ကျွန်တော့်အတွက် အန္တရာယ်ကင်းကင်းနဲ့ရှိနေပေးပါ(ကျွန်တော့်အတွက် အန္တရာယ်ကင်းကင်းနဲ)

331 39 0
                                    

[Zawgyi]

ဖူးရောင်နေတဲ့မျက်လုံးထဲကနေ မျက်ရည်တွေလိမ့်ဆင်းကျနေတဲ့ကောင်လေးတစ်ယောက် ဆေးရုံထဲကိုအပြေးအလွှားဝင်လာခဲ့တယ်။
သူ ပြေးလွှားနေရာကရပ်လိုက်ပြီး ပထမဆုံးမြင်လိုက်ရတဲ့သူနာပြုဆရာမလေးကို စိုးရိမ်နေတဲ့အသံနဲ့မေးလိုက်တယ်။သူ့ရဲ့ဘဝက သူနာပြုဆရာမလေးရဲ့အဖြေပေါ်မှာ မူတည်နေသလိုမျိုး။

"ရှောင်းကျန့်...
ကျွန်တော် သူ့ကိုဘယ်မှာတွေ့လို့ရနိုင်မလဲ?"

"သူနဲ့ ဘယ်လိုပတ်သက်လည်းမသိဘူး?"

"ကျွန်တော်.... "
သူ ပြောနေရာကရပ်လိုက်ပြီး သင့်တော်တဲ့စကားလုံးကိုရှာဖွေလိုက်တယ်။

"ကျွန်တော်က သူ့အတွက်အရေးကြီးတဲ့သူတစ်ယောက်ပါ။ ကျွန်တော် သူနဲ့တွေ့ဖို့လိုတယ်။ ကျွန်တော်နဲ့တွေ့ပြီးရင် သူပြန်ကောင်းလာမှာသေချာပါတယ်။"

"တောင်းပန်ပါတယ်... သူနဲ့သိတဲ့သူကိုပဲပြောပြလို့ရနိုင်တာမို့ပါ"
သူနာပြုလေးက သူ့ကိုနှစ်သိမ့်သလိုအပြုံးလေး
ပြုံးပြပြီး ထွက်သွားခဲ့တယ်။

ရိပေါ် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တော့ သက်တော်စောင့်အချို့ကို အခန်းတစ်ခန်းရဲ့ရှေ့မှာတွေ့လိုက်ရတယ်။
သူ့ရဲ့မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ ပေါ်လာတယ်။

"သူက ဒီမှာပဲ။ ငါ့ရဲ့ကျန့်ကောက ဒီမှာပဲ"

သူ ထိုအခန်းရှေ့ကို မြန်မြန်သွားလိုက်တယ်။ ဒါပေမယ့် သက်တော်စောင့်နှစ်ယောက်ကြားထဲ သူပိတ်မိနေတယ်။ ရိပေါ် သူ့ရဲ့သွေးကြောထဲက
ခွန်အားတွေနဲ့ သက်တော်စောင့်တွေရဲ့လက်က
လွတ်ဖို့ အပြင်းအထန်ကြိုးစားပေမယ့်လည်း
အချည်းနှီးပဲ။ သူ အားကုန်ပြီးပင်ပန်းနေပြီ။ 
ကျန့်ကောရဲ့အခြေအနေကို သူသိပြီးနောက်ပိုင်း ဒီကိုရောက်ဖို့ ပထမဆုံးလေယာဉ်နဲ့မရရအောင်လာခဲ့ရပေမယ့် အခုတော့ ကျန့်ကောရဲ့အနားတောင်သူရောက်အောင်မသွားနိုင်ဘူး။

"F*ck ပဲ၊ ကျန့်ကောကိုတွေ့ရဖို့ ဘာလို့ခက်ခဲနေရတာလဲ?။ ငါ့အချစ်ကိုတွေ့ဖို့လာတာ ငါ့ကိုဘယ်ကောင်ကတားခိုင်းနေတာလဲ?။ သူ ငါ့ကိုလိုအပ်တယ်။ ဒါကို နားမလည်ဘူးလား။ ငါ့ကို အထဲဝင်ခွင့်ပြု..."
ရိပေါ် ပြင်းပြင်းထန်ထန်ငိုကြွေးနေရင်းနဲ့ အော်ပြောလိုက်တယ်။

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now