွန်တော် မအား..."

"အစ်ကို့ကို လိုက်ပြပေးနိုင်မလား?"
ရှောင်းကျန့် ရိပေါ်စကားကို ဖြတ်ပြောလိုက်သည်။

"ကျွန်တော် ကျောင်းသွားရမှာ"

"ရိပေါ် အတန်းပြီးမှပါ"

ရှောင်းကျန့် ရိပေါ်ဆီ လျှောက်လာပြီး လက်ကို ထိလိုက်သည်။

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now