ခရီးအစ(ခရီးအစ)

849 75 0
                                    

"ကျွန်တော်က ဘာအမှားလုပ်မိလို့လဲ?
သူတို့က ကျွန်တော့်ကိုသေစေချင်နေတာလား?"

ရှောင်းကျန့် ရုတ်တရက်ဖြစ်လာတဲ့ကိစ္စတွေကြောင့် တုန်လှုပ်နေတဲ့လက်နဲ့ သူ့ရဲ့မျက်နှာကို
ဖုန်းအုပ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် ဒီကမ္ဘာကြီးကနေပျောက်ကွယ်သွားလိုက်ချင်တယ်။ ဒါဆိုရင် သူတို့တွေ ပျော်နိုင်လောက်တယ်"

"ဝမ်းနည်းစရာတွေက နောက်ကျရင်ပြီးသွားမှာမို့ အဲ့လိုမပြောပါနဲ့ Zhan...အရာရာတိုင်းက မကြာခင်မှာ ပြီးဆုံးသွားမှာပါ။
အဲ့ဒီအချိန်မရောက်ခင်အထိတော့ အစ်မရဲ့ညီမဆီမှာ ခဏလောက် အခြေအနေတွေပြောင်းသွားတဲ့အထိ သွားနေပါလား။ ဒါ အစ်မ မင်းကို အကောင်းဆုံးပေးနိုင်တဲ့ အကြံပဲ"

"အစ်မရဲ့ညီမ?"

ရှောင်းကျန့် အံ့သြနေတဲ့မျက်နှာနဲ့ သူရဲ့Manager အစ်မကိုကြည့်လိုက်ပြီး...

"အစ်မရဲ့ညီမအကြောင်း ဘယ်တုန်းကမှမပြောဖူးဘူးနော်"

"ဘာကြောင့်လဲဆိုတော့ ညီမလေးက ဒီနေရာနဲ့ဝေးတဲ့ ရွာလေးမှာနေတာမို့လေ။ တိတ်ဆိတ်ပြီး ပင်လယ်နားကရွာလေးဖြစ်လို့ အစ်မတို့ညီအစ်မနှစ်ယောက် သိပ်မတွေ့ဖြစ်ကြဘူး။
သေချာတာကတော့ အဲ့ဒီရွာလေးက Zhan ကိုစိတ်ပေါ့ပါးပြီး သက်သာစေမှာပါ"

ရှောင်းကျန့် ခေါင်းကို ငုံ့ပြီး စဉ်းစားနေလိုက်သည်။
အခုသူ့ကို မုန်းပြီးတိုက်ခိုက်နေတဲ့သူတွေကြောင့် ရုတ်တရက်ကိစ္စတွေပေါ်လာတော့ အခုအချိန်ကအရမ်းခက်ခဲနေတယ်။

တောင်းပန်တာရော၊ သူ့ရဲ့fanတွေကို မဆင်မခြင်မလုပ်ဖို့ရော သူအကုန်လုပ်ခဲ့သည်။ဒါပေမယ့် အကုန်လုံးက အလဟဿ     ဖြစ်သွားတာပဲ။ အချိန်တွေလည်းကုန်ပြီး လူလည်း အရမ်းပင်ပန်းနေပြီ။

"ကျွန်တော့်ကို လိပ်စာပေးပါ။ ကျွန်တော် သွားမယ်။ အဲ့ဒီမှာ ပျော်ရွှင်မှုနဲ့ အေးချမ်းမှုကိုရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

ဒီနေ့ထက် မနက်ဖြန်က ပိုကောင်းတဲ့တစ်နေ့ ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့ ရှောင်းကျန့်ကြိုးစား
ပြီး ပြုံးလိုက်သည်။

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now