ခွင့်ပြုချက်( ခွင့်ပြုချက်)

357 48 0
                                    

[Zawgyi]

ရှောင်းကျန့် အိပ်ရာက နိုးလာတဲ့အချိန်မှာ ရိပေါ်က သူ့ဘေးနားမှာရှိမနေခဲ့ဘူး။ ရှောင်းကျန့် မနေ့ညကအကြောင်းကို အမှတ်ရလိုက်တယ်။ ညက ရိပေါ်အိပ်မက်ဆိုးတွေမက်နေခဲ့တာ။
တစ်ယောက်ယောက်ဆီက ခွင့်လွှတ်မှုကို
တောင်းခံပြီး ရိပေါ်က ငိုကြွေးနေခဲ့တာ။
ရှောင်းကျန့် သူ့လက်မောင်းတွေကြားထဲ ရိပေါ်ကိုတင်းတင်းပွေ့ဖက်ထားတော့မှ
ကောင်းကောင်းအိပ်ပျော်သွားခဲ့တာဖြစ်သည်။

ရှောင်းကျန့် အိပ်ရာကထပြီး ရိပေါ်ကိုရှာဖို့
အခန်းအပြင်ကိုထွက်လာခဲ့သည်။

"ရိပေါ် အိမ်မှာမရှိဘူး သား...မနက်ကပဲ
လွယ်အိတ်ယူပြီး ထွက်သွားတယ်။ သူ
တစ်ယောက်တည်းနေချင်တယ်လို့ပြောသွားတယ်။"

"ဒါပေမယ့်... ဘာလို့လဲ?"

ရှောင်းကျန့် စိတ်ရှုပ်ထွေးသွားလေသည်။

"ကျွန်တော် ထပ်ပြီး အမှားလုပ်မိလို့လား?"

"သား အန်တီ့ကို ပြောပြမယ်ဆိုရင် အန်တီ
အဖြေပေးနိုင်လောက်တယ်။ မနေ့က ဘာဖြစ်ခဲ့တာလည်း?"

"ကျွန်တော် အန်တီ့ကို စိုးရိမ်အောင်မလုပ်ချင်လို့ မပြောပြခဲ့တာပါ...
မနေ့က ကျွန်တော် ပင်လယ်ထဲနစ်တော့မလို
ဖြစ်ခဲ့တာ ...ဒါပေမယ့် ရိပေါ်က ကျွန်တော့်ကို
ကယ်ခဲ့တယ်။"

"သူ ရေထဲဆင်းခဲ့တာလား?"

Ms.Wang အံ့သြမှုကြောင့် မျက်လုံးတွေ
ပြူးကျယ်လာခဲ့တယ်။
ပြီးတော့ အန်တီ ငိုတော့မယ်ဆိုတာ ရှောင်းကျန့် သတိထားမိလိုက်တယ်။

"ကျွန်တော် တကယ်တောင်းပန်ပါတယ်
အန်တီ။ ရိပေါ်ကို အန္တရာယ်ထဲရောက်စေတဲ့
အတွက်"

"မလိုပါဘူး...မလိုပါဘူး သားရယ်
သားမှ မသိတာ။ အန်တီ့ယောက်ျား သေတဲ့အချိန်တုန်းက ရိပေါ်လည်းအဲ့မှာရှိနေခဲ့တာ"

"သူ ဒီအကြောင်းကို ကျွန်တော့်ကို မပြောပြခဲ့ဘူး"

"အန်တီ သိပါတယ်။ အဲ့ဒီမတော်တဆမှုပြီးသွားကတည်းက ရိပေါ်ကပြောင်းလဲသွားခဲ့တာ။
အရင်က ရိပေါ်က သူငယ်ချင်းတွေအများကြီးနဲ့ ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းတဲ့ကောင်းလေးတစ်ယောက်ပေါ့။
ဒါပေမယ့်.....အဲ့ဒီနေ့တုန်းက ရိပေါ်က သူ့အဖေကိုကယ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့်
ထိတ်လန့်သွားတာကြောင့် မေ့လဲသွားခဲ့တယ်လေ။ အဲ့ဒီကတည်းက ရိပေါ်က သူ့ကိုယ်သူ
အပြစ်ဖို့ပြီး မုန်းတီးနေခဲ့တာ။ အဲ့တာအပြင် သူ့ရဲ့ သူငယ်ချင်းတွေက သူ့ကို သတ္တိနည်းတဲ့သူ၊ ငကြောက်လို့လည်း ခေါ်ခဲ့ကြတယ်"

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now