365 51 0
[Zawgyi]
ရှောင်းကျန့် Ms.Wang ကိုခေါင်းညိတ်ပြလိုက်ပြီး ခေါင်းမူးနောက်နေတဲ့အတွက် အခန်းထဲဖြည်းဖြည်းချင်းဝင်သွားလိုက်သည်။
ရိပေါ်က ရေခဲသေတ္တာထဲကနေ ရေဘူးကိုယူလိုက်ပြီး ဖန်ခွက်ထဲရေဖြည့်နေသည်။
"သား...တစ်ခုခုများ ဖြစ်ခဲ့တာလား?"
"တစ်စုံတစ်ယောက်က ကျန့်ကောကို ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ပေမယ့် ကျန့်ကောက ထိတ်လန့်နေတယ်။ ကောရဲ့စိတ်အခြေအနေက တည်ငြိမ်နေတယ်လို့ ကျွန်တော် မထင်ဘူး အမေ"
"မစိုးရိမ်ပါနဲ့...အမေ ပြီးရင် ကျန့်လေးနဲ့စကားပြောလိုက်ပါမယ်"
"အမေ"
ရိပေါ်က ခေါင်းကိုငုံ့လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် ကျန့်ကောနဲ့စကားပြောချင်တယ်။ အမေ ခွင့်ပြုပေးမလား?"
" အမေ ခွင့်ပြုပါတယ်။ သား သဘောပါပဲ"
Ms.Wang ကပြုံးလိုက်ရင်း ရိပေါ်ကို ပြောလိုက်သည်။
ရှောင်းကျန့်က ဆိုဖာပေါ်မှာ ထိုင်နေပြီး
မျက်လုံးတွေကဦးတည်ရာမရှိကြည့်နေသည်။
"ခံစားချက် ကောင်းလာပြီလား။ ဒီမှာ
ရေလေးသောက်လိုက်ဦး"
ရိပေါ် ရှောင်းကျန့်ဘေးမှာကပ်ထိုင်လိုက်ပြီး
ပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်"
"ဘာအတွက်လဲ?"
"အရာအားလုံးဖြစ်သွားနိုင်တာကို ကျန့်ကောကို
တစ်ယောက်တည်းထားခဲ့မိလို့။
တကယ်က ကျွန်တော် ကျန့်ကောအတွက် ပစ္စည်းလေးဝယ်နေတာ"
"တကယ်လား။ ဘာဝယ်လာတာလဲ?"
သိချင်စိတ်တွေကြောင့် ရှောင်းကျန့်ရဲ့မျက်နှာက စက္ကန့်ပိုင်းအတွင်း တောက်ပလာသည်။
"ကျန့်ကောက ကလေးလေးလိုပဲ"
ရိပေါ် ပြုံးလိုက်ပြီး သူ့ရဲ့အိတ်ကပ်ထဲကနေ
လက်ပတ်ကြိုးလေးကို ထုတ်လိုက်သည်။
"ဒါလေးကို 'သံယောဇဉ်ကြိုး' လို့ခေါ်တယ်။
ကျန့်ကောက တစ်ယောက်ယောက်ရဲ့လက်ကောက်ဝတ်မှာ ဒါလေးချည်ပေးလိုက်ရင် အဲ့ဒီသူ
အန္တရာယ်ကြုံတဲ့အခါ အကူအညီလိုတဲ့အခါ
ကျန့်ကော ခံစားမိလိမ့်မယ်"
💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now