ကျန့်ကောကိုဆုံးရှုံးလိုက်ရမှာ ကြောက်တယ်(ကျန့်ကောကိုဆုံးရံှုးလိုက်ရမှာ ကြောက်တယ်)

365 49 0
                                    

[Zawgyi]

"အမေ...ကျန့်ကော ဘယ်မှာလဲ?"

ရိပေါ် အခန်းထဲကိုပြေးသွားလိုက်ပြီး ရှောင်းကျန့်ကို လိုက်ရှာလိုက်သည်။

"ကမ်းခြေမှာ တွေ့မယ်လို့ပြောထားကြတာ
မဟုတ်ဘူးလား?။ လွန်ခဲ့တဲ့တစ်နာရီလောက်
ကတိုင် ထွက်သွားတာပဲ"

"ဘာလို့...ဘာလို့ ကျွန်တော့်ကို မစောင့်တာလဲ?။
ကျွန်တော်လိုက်သွားလိုက်ဦးမယ်။ နောက်မှတွေ့မယ်"

ရိပေါ် စက်ဘီးကိုမြန်မြန်နင်းလာလိုက်သည်။
မိနစ်အနည်းငယ်အကြာ ကမ်းခြေကိုရောက်လာခဲ့သည်။

ကျန့်ကောကို သူလိုက်ရှာနေပေမယ့် ဘယ်နေရာမှာမှ ရှာမတွေ့ဘူး။

ရိပေါ် ပြေးလွှားရှာရင်းနဲ့ ရှောင်းကျန့်နာမည်ကို အော်ခေါ်လိုက်သည်။
ရိပေါ်ရဲ့အကြည့်က ရေထဲက အပြာရောင်လေးကိုမြင်လိုက်ရချိန်မှာ အရမ်းစိုးရိမ်သွားမိသည်။ ဒီမနက် သူမြင်ခဲ့တဲ့ ကျန့်ကောရဲ့အင်္ကျီအပြာလေးက သူ့အာရုံထဲ ဝင်ရောက်လာခဲ့သည်။
သူ့တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားမိသည်။

"မဖြစ်ရဘူး.... အဲ့လို မဖြစ်ရဘူး"

ရိပေါ် ပင်လယ်ဆီ ပြေးသွားလိုက်ပြီး ရေထဲကို ခုန်ချလိုက်သည်။ သူမြန်နိုင်သမျှမြန်အောင် သူ့အားတွေကို အသုံးချပြီး ကူးခပ်သွားနေပေမယ့် ကျန့်ကောဆီရောက်နိုင်ဖို့ဝေးလွန်းနေသေးတယ်။

နောက်ဆုံးတော့ သူ ကျန့်ကောရဲ့ပေါ့ပါးတဲ့
ကိုယ်လေးကို ဆွဲယူလိုက်နိုင်ပြီး ကမ်းခြေကို 
ပြန်ကူးခပ်လာခဲ့လိုက်သည်။
သဲပြင်ပေါ်ရောက်တာနဲ့ ရေတွေအန်ထွက်လာအောင် ကျန့်ကောရဲ့နှလုံးကို ရိပေါ် ဖိလိုက်သည်။

"မျက်လုံးဖွင့်ပါဦး ကျန့်ကော...ကျေးဇူးပြုပြီး....
ကျွန်တော့်ကို အဲ့လိုမထားခဲ့နဲ့လေ...
ကောက ကျွန်တော့်နှလုံးသားထဲမှာ နေရာယူပြီးသွားမှ ကျွန်တော့်ကို မထားခဲ့နဲ့လေ...
မထားခဲ့ပါနဲ့....."

ရုတ်တရက် သူ့ရဲ့ပေါင်ပေါ်မှာရှိနေတဲ့
ကျန့်ကောရဲ့လက်က လှုပ်ရှားသွားတာကို ရိပေါ်
မြင်လိုက်ရသည်။
ရေတွေပြန်အန်ထွက်လာပြီး ဖြည်းဖြည်းချင်း
ကျန့်ကောရဲ့မျက်လုံးတွေ ပွင့်လာခဲ့သည်။

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now